မူစယ်လမ်းမပေါ် ကားတန်းယာဉ်တိုက်မှု ၀င်တိုက်သည့်ကားပိုင်ရှင်ကုမ္ပဏီမှ အားလုံးအလျော်ပေးမည်
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့အတွက် စည်ပင်လုပ်ငန်း ကန်ထရိုက်ယူထားသည့် အောင်ဂရုဏာ ကုမ္ပဏီပိုင်ကားမှ ၀င်တိုက်မိ၍ ပျက်စီးသွားသည့် ကားသုံးစီးနှင့်ဆိုင်ကယ်အား ပြန်လျော်ပေးမည်ဟု ကုမ္ပဏီမှ ပြောဆိုကြောင်း သိရှိရသည် ။
![]() |
Photo : Tong Hwe Li Group
|
သြဂတ်စ်လ ၁ ရက်နေ့ အောင်ဂရုဏာကုမ္ပဏီမှ အမှိုက်သိမ်းယာဉ်သည် လွယ်ကောင်းမူးတောင် အဆင်း စီတန်းမောင်းနင်လာသည့် သိန်း ၂၀၀ ကျော်တန် Super Custom တစီး ၊ သိန်း ၁၀၀ တန် မူစယ်နှင့်ပန်ဆိုင်း ပြေးဆွဲနေသည့်ယာဉ် ၁ စီး ၊ ဂျာမဏီထုတ် Audi အမျိုးအစား ကားတစီး ၊ စုစုပေါင်း ကား ၃ စီးကို ၀င်တိုက်မိ သည့်အပြင် မော်တော်ဆိုင်ကယ်တစီးကိုပါ ၀င်တိုက်မိကြောင်း ဒေသခံများက ဆိုပါ သည် ။
“ အောင်ဂရုဏာကုမ္ပဏီကားက တောင်အဆင်းမှာ ဂီယာသေးနဲ့ ဆင်းတဲ့ပုံဘဲ ။ တောင်လယ်ရောက် တော့မှ ဂီယာကို ရုတ်တရက် ချိန်းလိုက်တယ်ထင်တယ် ။ ဘရိတ်လည်း မရတော့ ရှေ့ကားတွေကို ၀င်တိုက်မိတာ ။ ဆိုင်ကယ်တစီးကိုလည်း ၀င်တိုက်တယ်လေ ။ ဆိုင်ကယ်သမားတော့ ညာဘက် ခြေထောက် အရိုးအက်သွားတယ် ။ စိုင်းအိုက်လူ ။ ပန်ဆိုင်းမြို့နယ် မန့်လောင်အင်ရွာက ။ ကားပေါ်က လူတွေတော့ ဘာမှမဖြစ်ဘူး ။”
မူစယ်မြို့သည် မြန်မာနှင့်တရုတ် နှစ်နိုင်ငံကြား စီးပွားရေးကူးသန်းသည့် နယ်စပ်မြို့ဖြစ်သည့် အလျောက် ကားလမ်းပေါ်တွင် တနေ့ကားအစီးရေ ရာဂဏန်း သွားလာနေသည်ဟု သိရှိရသည် ။
Tags: General, News