မိုးသက်လေပြင်းကြောင့် ကျိုင်းတုံသျှမ်းအမျိုးသားကျောင်းပျက်စီး
ဩဂတ်စ် ၁၉ ရက်နေ့ ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်သောကြောင့် ကျိုင်းတုံမြို့ရှိ သျှမ်းအမျိုးသားကျောင်းဆောင်နှင့် ကျောင်းသုံးပစ္စည်းများ ပျက်စီး မှု များကြောင်း သိရှိရသည် ။
![]() |
| လေပြင်းဒဏ်ကြောင့်ပျက်စီးသွားသည့် ကျိုင်းတုံအမျိုးသားကျောင်း (အမျိုးသားကျောင်းတည်ထောင်ရာတွင်ပါဝင်သူ ဆရာ စိုင်းဆာမ်တစ်ဆေေ ဖ့စ်ဘုခ်မှ ကူးယူဖော်ပြသည်) |
“အမိုးတွေ အတော်များများလွှင့်ပါသွားတော့ ကျောင်းသားတွေ ဒီတပတ်အတွင်းတော့ စာသင် ပျက်တော့မယ်။ အဲဒီ့အထဲမှာ ရှိတဲ့ ကျောင်းအသုံးအဆောင်ပစ္စည်းတွေ မိုးထိတော့ ပျက်စီးတာပေါ့။ သုံးထပ်သားတွေပွကုန်တယ်။ စာအုပ်တွေ ရေနူးကုန်တယ်” - ဟု ကျိုင်းတုံ သျှမ်းအမျိုးသား ကျောင်း အုပ် ဆရာစိုင်းဆန်ဇန် က ပြောသည် ။
ကျိုင်းတုံမြို့ ကတ်ဖကျေးရွာ (မိုင်းလားအသွားလမ်း) ရှိ သျှမ်းအမျိုးသားကျောင်းသည် လွန်ခဲ့သည့် သုံးနှစ် က စတင်တည်ဆောက်လာခဲ့ကြောင်းသိရသည်။ သျှမ်းခေတ်သစ်စာ(လ္ဒိှုတဿးတူဝ်မ္မူ်း)၊ သျှမ်းရှေးဟောင်းကျမ်း ကန်စာ( လ္ဒိှ္ဓု္မို/လ္ဒိှုမိုင်း) ၊ မြန်မာစာ၊ အဂ်လိပ်စာ စသည့် ဘာသာများ ပို့ချပေးကြောင်း၊ ကျောင်း နေ အခွင့်အရေး ဆုံးရှုံးသူများအဓိက ဦးစားပေးကြောင်း၊ ၁၀ တန်းကျ၍ ကျောင်းဆက်မတက်နိုင် သူ များ ၁၀ တန်းစာ ပြန်လည်ဆည်းပူးပြီး ၁၀ တန်းစာမေးပွဲများ ပြန်ဖြေခွင့်ရ ရန် စီစဉ်ပေးကြောင်း ဆရာ စိုင်းဆန်ဇန်က သျှမ်းသံတော်ဆင့်သို့ ဆက်၍ပြောသည် ။
သျှမ်းအမျိုးသားကျောင်းတွင် ဆရာ ဆရာမ ၇ ဦးအတွက် လစာအတွက် ကျိုင်းတုံမြို့ခံများထံ အလှူခံရ ကြောင်း၊ လက်ရှိတွင် အခန်း ၆ ခန်းရှိ နှစ်ထပ်တိုက် ကျောင်းဆောင်အသစ်တိုးချဲ့နေပြီး ကျောင်းသူ ကျောင်းသားများကိုပါတိုးချဲ့လက်ခံသွားဖို့ရှိကြောင်း၊ ကျောင်းဆောင်အသစ်အတွက် သော်လည်းကောင်း၊ ဆရာဆရာမ လစာအတွက်သော်လည်းကောင်း အလှူရှင်များရှိပါက လက်ခံသွားမည် ဖြစ်ကြောင်း ဆရာစိုင်းဆန်ဇန်က ပြောသည် ။
မိုးသက်လေပြင်းကျရောက်မှုကြောင့် ကျိုင်းတုံအပြင်၊ တာချီလိတ် နှင့် သျှမ်းပြည်နယ်အရှေ့ပိုင်း မြို့အချို့၊ တောင်ပိုင်းမြို့နယ်အချို့ နှင့် သျှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ နှင့် အခြားမြို့များလည်း မိုးသက်လေပြင်းဒဏ်ခံရသည် ။
Tags: Environment, News


