ပြည်နယ်သစ် ဥပဒေ ပြဌာန်းပေးနိုင်ရေး တောင်ကြီး၌ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေး
သျှမ်းပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုးစုများ၏ ၂၁ ရာစုပင်လုံညီလာခံအကြို အစည်းအဝေးကို သြဂတ်စ် လ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တောင်ကြီး ဟိုတယ်တွင် ငါးရက်ကြာတွေ့ဆုံ ကာ ပြည်နယ် သစ် ဥပဒေ ပြဌာန်းပေးနိုင်ရေး အပါအဝင် တိုင်းရင်းသားနိုင်ငံရေးလိုအပ်ချက်များအတွက် တိုင်းရင်းသားနိုင်ငံရေး အင်အားစု ဖွဲ့စည်းသွားမည်ဟု ဆွေးနွေးသဘောတူခဲ့ကြကြောင်းသိရသည် ။
ဆွေးနွေးပွဲအပြီးတွင်ဘုံသဘော တူညီချက်အနေ နှင့် အမျိုးသားလုံခြုံရေးမူဝါဒဆိုင်ရာအခြေခံမူများ ၁၀ ချက်၊ အမျိုးသား ကာကွယ်ရေး ဆိုင်ရာ အခြေခံမူက ၁၂ ချက်နှင့် ဖက်ဒရယ်ဆိုင်ရာအခြေခံမူ ၅ ချက် ရရှိခဲ့ကြောင်း ၊ အချက် ၆ ချက်ပါ ထုတ်ပြန်ကြေငြာချက်လဲ ထုတ်ပြန်ကြောင်း - ခွန်စိုးမြင့်ထွန်း က ဆက်ပြောသည် ။
"အဓိက ကတော့ သျှမ်းပြည်နယ်မှာရှိနေတဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးရဲ့အသံ ၊ သူတို့တွေရဲ့ အမျိုးသား ရေးရည်မှန်းချက်၊ ဘာတွေရှိမလဲဆိုတာပွင့်ပွင့် လင်းလင်း ဆွေးနွေးတိုင်ပင်ကြပါတယ် ။ဆွေးနွေးတဲ့ အချက် တွေထဲမှာလာမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ မိမိလူမျိုးအတွက်ဆွေးနွေးမှာက တစ်ပိုင်း၊ ကျနော်တို့ တိုင်း ရင်းသားလူမျိုးစုတွေရဲ့ တူညီစွာထွက်လာတဲ့အသံ၊ ရရှိလာတဲ့ဆွေးနွေးပွဲရလဒ် တွေနဲ့ ကျနော်တို့ နဲ့ သျှမ်း လူမျိုးစုတွေကြား ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတဲ့အချက်တွေ ကိုပြင်ဆင်ကြတာပေါ့ " ဟု ၄င်းက ဆက်လက် ရှင်းပြ သည် ။
ထို့အပြင် ရှေ့လုပ်ငန်းစဉ်အနေဖြင့် - အနာဂါတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် သျှမ်းပြည် တွင်း တိုင်းရင်း သားလူမျိုးစုများ၏အင်အားကြီး မဟာမိတ်ပါတီ ၂ ခု ဖြစ်သော ခွန်ထွန်းဦး ဦးဆောင်သည့် UNA ညီညွှတ် သောတိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ နှင့် ဦးစိုင်းအိုက်ပေါင်း ဦးဆောင်သည့် NBF ညီနောင်တိုင်း ရင်းသားများဖယ်ဒရေးရှင်းအဖွဲ့ တို့ အနာဂါတ် သျှမ်းပြည်နယ်၏ အရေး ကိုမည်သို့ ၀ိုင်းဝန်း လုပ် ဆောင်သွားရန် ၊ တိုင်းရင်းသားလူမျိုးစု များနှင့်သျှမ်းလူ မျိုးစုများကြား မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်သွား နိုင်မည်ကို ရှေ့ဆက်ဆွေးနွေး ညှိနှိုင်းသွားဖို့ရှိကြောင်းဆက်လက်သိရှိရပါသည် ။
တောင်ကြီးမြို့တွင် ၅ ရက်ကြာကျင်းပသည့် ၂၁ ရာစုပင်လုံညီလာခံအကြို သျှမ်းပြည်နယ်ရှိ တိုင်းရင်းသား လူမျိုးစုများအစည်းအဝေးသို့ သျှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပါတီ ၂၀ ပါတီအပါဝင် ကယားပြည်နယ် နှင့် ချင်းပြည်နယ်မှ ချင်းပါတီ ၂ ခု ၊ ကိုယ်စားလှယ်စုစုပေါင်း ၅၃ ဦး တက်ရောက်ဆွေးနွေးကြသည်ဟု ဆိုသည် ။
Tags: News, politic



