ကရင်ပြည်နယ်တွင် ဖွဲ့စည်းသော JMC-S တွင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်ခွင့်မရ



ပည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုများ မရှိစေရေးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားသော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်နယ်အဆင့် (JMC-S) ဖွဲ့စည်း ရာတွင် ကရင်ပြည်နယ် အတွင်းရှိ အရပ်ဖက်အဖွဲ့ အစည်းများ ပါဝင်ခွင့်မရကြောင်း အရပ်ဖက် အဖွဲ့အစည်းများက ဆိုသည် ။

အင်တာနျူးစ် မှ ငြိမ်းချမ်းရေးနှင့်အမျိုးသမီးကဏ္ဍ သတင်းရေး သားမှု သင်တန်းမှ သင်တန်းသားများအား အရပ်ဖက် အဖွဲ့အစည်းများက ဘားအံ လူမှုရေးရာ သုတေသနရုံး တွင်လက်ခံတွေ့ ဆုံစဉ် Photo: CMT
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ ပြည်နယ်အဆင့် (JMC-S)ကို ၂၀၁၆ ခုနှစ် ဂျွန်၂၉ ရက် နေ့က ကရင်ပြည်နယ် ၊ ဘားအံမြို့တွင် အဖွဲ့ဝင် ၁၆ ဦးဖြင့် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည် ။ အဆိုပါ အဖွဲ့ဝင် ၁၆ ဦးတွင် အစိုးရ ၊ တပ်မတော် ၊ မှ ကိုယ်စားလှယ် ၆ ဦး၊ လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၆ ဦး ၊ အရပ်သား ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ရာ၌ ဘားအံမြို့ ရှိ အရပ်ဖက် အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများ ပါဝင်ခွင့် မရသည့် အပြင် ဖိတ်ခေါ်ခဲ့ခြင်းမရှိကြောင်း ၎င်းတို့က ဆိုသည် ။


ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ မှ ကရင်ပြည်နယ် ဧရိယာ မန်နေ ဂျာ နော်စင်သီယာဝင်း က “ JMC ဖွဲ့သွားတယ်လို့ ကြား တယ် ။ အဲဒီလို ဖွဲ့စည်း တဲ့အခါမှာ ကျမတို့ အရပ်ဖက်အဖွဲ့အစည်းတွေ CSO တွေ ပါဝင်ခွင့်မရဘူး ။ ဖွဲ့စည်းတဲ့အချိန်မှာလည်း ကျမတို့ကို ဖိတ်ခေါ်ခဲ့တာမရှိဘူး ” ဟု အင်တာနျူးစ် မှ ငြိမ်းချမ်းရေးနှင့်အမျိုးသမီးကဏ္ဍ သတင်းရေးသားမှုသင်တန်းမှ သင်တန်း သား များအား ဘားအံ လူမှုရေးရာ သုတေသနရုံးတွင်တွေ့ ဆုံစဉ် ပြောကြား သည် ။


ယင်းကဲ့သို့ ပါဝင်ခွင့် မရခြင်းနှင့် ပတ်သက်၍လည်း ငြိမ်းဖောင်ဒေးရှင်းမှ ပြည် နယ် ညှိနှိုင်းရေးမှူး စောစိန်ထွေးကလည်း ကရင်ပြည် နယ်တွင် အရပ်ဘက် အဖွဲ့အစည်းများ ၊ နိုင်ငံရေးပါတီများနှင့် အစိုးရ ၊ လက်နက်ကိုင် အဖွဲ့များ၏ ပူးပေါင်း ဆောင်ရွက်မှုက အားနည်း သည်ဟု သူ၏ အမြင်ကို ပြောသည် ။


ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-S) သည် လက်နက်ကိုင် တပ်ဖွဲ့များ၏ တစ်ဖွဲ့နှင့် တစ်ဖွဲ့ စစ်သည်များ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ ၊ နယ်မြေကျူးကျော် မှုများနှင့် ပြည်တွင်း နေရပ် စွန့်ခွာ တိမ်းရှောင်သူများ နှင့် ပဋိပက္ခဒဏ် ခံစားရသူများ အတွက် အကူအညီပေးရေး စသည်တို့ကို ဆောင်ရွက် မည် ဖြစ်သည် ။


JMC-S ဖွဲ့စည်းရာတွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ ပါဝင်ခွင့်မရ ရှိခဲ့သလို JMC-S ဖွဲ့စည်းစဉ်အချိန်မှာလည်း ဖိတ်ခေါ် ခံရခြင်းမရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအဆင့် ပစ်ခတ် တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အတွ င်းရေးမှူး ၁ ဒေါက်တာရွှေခါးရ်က “ အစည်းဝေးမှာတော့ ကျနော် တို့ ပါဝင် သင့်ပါဝင် ထိုက်တဲ့ပုဂ္ဂိုလ်တွေကို ဖိတ်ပါတယ်။ မှန်ပါတယ် အစည်းဝေး ဆိုတော့လည်း အစည်းဝေးကို တက်သင့်တက်ထိုက်တဲ့ ပုဂ္ဂိုလ်တွေပဲ တက်ရမှာပေါ့ ။ ဒါမယ့် ညစာစားပွဲ လိုမျိုးဆိုရင်တော့ ဖိတ်သင့်ပါတယ်။ အဲဒါကတော့ ပွဲစီစဉ်တဲ့လူက နည်းနည်း အားနည်းသွားပါတယ် ’’ ဟု ပြောသည် ။


ကရင်ပြည်နယ်တွင် ဒေသခံစောင့်ကြည့်ရေးအဖွဲ့ကို ထပ်ပြီးဖွဲ့စည်းဖို့ရှိရန်ရှိ သည့် အ တွက် ထိုအချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် အဖွဲ့အ စည်းများနှင့် ပါတီများ၏ ထောက်ခံမှုလိုအပ်နေ သည်ဟုလည်း ၄င်းက ဆိုသည် ။


ယင်းအပြင် မွန်ပြည်နယ်တွင်လည်း ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ကို ၂၀၁၆ ခုနှစ် ၊ ဇွန် ၃၀ ရက်တွင် မော်လမြိုင်မြို့၌ အစိုးရ ကိုယ်စားလှယ် ၅ ဦး၊ လက်နက်ကိုင် ကိုယ်စားလှယ် ၅ ဦး ၊ အရပ်သား ကိုယ်စားလှယ် ၄ ဦး စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးတို့ ဖြင့် ဖွဲ့ စည်းခဲ့သည်။ သျှမ်းပြည်နယ် ၊ ခိုလမ်မြို့တွင်လည်း အစိုးရ ကိုယ်စားလှယ် ၅ ဦး ၊ လက်နက်ကိုင်ဘက်မှ ကိုယ်စားလှယ် ၅ ဦး ၊ အရပ်သား ကိုယ်စားလှယ် ၄ ဦး ၊စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးဖြင့် JMC-S ကို ၂၀၁၆ ခုနှစ် ၊ ဇန်နဝါရီ ၉ ရက်နေ့က ဖွဲ့စည်းထားခဲ့ပြီး ၂၀၁၆ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့တွင် အဖွဲ့ဝင် ၁၄ ဦးဖြင့် JMC-S ကို ဖွဲ့စည်းထားပြီး ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates