နိုင်ငံရေးဆွေးနွေးမှုမရှိသေးဘဲ သံလွင်မြစ်ပေါ် ရေကာတာကြီးများ မတည်ဆောက်သေးဖို့ တရုတ်ပြည် ရောက်ဒေါ်အောင်ဆန်းစုကြည်ထံ အိပ်ဖွင့်ပေးစာတစောင်အား သျှမ်းလူမှု အဖွဲ့အစည်း ၂၆ ဖွဲ့ မှ စုပေါင်းပေးပို့



နိုင်ငံရေးဆွေးနွေးမှုမရှိသေးဘဲ သံလွင်မြစ်ပေါ် တည်ဆောက်ဖို့ ရှိနေတဲ့ ရေကာတာကြီးများ၏ စီမံကိန်း အား ပြန်လည် စမ်းစစ်ပေးပြီး စီမံကိန်းများရပ်တန့်ပေးဖို့ သျှမ်းလူမှုအသင်းအဖွဲ့ ၂၆ ဖွဲ့က စုပေါင်း တောင်းဆိုသည့် အိပ်ဖွင့်ပေးစာ တစောင်အား တရုတ်ပြည်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင် အပင်ခံ ဒေါ် ဆောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ပါသည် ။


သျှမ်းပြည်နယ်အတွင်း သံလွင်မြစ်ရေမှ ဆည်ကြီးများတည်ဆောက်ကာ ရေအားလျှပ်စစ်ထုတ်ယူ အသုံး ပြုမည့် မိုင်းတုံမြို့နယ်က မိုင်းတုံအထက်သံလွင်ရေကာတာ၊ တန့်ယန်းမြို့နယ်အတွင်းက နောင်ဖါ ရေ ကာတာ၊ ကွန်လုံမြို့နယ် က ကွန်လုံရေကာတာ စီမံကိန်းကြီးများအား ပြန်လည်ဆန်းစစ် ကာ စီမံကိန်း များအားလုံး ရပ်တန့်ပေးဖို့ရန် ဩဂတ်စ် ၁၇ ရက်နေ့ ရက်စွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် ထံ အိပ်ဖွင့် ပေးစာ ပေးပို့ခြင်းဖြစ်သည် ။


“အဓိက ကတော့ နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျနော်တို့ သျှမ်းပြည် သံလွင်မြစ်ပေါ် တည်ဆောက်မယ့်ရေကာတာကြီး ပြန်လည်စမ်းစစ်ပေးဖို့ပါ။ သူမ ပြောတဲ့ သံလွင် မြစ် ကနေ မဂ္ဂါဝပ် ၅၀၀၀ ကျော် ထွက်ရှိမဲ့ ရေအားလျှပ်စစ် စီမံကိန်းရှိတယ်ဆိုတဲ့ ဟာ ။ ဒါမဖြစ် သင့်ဘူး။ ငြိမ်းချမ်းရေးရရှိပြီး နိုင်ငံရေးတွေ့ဆုံဆွေးနွေးပြီးတော့မှ ဘဲ ဆွေးနွေးလုပ်ကိုင် သွားရမယ့် ကိစ္စဖြစ်တယ်” - ဟု ဆရာ စိုင်းခေးဆိုင်က ပြောသည် ။


ထို့အတူ သံလွင်မြစ်အရေးလှုပ်ရှားနေသည့် ဒေသခံ နန်းခမ်းမိုင် ကလည်း “ ဒီရေကာတာ တည် ဆောက် ရင် လူထု က ကောင်းကျိုးထက် ဆိုးကျိုးကိုပိုလက်ခံရမယ် ဆိုတော့ ဒါ ကျမတို့ မလိုအပ်ဘူး။ လူထုလဲ မလိုအပ်ဘူး။ ဓါတ်တော် မွေတော်တွေ၊ နှစ်ပေါင်း များစွာထွန်းကားနေတဲ့ ယဉ်ကျေးမှုတွေ ရေအောက် ရောက်သွားကုန်မယ် ” - ဟု ပြောသည် ။


မိုင်းတုံမြို့နယ်အထက်သံလွင်ဆည်မှ ရေကာတာမှ ရေအားလျှပ်စစ် ဓါတ်အား ၇၀၀၀ မဂ္ဂါဝပ်၊ နောင်ဖါရေအားလျှပ်စစ်ဓါတ်အား ၁၂၀၀ မဂ္ဂါဝပ်၊ ကွန်လုံရေကာတာမှာ ရေအားလျှပ်စစ် ၁၄၀၀ မဂ္ဂါဝပ် ထွက်ရှိမည်ဖြစ်သည် ။


အဆိုပါ သံလွင်မြစ်ပေါ်ရေကာတာတည်ဆောက်ကာ ရေအားလျှပ်စစ်မီးထုတ်လုပ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ China Three Gorges Corporation (Company) နှင့် China Gezhouba Group Corporation (CGGC) တို့က အဓိက ပါဝင်နေသည်ဟုသိရသည် ။


ဖက်ဒရယ်စနစ်ကို နိုင်ငံရေးစားပွဲဝိုင်းမရောက်မှီ စတင်နေမည့် သံလွင်ရေကာတာ တည်ဆောက်ခွင့် ပြုလိုက်ခြင်းသည် တဖက်သတ်ဆုံးဖြတ်လိုက်သည့် အတွက် ခေတ်အဆက်ဆက်နေထိုင်လာသော တိုင်းရင်းသားလူမျိုးများ၏ နယ်မြေတွင်းရှိ သယံဇာတများ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မပါရှိသော ကြောင့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် လည်းယုံကြည်မှုအားနည်းလာမည်။ ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပ ရန် နှစ်ပတ်ခန့်အလိုတွင် ဤသံလွင်မြစ်ရေကာတာစီမံကိန်းများကို ခွင့်ပြုလိုက်မည်ဆိုပါက တည် ဆောက်နေသည့် ငြိမ်းချမ်းရေးအား ထိခိုက်မှုများ ရှိလာနိုင်သော ကြောင့် များစွာ စိုးရိမ်ပူပန်မိကြောင်း လည်း သံလွင်မြစ်အရေးလှုပ်ရှားနေသည့် နန်းခမ်းမိုင် က ပြောသည် ။


အထက်သံလွင်ရေကာတာမှ ထွက်ရှိမည့် လျှပ်စစ်ဓါတ်အား ၁၀၀% အနက် တရုတ်နိုင်ငံသို့ ၄၅% ၊ ထိုင်းနိုင်ငံသို့ ၄၅% ၊ ကျန် ၁၀% အား တောင်ကြီး နှင့် နေပြည်တော်တို့ ပို့ဆောင် အသုံးပြုမည်ဟု သံလွင်မြစ်အရေး ပါဝင်လှုပ်ရှားသူ တောင်ကြီး သျှမ်းစာပေယဉ်ကျေးမှု ဆရာမ နွန်းမိုကပြောသည် ။


ပြည်တွင်းပြည်ပအခြေစိုက် သျှမ်းလူမှုအရေး၊ မြစ်ချောင်းအင်းအိုင်အရေး၊ သယံဇာတ အရေး၊ လူ့အခွင့် အရေး၊ စာပေယဉ်ကျေးမှုအရေး လှုပ်ရှားသည့် သျှမ်းအဖွဲ့ ၂၆ ဖွဲ့က စုပေါင်း တောင်းဆိုခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates