သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် သျှမ်းစာပေဟောပြောပွဲကျင်းပ လူထုအထူးစိတ်ဝင်စား



သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် သျှမ်းစာပေနှင့်ပတ်သက်သည့်ေ ဟာပြောပွဲတရပ်ကျင်းပရာ တက်ရောက်နားထောင်သူ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင်ကျင်းပသော သျှမ်းစာပေဟောပြောပွဲ
ဂျူလိုင်လ ၂၆ ရက် ညဦးပိုင်း ရ နာရီမှ ည ၁၀ နာရီအထိ တာချိလိတ်မြို့နယ် ၀မ့်ဟောင် ဟောင်လိတ် အုပ်စု (၀ပ်ဖေခမ်းကျောင်းတိုက်)တွင် သျှမ်းစာေ ပဟောပြောပွဲကျင်းပရာ သျှမ်းစာပေပညာ ရှင်များ ဖြစ်ကြသော ဆရာစိုင်းဖှ၊ ခူး ဟင်း ကာယန်းနှင့် ခွန်ယုံးချို တို့ ဟောပြောပေးခဲ့ကြောင်း တက်ရောက် နားထောင်သူ ၅၀၀ ကျော်ရှိကြောင်းသိရသည် ။


စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် တာချီလိတ်မြို့ သျှမ်းစာပေယဉ်ကျေး မှုအသင်း ကဦး ဆောင်ကာ ဟိုမိန်းဆိုင် သာရေးနာရေးအသင်းအပါအဝင် လူမှုအသင်းအဖွဲ့များက ပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်  ။


သျှမ်းစာပေ ပျံ့ပွါးရေးလုပ်ငန်းများ ဆယ်စုနှစ်ချီလုပ်ဆောင်လာသည့် သျှမ်းစာပေသင်ကြား ရေး ဆရာကြီး စိုင်းဖှက - သျှမ်းများကြားကွဲပြားအား နည်းမှု မဖြစ်အောင် တောင်ပိုင်း၊ မြောက်ပိုင်း ၊အရှေ့ပိုင်း သျှမ်း၊ လိသျှမ်း ၊ဂုံသျှမ်း၊ မောသျှမ်း ….. ဟုနာမည်တပ်မခေါ်သင့်ဘဲ သျှမ်းဟုသာ ခေါ် သင့်ကြောင်း တိုက်တွန်းပြောဆိုခဲ့သည် ။


သျှမ်းစာရေးဆရာ ခူး ဟင်းကာယန်းက - ၂၀၀၈ ဖွဲ့စည်းပုံမှပေးသော အခွင့် အရေး၊ ပင်လုံစာချုပ်နှင့် တန်းတူညီမျှခွင့်တို့အကြောင်း ရှင်းလင်းပြော ပြခဲ့ပြီး သျှမ်းပြည်သားများ သိရှိအောင်ဆက် လက် လေ့လာသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်ဟု ပွဲတက်ရောက်သူ စိုင်းခမ်းက ပြန်လည်ပြောပြ သည် ။
သျှမ်းစာရေးဆရာ ခွန်ယုံးချိုကမူ - သျှမ်းလူထုအကြား အသင်းအဖွဲ့များပြား လာသကဲ့သို့ လုပ်ငန်းလည်းတိုးတက်ရန်လိုအပ်ကြောင်း၊ အဖွဲ့အစည်းအတွင်း တကယ့်စိတ်ပါဝင်စားသူကို တာဝန်ပေးအပ်ရန်လိုကြောင်း ပြောဆိုသည် ။


ဂျူလိုင်လ ၂၇ ရက်နေ့တွင်မူ တာလေမြို့နယ်ခွဲ မိုင်းလင်းအုပ်စုသို့ သွားရောက် ကာ စာပေ ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ မိမိစာပေ၊ ယဉ်ကျေးမှုနှင့် သမိုင်းမှန်သိစေရေးရည်ရွယ်ကြောင်း စီစဉ်ဆောင် ရွက်ပေးသည့် ဟိုမိန်းဆိုင်အဖွဲ့မှ စိုင်းဝမ်းက ပြောဆိုပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates