ကြောက်စရာကောင်းတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်း ကျန်းမာရေးဦးစီးဌာနနှင့်တွေ့ဆုံမေးမြန်း



မိုးရာသီတွင်အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါပျံ့ပွါးသည့်ခြင်မှ တဆင့်ကူးစက်နိုင်သော ရော
ဂါများထဲမှ အသက်အန္တရာယ်ဆုံးရှုံးနိုင်သည်အထိဖြစ်ပွားနိုင်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါသည် သျှမ်းပြည်နယ်အတွင်း လက်ရှိအဖြစ်များ လျှက်ရှိသည်။ အဆိုပါရောဂါ နှင့် ပတ်သက်ပြီး အသေးစိပ် သိရအောင်နှင့် ဆောင်ရန် ရှောင်ရန်အချက်များသိရှိရအောင် သျှမ်းပြည်နယ် ကျန်းမားရေးဦးစီးဌာနမှ ဒုပြည်နယ်မှူး ဒေါက်တာစိုင်းဝင်းဇော်လှိုင် အား သျှမ်းသံတော်ဆင့်သတင်းထောက် ယိင်းတိုင်းမှ တွေ့ဆုံမေးမြန်းထားပါသည် ။


မေး ။  ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘယ်ကနေလာလဲ ။ ဘယ်ရာသီမှာ အဖြစ်များလဲဆရာ ။


ဖြေ ။ ။ Japanese Encephalitis လို့ခေါ်တဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါဟာ ဗိုင်းရပ်ကနေလာတယ် ၊ ။ မိုးရာသီမှာအဖြစ်များတယ် ခြင်ကနေ တစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုး ဖြစ်ပြီး ရောဂါကြီး  ၉၇ မျိုးထဲကတစ်ခုဖြစ် တယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံတော်တော် များများမှာလဲရှိနေပါတယ် ။ မြန်မာနိုင်ငံမှာ တော့ ၁၉၇၇ ခုနှစ်ကတည်းက ဒီရောဂါကိုစတင်တွေ့ရှိခဲ့တာဖြစ်တယ် ။


မေး ။ ။ ဘယ်အချက်တွေက ဒီရောဂါဖြစ်ပေါ်စေနိုင်တာလဲ ။ ဘယ်လိုပုံစံနဲ့ကူးစက် တတ်တာလဲဆရာ ။


ဖြေ ။ ။ အဓိကကတော့ခြင်ကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတစ်ခုပေါ့။ ခြင်ရှိတဲ့နေရာမှာ ဖြစ်နိုင်ချေ များ မယ် ။ ဒီရောဂါဖြစ်စေနိုင်တဲ့ခြင်က သွေးလွန် တုတ်ကွေးဖြစ်စေနိုင် တဲ့ခြင်လိုပဲ ရေဆိုးမြောင်းတွေ၊ စိမ့်စမ်းရေတွေမှာပေါက်နိုင်တယ်။   သန့်ရှင်းတဲ့ရေတွေမှာတော့ မပေါက်ဖွားနိုင်ဘူး ဒီချင်တွေက။ နောက်ပြီး လူနဲ့တိရစ္ဆာန်အနေနီးရင် ဖြစ်ပွားဖို့ရာခိုင်နှုန်းအရမ်းများတယ် ၊ ဥပမာ ပြောရရင် အိမ်အပေါ် ထပ်မှာ လူနေ တယ် အိမ်အောက်မှာ ကျွဲ ၊ နွား ၊ ကြက် ၊ ၀က် တွေမွေးတယ်ပေါ့။ အဓိက တော့ဝက်တွေ မွေးထားရင်ပို အဖြစ်များတယ် ။


 မေး ။ ။ ရောဂါလက္ခဏာကဘယ်လိုပုံစံတွေလဲဆရာ။ ဘယ်အသက်အရွယ်တွေ မှာဖြစ်နိုင် ချေအများဆုံးလဲ ၊ ဖြစ်ပွားတတ်တဲ့ရာခိုင်နှုန်းက ဘယ်လောက်ရှိလဲဆရာ ။


