သျှမ်းပြည်အမျိုးသားညီညွတ်ရေးလမ်းမပေါ်သို့ ပေါင်းစုပါဝင်မှုဖြင့် CSSU ဦးဆောင်မှုပြုနေ



သျှမ်းပြည်အမျိုးသားများညီညွှတ်ရေးလမ်းမပေါ်သို့ ပေါင်းစုပါဝင်မှုဖြင့် CSSU ဦးဆောင်မှုပြုနေသည် ဟု ချင်းမိုင်မြို့၌ သျှမ်းလက်နက်တပ်များ၊ သျှမ်းပါတီများပါဝင်သည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ ဝင်များ တွေ့ဆုံစဉ် အထွေထွေအတွင်းရေးမှူးကြီး စိုင်းညွှန့်လွင် က ပြောသည် ။

ဩဂတ်စ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ချင်းမိုင်မြို့တွင်ပြုလုပ်ကျင်းပသည့် CSSU ဆွေးနွေးပွဲ

ဩဂတ်စ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ သုံးရက်ကြာ ကျင်းပ သည့် အနာဂါတ်သျှမ်းပြည်အရေး နှင့် လုံခြုံရေးဆိုင်ရာ ပြန်လည်နေရာချထားရေး အလုပ်ရုံ ဆွေးနွေးပွဲ Workshop သို့ တက်ရောက်စဉ် စိုင်းညွှန့်လွင်က ဤကဲ့သို့ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။


“ ဖြစ်ပေါ်လာတဲ့အခွင့်အလှမ်းတွေကို CSSU ဦးဆောင်လုပ်သွားတာအကောင်းဆုံးဘဲ၊ စုပေါင်းဦး ဆောင်ပြီးသွားနေတဲ့ဟာက သျှမ်းပြည်သားတွေ အတွက် အကောင်းဆုံး ဖြစ်လာမယ်လို့ယုံကြည်တယ်” - ဟု CSSU အထွေထွေအတွင်းရေးမှူးကြီးလည်းဖြစ်၊ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သည့် စိုင်းညွှန့်လွင် က ပြောသည် ။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးနေ့တွင် ၂၁ ရာစု ပင်လုံညီလာခံဆိုင်ရာ ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်ဟု ဆွေးနွေးပွဲတက်ရောက်သည့် သျှမ်းပြည်တပ်မတော် အတိုင်အပင်ခံပုဂ္ဂိုလ် CSSU အထွေထွေအတွင်းရေးမှူးဟောင်း စဝ်ပင်ခမ်းက ပြောသည် ။


“၂၁ ရာစု ပင်လုံဘဲဖြစ်ဖြစ်၊ တခြားသော နိုင်ငံရေး ဆိုင်ရာ ဆွေးနွေးပွဲမှာဘဲဖြစ်ဖြစ် အားလုံးက ၁၉၄၇ ကတိကဝတ်နဲ့ ၁၉၆၁ ခု က တောင်ကြီးညီလာခံ မှာ ဆွေးနွေး ဆုံးဖြတ်တဲ့အကြောင်းအရာတွေကို နိုင်ငံရေးလက်စွဲအဖြစ် စွဲကိုင်သွားဖို့ သဘောတူကြတယ်” - ဟု စဝ်ပင်ခမ်းက ပြောသည် ။


ချင်းမိုင်မြို့၌ သုံးရက်ကြာကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ CSSU အဖွဲ့ဝင်များဖြစ်ကြသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော RCSS/SSA ကိုယ်စားလှယ်များ၊ SSPP/SSA ကိုယ်စားလှယ်များအပါအဝင် သျှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SSJAC မှ ကိုယ်စားလှယ်များ စုစုပေါင်း  သုံးဆယ်ကျော်တက်ရောက်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates