ဟိုပန်မြို့တွင် ငလျှင်လှုပ် မိုးသည်း ချောင်းရေလျှံ ဒေသခံ အိမ်ထောင်စု ၂၀၀ ကျော်ရေဘေးသင့်



သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်တွင် မိုးသည်းရေကြီးဒဏ်အပြင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဒေသခံများ အိမ်ထောင်စု ၂၀၀ ကျော် ရေဘေးသင့်နေကြောင်းသိရသည် ။


သြဂတ်စ်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ဟိုပန့်မြို့နယ်တွင် နမ့်တင်ချောင်းရေလျှံကာ ချောင်းတလျှောက်နေထိုင်သူ ဒေသခံများ ရေဘေးသင့်ခဲ့ကြ ကြောင်းသိရသည် ။


ချောင်းရေ ရုတ်ချည်းတက်လာလို့ နေအိမ်တွေထဲရေဝင်ကုန်တယ်။ ဒိုက်တွေ အမှိုက်တွေ နှုန်းတွေ အိမ်ထဲဝင်ကုန်တာ။ မိုးသည်းပါတယ်ဆိုနေမှာ ငလျင်လဲလှုပ်သေးတယ် အဲဒီနေ့က ၃ ခါတောင် လှုပ်တယ်။အရမ်းတော့မပြင်းဘူး။ - ဟု ဒေသခံ တဦးကပြောသည် ။


ဟိုပန်ဒေသခံ စိုင်းအွမ်ကလည်း လက်ရှိတွင်ရေများပြန်ကျသွားပြီဖြစ်ကြောင်း၊ သို့သော် မြေစေးနှင့်နှုန်းများ အညစ်အကြေးများ ရှိနေသေးကြောင်း၊ မြို့ခံလူထုနှင့်ဒေသတွင်းအာဏာပိုင်များ စုပေါင်းရှင်းလင်းမှုပြု နေကြကြောင်းပြောဆိုပါသည် ။


ရေဘေးသင့် အိမ်ထောင်စု ၂၀၀ ကျော်ကအခု နေထိုင်စားသောက်ဖို့အတွက် အခက်ကြုံနေရပါတယ်။ပြင်ပ ၊တခြားကအလှူရှင်တွေတော့မလာသေးဘူး။ ကူညီထောက်ပံ့မှုတွေလိုအပ်နေပါတယ်- ဟုပြောဆိုသည် ။


ရေလွှမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှုသေကြေမှုမရှိသော်လည်း နေအိမ် ကား ဆိုင်ကယ်နှင့် လုပ်ငန်းခွင်သုံးစက်ပစ္စည်းများ ဆုံးရှုံးမှုများပြားကြောင်း ဆိုပါသည်။
ချောင်းဖျားက တောင်တွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘူး။ အဲတာကြောင့် မိုးနဲနဲသည်းရင် ချောင်းရေက ချက်ချင်းလျှံတက်လာတာ။- ဟုစိုင်းအွမ်ကဆိုပါသည်။
လက်ရှိတွင်ချောင်းရေလျှံမှုကြောင့် နေအိမ်ရေလွှမ်းခြင်းခံရသည့်ရွာများမှာ မန်းကွန်းရွာ၊ နမ့်တီးရွာ ၊ ပန်းတိုင်းရွာ၊ ကောင်းဟုန်းရွာနှင့် ပေါက်ကတ်၊ ၀မ့်ခုန်၊ ပန်လုံအစရှိရွာများဖြစ်သည်။


၁၉၉၇ ခုနှစ်ကလည်း ဟိုပန်မြို့တွင် ထိုသို့သော မိုးရွာသွန်းမှုနှင့်ငလျင်လှုပ်ခတ်မှုတပြိုင်တည်းဖြစ်ပွါးခဲ့ သေးသည် ။


၁၆ ရက်နေ့ကလည်း အထူးဒေသ ၄ မိုင်းလားတွင်ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates