လူ့အခွင့်အရေးချိုးဖောက်ခံနေရဆဲ - သီပေါမြို့ ကျောက်မီးသွေး တူးဖော်ရေးစီမံကိန်းရပ်ပေးဖို့ သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်တောင်းဆို



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ၀မ့်လုံနမ့်မဒေသ ကျောက်မီးသွေး တူးဖော်ရေး စီမံကိန်းနယ်မြေအတွင်း ဒေသ ခံလူထု ဖမ်းဆီးရိုက်နှက် သတ်ဖြတ်ခံရမှုအပေါ် စစ်ဆေးအရေးယူပေးရန်နှင့် စီမံကိန်းဆိုင်းငံ့ထားရန် သျှမ်း လူ့အခွင့် အရေးမဏ္ဍိုင်က သြဂတ်စ်လ ၂ ရက်နေ့ ရက်စွဲဖြင့်ကြေငြာ ချက်ထုတ်ပြန်လိုက်သည် ။

သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ကြေငြာချက်

သီပေါမြို့နယ် နမ့်မအုပ်စုမှ စိုင်းဟူလင် အသက် ၃၄ နှစ်နှင့်အတူ အသက် ၂၅ နှစ်အရွယ်ရှိ တရွာ တည်းသားတဦး မေလ ၁၈ ရက်နေ့က ကျောက်ခဲဖြင့် ထုနှက်သတ်ဖြတ်ခံရမှု ၊ ရွာသား ၁၃ ဦး ဖမ်းဆီး ရိုက်နှက် ပေါ် တာထမ်း ခိုင်းခြင်း ခံရမှု၊ ဒေသခံလူထု၏ စားသောက်ဖွယ်ရာနှင့်အဖိုးတန် ပစည်းများ လုယက်ယူမှုတို့မှာ လူထုကအမှန်တကယ် ရွေးချယ် တင်မြောက်သော လူထုအစိုးရလက်ထက်တွင် ဆက်လက်ရှိနေခြင်းမှာ မသင့်လျော်၊ မရှိသင့် တော့ကြောင်း၊ ကျူးလွန် သူအား တရားမျှတစွာ ပြစ်ဒဏ်ပေးရန် အဆို ပါ ကြေငြာချက်တွင်ပါရှိသည် ။


သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်က- “ အဓိကကတော့ သဘာ ၀သယံဇာတ တူးဖော်ထုတ်ယူမှုစီမံ ကိန်းကြောင့်ပေါ့နော်။ နမ့်မ မှာက ကျောက်မီးသွေး တူး ဖော်ရေး ရှိတယ်လေ။ စီမံကိန်းမှာ အစိုးရ ဘက်က တပ်တွေ၊ ပြည်သူ့စစ်တွေကလုံခြုံရေး ယူထားပေးတာ လည်းရှိတဲ့ ခါကျတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အမျိုးမျိုးရှိနေတုန်း။ ဒါကြောင့် အစိုးရဘက်က စီမံကိန်းတွေ ဆိုင်းငံ့ပေးဖို့ ၊ ငြိမ်းချမ်းရေး အမှန်တကယ်ရရှိမှသာ ၊ ဒေသ ခံလူထု ပါဝင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှသာ တူးဖော်မှု စီမံကိန်း တွေပြန်လည်စဉ်းစားသုံးသပ်ပေးဖို့ သျှမ်းလူ့ အခွင့်အရေး မဏ္ဍိုင် ကနေ တောင်းဆိုလိုက် တာဖြစ်ပါ တယ်။” - ဟု သျှမ်းသံတော်ဆင့် အား ပြောသည် ။


မြန်မာနိုင်ငံတွင် နမ့်မ ဒေသကျောက်မီးသွေးတူးဖော်ထုတ် လုပ်ရေးစီမံကိန်း သည် အဓိကအရေးပါရာ နေရာ တစ်ခုဖြစ် သည်။ ၁၉၉၀ ခုနှစ်ကတည်း က ကျောက် မီးသွေးတူးဖော်ရေးလုပ်ငန်းကို ထိုစဉ် စစ်အစိုးရက တိုက်ရိုက် လုပ် ကိုင်ခဲ့သည်။ သို့သော် ၂၀၀၄ ခုနှစ်တွင် မန္တလေးမြို့မှ ငွေရည်ပုလဲ ကုမ္ပဏီ နှင့် အမှတ်(၃)မြန်မာ့သတ္တုတူးဖော်ရေးတို့မှပူးပေါင်းကာ တူးဖော် လာသည်။ ရွာသား ခန့်မှန်းချက်အရ ကျောက်မီးသွေးတူးဖော်သောနေရာ မှ ကျောက်မီးသွေးနုများကို တစ်ရက် လျှင် ၆ ဘီးကားကြီး များအစီး ရာချီဖြင့် နောင်ချိုမြို့ နှင့် မန္တလေးမြို့ ရှိ ငွေရည်ပုလဲ၊ ခရောင်း(crown) ဘိလပ်မြေ နှင့် သကြားထုတ်လုပ်ရေးစက်ရုံများသို့ သယ်ဆောင်သွားသည်-ဟု SHRF မှ စစ်တမ်းကောက်ယူချက် လေ့လာချက် အရသိရကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည် ။


ယခုနှစ် ဧပြီလ ၁ ရက်နေ့က နမ့်မဒေသခံလူထု ၁၀၀ ကျော် နမ့်မ ဘုန်းကြီးကျောင်းတွင်စုဝေးကာ ကျောက်မီးသွေးတူး ဖော်ရေးရပ်တန့်ရန် စုပေါင်းတောင်းဆိုခဲ့သော်လည်း တူးဖော်မှုသည်ခေတ္တသာရပ်ဆိုင်းသွားပြီး ဆက်လက်တူးဖော်နေ ဆဲဖြစ်သည် ။


ထိုဒေသအတွင်းရှိ နယ်မြေများစိုးမိုးထားသည့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အား ယခုနှစ်ဆန်းပိုင်းက အစိုးရတပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုအပြီး နမ့်မကျောက်မီးသွေး စီမံကိန်းအား လုံခြုံရေးယူပေးနေ သည်မှာ ခလရ ၄၁ (လားရှိုး)၊ ခမရ ၅၂၃ (တန့်ယန်း) ၊ ခလရ ၆၇ (မိုင်းရယ်) ၊ခလရ ၂၉၁ (နမ့်ပေါင်) တို့က မန်ပန်ဌာနေပြည်သူ့စစ် လားဟူပြည်သူ့စစ် တို့နှင့်ပူးပေါင်းစစ်ကြောင်း တို့ဖြစ်ကြောင်း ဒေသတွင်းလူထုပြောပြချက် အရသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates