တောင်ကြီးမြို့အထင်ကရနှစ်ရှည်ပင်များခုတ်လှဲမည့်လွှတ်တော်အဆောက်အဦးသစ်တိုးချဲ့ရေးစီမံကိန်း ပြည်သူများကန့်ကွက်



သျှမ်းပြည်နယ် လွှတ်တော်အဆောက်အဦးအသစ် တိုးချဲ့ဆောက်လုပ်မည့်မြေနေရာတွင် သက်တမ်း ရာကျော် နှစ်ရှည်ပင်ကြီးများ အမြောက်အများရှိနေသည့်အတွက် တောင်ကြီးမြို့ ဒေသခံများနှင့်  သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးအဖွဲ့များက အပြင်းအထန်ကန့်ကွက် နေကြောင်းသိရသည် ။

အဆောက်အဦးတိုးချဲ့ရန်အတွက် ခုတ်ဖြတ်ရမည့်အပင်များအားအမှတ်အသားပြုလုပ်ထားသည်ကိုတွေ့ရ

သျှမ်းပြည်နယ် လွှတ်တော်အဆောက်အဦးသစ် အား လက်ရှိပြည်နယ်လွှတ်တော်၏တောင်ဘက် တောင်ကြီးမြို့ ၏ အထင်ကရဖြစ်သော အိမ်တော် အတက်လမ်းမြေနေရာတွင် ဆောက်လုပ်ရန် သြဂုတ်လ  ၁၀ ရက်နေ့က သက်ဆိုင်ရာဌာနမှ နှစ်ရှည်ပင်များခုတ် လဲရန် အမှတ်အသားများ ပြုလုပ်ခြင်း၊ မြေတိုင်းခြင်းများ ပြုလုပ် နေကြောင်း သိရသည် ။


'' တောင်ကြီးမြို့မှာ နှစ်ရှည်ပင်တွေအများဆုံးကျန် တဲ့နေရာ ဆိုလို့ ဒီအိမ်တော်နေရာ ပဲရှိတော့တယ်။ သူတို့ခုတ် မယ်လို့အမှတ်အသား ပေးထားတဲ့ နှစ်ရှည်ပင်တွေက တစ်ရာကျော် လောက်ရှိတယ်။ ကျမတို့ ဒေသခံတွေအနေနဲ့  ဘယ်လိုမှလက်ခံလို့မရပါဘူး '' ဟု Living Earth Green Network အဖွဲ့မှ ဒေါ်ချယ်ရီကျော် က ပြောသည် ။


ယင်းကိစ္စ နှင့်ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးသူများမှ ကန့်ကွက်လက်မှတ် များကောက်ခံပြီး သျှမ်းပြည်နယ် အစိုးရအဖွဲ့ ၊ ပြည်နယ်လွှတ်တော်  နှင့် သမ္မတရုံးအထိကန့် ကွက်စာတင်ပြတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။
အဆိုပါရပ်ကွက်သည်၁၈၉၀ပြည့်လွန်နှစ်များတောင်ကြီးမြို့စတင်တည်ထောင်စဉ်ကတည်းကအင်္ဂလိပ်အစိုးရကောင်စီဝင်ကိုယ်စားလှယ်အရာရှိများနေထိုင်သည့်ရပ်ကွက်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates