သျှမ်းပြည်နယ်ဝန်ကြီးချုပ် ကျိုင်းတုံသို့ ပထမဆုံးအကြိမ် လည်ပတ်
NLD အစိုးရသစ် ၏ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် သျှမ်းပြည်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့သို့ ပထမအကြိမ် သွားရောက်လည်ပတ်ခဲ့ကြောင်း သိရသည် ။
![]() |
သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကျိုင်းတုံဒေသခံများနှင့်တွေ့ဆုံစဉ်
|
SNLD ကျားခေါင်းပါတီအလုပ်အမှုဆောင် နန်းမွန်းတွီက - သျှမ်းပြည်နယ်ဝန်ကြီးချုပ်က သျှမ်း ပြည်နယ်အစိုးရရဲ့ လုပ်ငန်းစဉ်နဲ့ အလုပ်တာဝန်တွေကိုလာပြီးရှင်းပြသွားပါတယ်။ ပြီးတော့ အစိုးရသစ်မို့လို့ လူထုအကျိုးကို ထိထိရောက်ရောက် သယ်ပိုးနိုင်ခြင်းမရှိသေးတဲ့အပေါ် စိတ် မကောင်းဖြစ်မိကြောင်းပြောဆိုသွားတယ်- ဟု ပြောဆိုပါသည် ။
ဆွေးနွေးပွဲတက်ရောက်ခဲ့သူ စိုင်းလုံက - ၀န်ကြီးချုပ်လာတော့ ကျိုင်းတုံဒေသခံတွေက ကြုံတွေ့နေရတဲ့ လျှပ်စစ်မီးပြသနာ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ သောက်သုံးရေး ရရှိရေး၊ နိုင်ငံရေးနဲ့ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး စတာတွေကိုတင်ပြတယ်။ - ဟု ပြောဆိုသည် ။
ဒေါက်တာလင်းထွဋ်၏ သျှမ်းပြည်အရှေ့ပိုင်းခရီးစဉ်မှာ ဂျူလိုင် ၂၄ မှ ၂၇ ရက်နေ့အထိဖြစ်ပြီး မိုင်းဆတ် ၊မိုင်းတုံ၊ တာချီလိတ်၊ ကျိုင်းတုံဒေသခံများနှင့်တွေ့ဆုံခဲ့ရကြောင်းသိရသည် ။
ရန်ကုန်သား ဒေါက်တာလင်းထွဋ်သည် သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုးမြို့တို့တွင် ဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး လားရှိုးသူနှင့်အိမ်ထောင်ကျကာ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် NLD ပါတီတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်အနိုင်ရသဖြင့် ၂၀၁၆ မှ ၂၀၂၀ အထိ သျှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ် တင်မြောက်ခြင်းခံခဲ့ရသည်။
Tags: General, News