ဖြေ ။ ။ ရုတ်တရက်ဖျားလာမယ် ၊ ဗိုင်းရပ်ကဦးနှောက်ကိုထိတဲ့အတွက် ကယောင်က တမ်းတွေ ဖြစ်လာမယ် ၊ နေ့နဲ့ညနဲ့မှားတာတွေ ၊ စကားပြောဖို့ ပါးစပ်ကအလုပ်မ လုပ်နိုင်တော့တာတွေစတဲ့ ရောဂါလက္ခဏာတွေ ပြလာရင် သွေးဖောက် စစ်ရတယ် ၊ NHL မှာစစ်ရတယ် ဒီမှာမရှိဘူး ရန်ကုန်ကိုပို့ရတယ် ၊ တောင်ကြီးမှာစစ်လို့ မရဘူး ။ ခါးရိုးထဲကနေဖောက် စစ်ရတယ် ။ ဓါတ်ခွဲခန်းထဲမှာသေချာ စစ်ဆေးပြီးမှ တိကျတဲ့ အဖြေရမှ ပြောနိုင် တဲ့ ရောဂါမျိုးဖြစ်နေတယ်။အသက် အရွယ်မရွေးဖြစ်ပွား နိုင်တယ် ၊ အသက် (၁၅) နှစ်အောက်မှ အဖြစ်များ မယ်လူတစ်သိန်း မှာတော့ နှစ်ယောက်ပဲရှိပါ တယ် ။ သာမာန်ရောဂါမျိုး မဟုတ်ဘူး ပြင်းထန်တဲ့ ရောဂါဖြစ်တဲ့ အတွက်ရာခိုင်နှုန်း အားဖြင့် တစ်ရာမှာ လေးဆယ်ရာခိုင် နှုန်းလောက်သေ စေနိုင်တယ် ။ တစ်ဝက်နီး ပါးလောက်က ကိုယ်လက်အင်္ဂါတွေချို့ ယွင်းသွားတာတတ်တဲ့ရောဂါမျိုး ဖြစ်တယ် ။ ပြန်ကောင်းရင်လဲ ပိုးကဦးနှောက်ကို ထိထားတဲ့အတွက်ပုံမှန်အ နေအထားပြန်ဖြစ်ဖို့ နည်းပါတယ် ။ ကျန်းမာရေးဝန်ထမ်းတွေ လစဉ် report လုပ်ရမယ့်ရောဂါထဲမှာပါတယ် ။


မေး ။ ။ ဒီဂျပန်ဦးနှောက်ရောင်ရောဂါ မဖြစ်အောင်ဘယ်လိုကာကွယ် သင့်သလဲ ၊ ဘယ်လိုနေထိုင်သင့်သလဲ ၊ ကာကွယ်ဆေး တွေရှိပြီလားရှင့် ။


ဖြေ ။ ။ ခြင်ကတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါဆိုတော့ ခြင်မကိုက်အောင်ကာ ကွယ်ရမယ် ။ စပါးခင်း ၊ ရေ တွင်း၊ ရေမြောင်းတွေမှာ ခြင်မပေါက်ဖွားနိုင်အောင် စနစ်တကျလုပ်ဆောင်ရမယ် ။ တိရစ္ဆာန်တွေ ကိုအိမ်မှာမွေးမြူထားတာထက်စာရင် သီးခြားခြံတွေထားပြီးမွေးမြူ တာပိုကောင်းတာပေါ့ ။ ဆေးကုမ္ပဏီတွေကတော့ ကာကွယ်ဆေးထုတ်ဖို့ကြိုးစားကြပေမဲ့ ဒီရောဂါဟာဗိုင်းရပ်မျိုးကွဲများနေတဲ့အတွက် ကာကွယ်ဆေးထုတ်ဖို့မအောင်မြင်သေးပါဘူး ။


မေး ။ ။ ဒီရောဂါနဲ့ပတ်သက်ပြီး ဆရာ့အနေနဲ့ဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ ။


ဖြေ ။ ။ အဓိကကတော့ ဒီရောဂါရယ်မှမဟုတ်ပါဘူးဆင်းရဲတဲ့နိုင်ငံတွေမှာ ဒီလိုရောဂါ တွေ ကရှိနေဦးမှာပဲ ။ ကျန်းမာရေးဌာနတစ်ခုတည်းကမနိုင်ဘူး ။ ကာကွယ် ရေး အပိုင်းက ကျယ်ပြန့်တယ် ။ ဒီရောဂါ ဖြစ်တတ်တဲ့ရာသီတွေမှာ ခြင်တွေမ ပေါက်ဖွား အောင် ပြည်သူတွေအနေနဲ့ဝိုင်းဝန်းလုပ်ဆောင်ရပါမယ် ။ ရောဂါဖြစ်ပွား လာရင်လဲ ပေါ့ပေါ့တန်တန်မနေကြပဲ ကျန်းမားရေးဌာနတွေမှာ အချိန်မှီကုသဖို့လိုပါတယ် ။


ဂျပန်ဦးနှောက်ရောင်ရောဂါသည် ယခုနှစ်အတွင်း သျှမ်းပြည်မြောက်ပိုင်းတွင် ကူးစက်ပျံ့နှံ့မှုများပြားလာရာ ရောဂါ ဖြစ်ပွားသူ ၂ဝ ကျော်ရှိနေပြီး လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်၊ ကွမ်လုံ၊ ဟိုပန်၊ လောက်ကိုင်နဲ့ ကုန်းကြမ်းမြို့တွေမှာ ရောဂါဖြစ်ပွားမှုတွေ ရှိနေတယ်လို့ ရှမ်းပြည်နယ် ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထင်လင်း က ပြောကြောင်း RFA သတင်းတရပ်တွင်ဖော်ပြထားသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates