၂၁ ရာစု ပင်လုံကို ကြိုဆိုကြောင်း ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်ကြားရှင် ကြေငြာချက်ထုတ်ပြန်
နိုင်ငံရေးပြသနာများ ဖြေရှင်းရန် ရည်ရွယ်ထားသည့် ၂၁ ပင်လုံ ညီလာ ခံကို ထောက်ခံကြောင်း ကိုးကန့် MNDAA တပ်ဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ကြေငြာချက် ထုတ်ပြန် လိုက် သည် ။
၎င်းအနေဖြင့် ကိုးကန့် ဒေသတွင် အသက် ၈၅ အရွယ်အထိ နှစ်ပေါင်းများစွာနေထိုင်လာသူတဦးဖြစ်ပြီး အခကအ်ခဲမျိုးစုံနှင့် ဖြတ်သန်းလာခဲ့ရကြောင်း၊ လက်ရှိတွင် ခေတ်နောက်ကျသည့် အခြေအနေမှ ဖွံ့ဖြိုးရန် ကာလရောက်ရမည့် အချိန်ဟု ထင်မြင်ယူဆမိကြောင်းကြေငြာချက်တွင်ဖော်ပြထားသည် ။
ကြေငြာချက်အား မြန်မာ တရုတ်နှစ်ဘာသာဖြင့်ရေးသားထားပြီး ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် သြဂတ်စ်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ကြေငြာချက်တွင် ဖော်ပြထားသည် ။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံမတိုင်ခင် ပြည်တွင်းငြိမ်းချမ်းရေး အထောက် အကူပြုရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံသို့ ယခုရက်ပိုင်းအတွင်း သွားရောက်နေပြီး တရုတ်ဘက်မှလည်း ငြိမ်းချမ်းရေးအတွက် ကူညီမည်ဟု ကတိပေးထားပါသည် ။
“တရုတ်ပြည်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းမှာတော့ အခုနောက် ဆုံးတက်လာတဲ့ သတင်းတွေအရ UWSA လည်း ၂၁ရာစုပင်လုံတက်မယ်။ နောက်ပြီးတော့ အဖွဲ့ အစည်း (၃)ဖွဲ့လည်း တကယ်လို့ သူတို့ကို ဖိတ်ကြားလို့ရှိရင် တက်မယ်လို့ သဘောထား ထုတ်ပြန်ခက်ပါ တယ်။ ဒါကိုကျနော်အနေနဲ့ တရုတ်ပြည်ရဲ့တိုက်တွန်းမူ တစုံတရာပါနေမလားဆိုပြီး စဉ်းစားပါတယ်။ ဘာပဲဖြစ်ဖြစ် ၂၁ ရာစု ပင်လုံ အောင်မြင်ဖို့က အရေးကြီးတယ် ” ဟု ဗမာပြည်ကွန်မြူနစ်ပါတီခေတ်က အရှေ့မြောက်စစ် ဒေသတွင် နှစ်ပေါင်းများစွာနေထိုင်ခဲ့ဖူးသည့် စစ်ရေးနိုင်ငံရေးအကဲခတ် ဦးသန်းစိုးနိုင်က သုံးသပ်သည် ။
ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်ရောက်နေစဉ်အတွင်း တပ်မတော်၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဦးခင်ဇော်ဦးမှ ကိုးကန့် စစ်ပွဲတွင် ပါဝင်ခဲ့သည့် ကိုးကန့် တအာင်းပလောင် ၊ အေအေ ရခိုင့်တပ်မတော် အဖွဲ့များအနေဖြင့် လက်နက်စွန့်ရန် ဆန္ဒရှိသည်ဟူသည့် ကြေငြာချက်ထုတ်ပြန်မှသာ ညီလာခံတက်ရောက်ခွင့်ရှိမည်ဟု ဧရာဝတီသို့ ပြောဆိုထားသည် ။
“တပ်မတော်အနေနဲ့ သီးသန့်သူကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့လုပ်ဖို့ထက် သူ့နိုင်ငံတကာ သဘောတရားအမြင်တွေ မြင်တတ်ဖို့ သူအနေနဲ့လိုအပ်ပါတယ်။” ဟု တရုတ်အရေးကျွမ်းကျင်သူဖြစ်သည့် ဦးသန်းစိုးနိုင်က သုံးသပ်သည် ။
ဦးဖုန်ကြားရှင်၏ ထုတ်ပြန်ချက်တွင်မူ သမိုင်းရေစီးကြောင်းသည် ရှေ့သို့လှမ်းနေရမည်ဖြစ်ကြောင်း ဖော်ပြထားပြီး ကိုးကန့် ၊ တအာင်းပလောင် ၊ ရခိုင့်တပ်မတော် သုံးဖွဲ့ပူးပေါင်း၍ ၂၁ ပင်လုံတက်ရန် အသင့်ရှိကြောင်းလည်း ကြေငြာချက်ထုတ်ပြန်ထားသည် ။
Tags: News, politic



