ဗန်းမော်ခရိုင် အတွင်း သျှမ်းလူငယ် ၃၀၀ ကျော် စွမ်းရည်မြှင့်သင်တန်းတက်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ နှင့် ဆက်စပ်လျှက်ရှိသည့် ဗန်းမော်ခရိုင် မန်စီမြို့နယ် ထွန့်လွယ်ဟိုဆေ လူငယ့် စွမ်းရည်မြှင့်တင်ရေးသင်တန်းသို့ သျှမ်းလူငယ် ၃၀၀ ကျော်  တက်ရောက်လေ့လာသည်ဟု သိရှိရသည် ။


သျှမ်းလူငယ်အဖွဲ့  TYO နှင့်  ‘ကော်တိုင်း’ ပညာရေးအဖွဲ့တို့ပူးပေါင်းကာ လူငယ်စွမ်းရည်မြှင့်တင်ရေး သင် တန်းကို ဩဂတ်စ်လ ၂၅ ရက်မှ ၂၇ ရက်နေ့အထိ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ထွန့်လွယ် ဟိုဆေဒေသ နမ့်ဟီးရွာရှိ သျှမ်းစာပေယဉ် ကျေးမှုအသင်းရုံးတွင်ကျင်းပခဲ့ရာ ဒေသခံ လူငယ် ၃၅၀ ထက်မနည်း တက်ရောက် လေ့လာဆည်းပူးကြသည်ဟု သင်တန်းဖြစ်မြောက်ရေးဦး ဆောင်ကော် မတီဝင် သူတဦးက ပြောသည် ။


TYO ဥက္ကဌ စိုင်းဆိုင်ခေးက - “လူငယ်တွေကိုအခုလိုတက်တက်ကြွကြွပါဝင်လာတာတွေ့တော့ အားရတယ်။ ကျေနပ်ဝမ်းသာတယ်။ ရှေ့ဆက်ပြီးတော့သျှမ်းလူငယ်တွေ ရုံး-ကနားကို မကြောက်ကြဖို့နဲ့ ဒေသတွင်း အခက်အခဲမှန်သမျှကို စာတင်တိုင်တန်းတတ်ဖို့ အတွက်မကြောက်ကြဖို့ တိုက်တွန်းချင်ပါတယ်” - သျှမ်း သံတော်ဆင့်အားပြောသည် ။


အဆိုပါ လူငယ်စွမ်းရည်မြင့်တင်ရေးသင်တန်းတွင် ဆရာမ နန်းချိမ်ဝမ်း၊ ဆရာ စိုင်းဆေဟန်၊ စိုင်းအောင် လျန်းခေး၊ စိုင်းကွန်းလျန်း၊ စိုင်းဆိုင်မိန်းတို့မှ ဒီမိုကရေစီအခြေခံ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊  နိုင်ငံသား တာဝန်၊  တွေ့ဆုံဆွေးနွေးရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ လူ့အခွင့်အရေးနှင့် လူမှုအသိုင်းအဝိုင်းကဏ္ဍတို့ကို ပို့ချသင်ကြားပေးကြောင်း သင်တန်းဖြစ်မြောက်ရေးကော်မတီဝင်ကပြောသည် ။


ဆရာမ နန်းချိမ်ဝမ်းက- “ သျှမ်းလူငယ်တွေ စိတ်ရှည်သီးခံတတ်ဖို့၊ အသိပညာ အတတ်ပညာတွေကို စိတ်ရှည်ရှည်ထားလေ့လာသင်ယူဖို့အတွက်နဲ့ အရှုံးမပေးဖို့ ပေါ့နော် အဲတာတွေက ရည်ရွယ်ပါတယ်။” ဟုပြောသည် ။


ထို့အပြင် လူငယ်များ အရည်အချင်းမြင့်မားသည့် အနာဂတ်ခေါင်းဆောင်ကောင်းဖြစ်လာစေရန်၊ ရပ်ရွာ အရေး သယ်ပိုးထမ်းရွက်တတ်စေရန်၊ တယောက်နှင့်တယောက် ကူညီရိုင်းပင်း  တတ်စေရန် ဖြစ်သည်ဟု ဆိုသည် ။


သင်တန်းဖြစ်မြောက်ရေးကော်မတီဝင် စိုင်းအောင်ပင်းတိုင်းက - “ ဒီသင်တန်းဖြစ်မြောက်ဖို့ အတွက် မညီးမညူပဲ  ပံ့ပိုးပေးတဲ့ ရပ်မိဖတွေ ၊ အလှူရှင်တွေကို အထူးကျေးဇူးတင်တယ်” - ပြောသည် ။


သျှမ်းလူငယ်အဖွဲ့  TYO နှင့်  ‘ကော်တိုင်း’ ပညာရေးအဖွဲ့တို့ပူးပေါင်း ဖွင့်လှစ်သည့်သင်တန်းသည် ယခု ဒုတိယ အကြိမ်ဖြစ်၏ ။ ပထမအကြိမ်ကမူ လွန်ခဲ့သည့် ၂၁-၂၃ ရက်နေ့ ဩဂတ်စ် ၂၀၁၆ က မူစယ်တ ဘက်ကမ်း မန့်ဟျိုးမြို့နယ်ခွဲ မှာ ကျင်းပခဲ့ပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates