ပင်လုံမြို့က လူငယ့်ညီလာခံဖွင့်ပွဲအခမ်းအနား တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်အားပေး



ပင်လုံမြို့ သမိုင်းဝင် ပင်လုံကျောက်တိုင် ကွင်း ၌ ယနေ့ ဂျူလိုင်၂၇ ရက် ပြည်ထောင်စု တိုင်းရင်းသား လူငယ်ညီလာခံဖွင့်ပွဲ တွင် ဒေသခံများနှင့် ပြည်ထောင်စု တိုင်းရင်းသားပေါင်း ၂၀ ကျော် မှစုစုပေါင်း အင်အား ၁၀၀၀ ကျော်ကြောင်း သိရသည် ။

လူငယ့်ညီလာခံသို့ကြွရောက်အားပေးသည့် ခွန်ဥက္ကာနှင့် စဝ်ခမ်းပိုင်ဖှအား တွေ့ရစဉ်
အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဒုတိယ ဥက္ကဌ (၂) စဝ်ခမ်းပိန်ဖ မှ ဂျုလိုင် ၂၅ ရက်နေ့ ရက်စွဲဖြင့် သျှမ်းပြည်နယ်အစိုးရမှ ထုတ်ပြန်ခဲ့သည့် တိုင်းရင်းသား ညီလာခံပွဲ ဆိုင်းငံ့ပေးရန်နှင့် ပတ်သက်ပြီး အထင်မလွဲရန် နှင့် ဘေးစကား မယုံရန်အတွက် ဟုပြောသည် ။


“ အစိုးရ အဆင့်ဆင့်ကို ပြောကြားလိုပါတယ်။တိုင်းရင်းသားလူငယ်တွေ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လုပ်ကိုင်နေကြတာကို အထင်မလွဲပါနဲ့ ။ ဘေးစကားတွေကို မယုံပါနဲ့ ။ သူတို့တစ်တွေရဲ့ လုပ်ရပ်ဟာ အနာဂတ်တိုင်းပြည်အတွက် ညီညွတ်ရေးဖြစ်ပါတယ်။အခုလူကြီးတွေ မစောင့်ကြည့်နိုင်သေးတဲ့ အမျိုးသားရင့်ကြားစေ့ရေး ၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို တိုင်းရင်းသားလူငယ်တွေ က ဆောင်ရွက်နေကြတာမို့ အားပေးဖို့တိုက်တွန်းရန် လိုကြောင်း နှင့် သံသယမဝင်ဖို့ လိုကြောင်း”ဟု စဝ်ခမ်းပိန်ဖ ကပြောသည် ။


အဆိုပါ အခမ်းအနားတွင်သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုေ ဆာင်အဖွဲ့၏ ဒုတိယ ဥက္ကဌ (၂) ဦးစိုင်းခမ်းပိန်ဖ၊ ငြိမ်းချမ်းရေးဖော်ေ ဆာင်ရေး လုပ်ငန်း စဉ်တွင် ပါဝင်သည့် ခွန်ဥက္ကာ ၊ ANP ဥက္ကဌ ဒေါက်တာအေးမောင် ၊ကချင်ငြိမ်းချမ်းရေးကွန် ယက် ဒေါ်ခွန်ဂျာ ၊ နိုင်ငံရေး သုတေသီ ဒေါက်တာဇင်မင်း နှင့် ပေါင်းကူး မှ ဒေါက် တာ ကျော်သူ တို့တက်ရောက်ခဲ့ကြောင်း သိရသည် ။


“ ဗမာအပါအဝင်ဖြစ်တဲ့ တိုင်းရင်းသားအားလုံးဟာ အမျိုးသား ပြန်လည် ရင့်ကြားစေ့ရေး ကို ဒီပင်လုံဒေသမှာ ပေးခဲ့တဲ့ ပင်လုံကတိကဝတ်တွေနဲ့အညီ တည်ဆောက်ဖို့ ကျန်ရှိနေသေးတဲ့ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင် စုကြီးကို တည်ဆောက်နိုင်အောင် ဝိုင်းဝန်းကြိုးပမ်းသွားကြစို့ တိုက်တွန်းလိုကြောင်း” -သျှမ်းတိုင်းရင်းသား များ ဒီမိုကရေစီအဖွဲ့ချုပ် စဝ်ခမ်းပိန်ဖ ကပြောသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates