သျှမ်းပြည်နယ်လွှတ်တော်ရုံးအသစ်တည်ဆောက်ရေးစီမံကိန်း ကျားခေါင်းပါတီကန့်ကွက်



တာင်ကြီးမြို့အထင်ကရတောအုပ်အားခုတ်ဖြတ်၍လွှတ်တော်ရုံးအသစ်တည်ဆောက်မည့်စီမံကိန်း အစားအခြားလူထုအကျိုးပြုစီမံကိန်းအဖြစ်ဘတ်ဂျတ်ပြောင်းလဲအသုံးပြုသွားရေးအတွက်ကျားခေါင်းပါတီမှဩဂတ်စ် ၁၁ ရက်က ကြေငြာချက်ဖြင့်ထုတ်ပြန်ကန့်ကွက်သည် ။


သျှမ်းပြည်နယ်ဝန်ကြီးချုပ်ရုံးနေအိမ်အသွားလမ်းတောင်ဘက်ခြမ်းထင်းရှူးတောနှင့်တောင်ကြီးမြို့တည်စနှစ်ရှည်ပင်များခုတ်ထွင်ရှင်းလင်းကာသျှမ်းပြည်နယ်လွှတ်တော်ရုံးအသစ်တည်ဆောက်ရန်တိုင်းထွာမှုများစတင်နေသည့်စီမံကိန်းများရပ်တန့်ရန်၊အဆိုပါဘတ်ဂျတ်အားလူထုအကျိုးပြုမည့်အခြားဖွံဖိုးရေးစီမံကိန်းများတွင်အသုံးပြုသွားနိုင်ရေးဖြစ်သည်ဟုတောင်ကြီးမြို့ကျားခေါင်းပါတီအတွင်းရေးမှူးနန်းမြဦးကပြောသည် ။


“ နိုင်ငံတော်ဘတ်ဂျက်ကို မလိုအပ်ပဲ မဖြုန်းတီးသင့် သလို နဂိုရှိရင်းစွဲ သဘာဝသစ်ပင်အလှမြို့ရဲ့ ကျက်သရေ ဆောင်အလှ၊ တောင်ကြီးမြို့ရဲ့ ဂုဏ်သရေဆောင်တဲ့ ထင်းရူးပင် အလှတရားကိုလဲ မပျောက်ကွယ်စေချင်ပါဘူး။ နဂိုအဆောက်အဦးကသာလျှင် သျှမ်းပြည့်သမိုင်းဝင် ဂုဏ်ဆောင်သော အဆောက်အဦးဘဲ၊ အဲဒါကိုဘဲ လွှတ်တော်ရုံးအဖြစ် ဆက်ရှိစေလိုတယ်” - ဟုနန်းမြဦး က ပြောသည် ။


ယင်းကိစ္စ နှင့်ပတ်သက်၍ တောင်ကြီးမြို့ပေါ်ရှိ သဘာဝပတ်ဝန်းကျင် ချစ်မြတ် နိုးသူများမှလည်း ကန့်ကွက်လက်မှတ်များကောက်ခံနေလျှက်ရှိကြောင်း၊ ထိုမှတဆင့် သျှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် နှင့် သမ္မတရုံးအထိကန့်ကွက်စာတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရှိရပါသည် ။


အဆိုပါရပ်ကွက်သည် ၁၈၉၀ ပြည့်လွန်နှစ်များတောင်ကြီးမြို့စတင်တည်ထောင်စဉ်ကတည်းက အင်္ဂလိပ်အစိုးရကောင်စလိတ်များနေထိုင်သည့်ရပ်ကွက်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates