မိုးခေါင်ရေရှားမှုကြောင့် မိုင်းပန်မြို့နယ်လယ်သမားများ ရေအခက်တွေ့
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်မြို့နယ်တွင် မြစ်ချောင်းအင်းအိုင်ခမ်းခြောက် မှုကြောင့် လယ်ယာလုပ်ငန်းရှင်တောင်သူဦးကြီးများ ရေအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံ များကပြောသည် ။
![]() |
| မိုင်းပန်တောင်သူဦးကြီးများ၏ ရေခန်းခြောက်နေသည့် လယ်မြေများနှင့် သေလုမျောပါး ပျိုးပင်များ |
“ ဒီနှစ်ရေအရမ်းခက်တယ်။ ၄၀ ရာခိုင်နှုန်းကလုံးဝ မစိုက်ရသေးဘူး။ ကောက်စိုက်ပြီးသား ၆၀ ရာခိုင် နှုန်း ကလည်း လယ်သွင်းဖို့ရေမရှိလို့ ပျိုးပင်တွေ သေကုန်တယ်။ ဟိုဖိုင်ဆည်လဲရေမစီးတော့ဘူး။ နမ့်လင်းရေကျ တောင်မှ ရေမကျတော့ဘူး” ဟု သျှမ်းသံတော်ဆင့်အားပြောသည် ။
မိုင်းပန်မြို့သားများ အားထားရသည့်နမ့်ပန်ချောင်း ခေါ် နမ့်တင်းချောင်းရေသည်လည်း ခမ်းခြောက် သည့် အပြင် သဘာဝ နမ့်ဟူးရေထွက်၊ နောင်လုံကန်၊ နန်းယေ့ဆိုင်ကော်ကန်တို့မှာ ခမ်းခြောက် ကုန်ကြောင်း အသက် ၅၀ ခန့်ရှိ ဒေါ်နန်းစံက ပြောသည် ။
“ကန်ရေတွေ နမ့်ဟူးတွေ မပြောနဲ့ အိမ်သုံးရေတွင်းတောင်ရေခမ်းတယ်။ အဲတာကြောင့် အဝီစိတွင်း တူးရတာပေါ့။ အဝီစိတွင်းတူးရင် ၄ သိန်းခွဲကျော်ကျော်လောက်ကျတယ်။ အဲတာကြောင့် လယ်တွေ မစိုက်နိုင်သေးတာ။ တအားလိုအပ်တဲ့ခါကျတော့ ချေးငှားပြီးအဝီစိတွင်းတူးကြတာပေါ့၊ လယ်ရေဖြည့်ဖို့ ” - ဟု လည်း ဒေါ်နန်းစံကဆက်ပြောသည် ။
ထိုသို့ မြစ်ချောင်းအင်းအိုင်နှင့် တွင်းရေ ကန်ရေများခမ်းခြောက်ရခြင်းမှာ စည်းမဲ့ကမ်းမဲ့ သစ်များ ခုတ်ယူမှု၊ သဘာဝ ပတ်ဝန်းကျင် အား တန်ဖိုးမထားမှု တို့ကြောင့် ဖြစ်သည်ဟု သျှမ်းပြည်သဘာဝ ပတ်ဝန်းကျင် စောင့်ကြည့်ရေးအဖွဲ့မှ စိုင်းခေးဆိုင်ကပြောသည် ။
မိုင်းပန်မြို့နယ်အတွင်းနေ ဒေသခံပြည်သူများသည် ဝမ်းရေးအတွက် ဆန်စပါး စိုက်ပျိုးရေး လုပ်ငန်း အဓိက မှီခိုအားထားသည့်မြို့တမြို့ဖြစ်သည်။
Tags: Environment, News





