မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်အဆင့်ဆင့်တွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်ဖို့ ၂၁ ရာစု ပင်လုံညီလာခံ၌ ဘန်ကီမွန်းတိုက်တွန်း



မန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးသည့် အဆင့်တိုင်းတွင်ပါဝင်သည့် ကိုယ်စားလှယ်အရေအတွက်၏ အနည်းဆုံး ၃၀ ရာခိုင်နှုန်းအား အမျိုးသမီးများ သင့်သည်ဟု နေပြည်တော်၌ ကျင်းပသည့် ၂၁ ရာစု ပင်လုံ ညီလာခံကြီးတွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက အဖွင့်မိန့်ခွန်း ၌ပြောကြား သွားသည် ။

အဖွင့်မိန့်ခွန်းပြောကြားသွားသော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း (Photo by Saihsaileng)
ဩဂတ်စ် ၃၁ ရက်နေ့ နေပြည်တော် MICC ii ဟောခန်းမတွင်ကျင်းပ သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံတွင် မစ္စတာဘန်ကီမွန်းက - ငြိမ်းချမ်းရေးလမ်းစဉ်တလျှောက် လျှောက်လှမ်းစဉ် မဖြေရှင်းရသေး သည့် ကိစ္စရပ်များကို ကိုင်တွယ်ရာတွင်လည်းကောင်း၊ နက်နဲသော ထိလွယ် ရှလွယ်သော ကိစ္စများအား ဖြေရှင်း ရာတွင်လည်းကောင်း၊ လိုအပ်သော ပညာဉာဏ်များနှင့် ပြည့်စုံစွာအားလုံး၏ အကျိုးစီးပွားများကို ထည့်သွင်းကာ လူထုအားလုံးပါဝင်သည့် တခုတည်းသော ညှိနိုင်းရေးလမ်းေ ကြာင်း ပေါ်ပေါက်စေရန်အတွက် တိုက်တွန်း ပြောကြားသွားသည် ။


“AGIPP မှာ အမျိုးသမီး ၁၀ ယောက် လေ့လာသူအနေနဲ့တက်ရောက်ခွင့်ရ ပါ တယ်။ အဲဒီမှာ မြန်မာနိုင်ငံ အမျိုး သမီး များအဖွဲ့ချုပ် WLB က မဟာမိတ် အဖွဲ့ ဖြစ်နေတဲ့အတွက် WLB က ၂ ယောက် လေ့လာသူအနေနဲ့ သွားတက်ေ ရာက်ကြပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲအဆင့်တိုင်းမှာ အမျိုးသမီးပါဝင်မှု အနည်း ဆုံး ၃၀ ရာခိုင်နှုန်း ရှိရမယ်ဆိုပေမဲ့လည်း ဒီတခေါက်မှာ လည်း မပြည့်ပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်က အမျိုးသမီး ပါဝင်ရေးကို တခွန်းမှ မဟ ပါ ဘူး။ဒါကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးအချင်းချင်း လက်တွဲခေါ်မှုအားနည်းနေ တယ်ဆိုတာ သိသာထင်ရှားလှပါတယ်” - သျှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှားေ ဆာင်ရွက် ရေး အသင်း (SWAN) မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖှ က ပြောသည် ။


၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်နေတဲ့ ဦးခွန်စိုင်းက လည်း - “အမျိုးသမီး သဘာဝနဲ့ အမျိုးသား သဘာဝ ကို ကြည့်ဖို့လိုပါတယ်။ သဘာဝ မဟုတ်တဲ့ဟာကို လုပ်မယ် ဆိုတဲ့ ကိစ္စက လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို ကြည့် လိုက် မယ်ဆိုရင် ဒီနိုင်ငံမှာမှ မဟုတ်ဘဲ ဘယ်နိုင်ငံမဆို ၊ ဥပမာ အမေရိကန် ဆိုပါတော့ အမျိုးသမီးတွေကို အခွင့်အရေးတွေ အများကြီးပေးထား တယ်။ ဘယ်လောက် ဘဲပေးထားပေးထား အမျိုးသမီးတွေ ပါဝင်မှုက နည်းနေဦးမယ် ဆိုတာ တွေ့ရတယ်” - ဟု သျှမ်းသံတော် ဆင့်သို့ ပြောသည် ။


သို့သော်လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံညီလာခံကြီး အား ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဒေါ်ဆောင်ဆန်းစုကြည် မြန်မာ့ နိုင်ငံခြားေ ရးဝန်ကြီး နိုင်ငံတော်၏ အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကျင်းပနေသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates