အားလုံးပါဝင်ခွင့်မရသည့်အတွက် ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ရေးအစီအစဉ် ခွန်ထွန်းဦး ပယ်ဖျက်



သျှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦး
ဩဂတ်စ်လ ၃၁ ရက် နက်ဖြန်တွင်စတင်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးအမည်ရ ၂၁ ရာစု ပင်လုံညီလာခံသည် အားလုံးပါဝင်မှု All inclusive မရှိဟုဆိုကာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးက တက်ရောက်မည့် အစီအစဉ် ယနေ့ပယ်ဖျက်လိုက် သည်ဟုသိရသည် ။


“ ကျနော်တို့ဥက္ကဌ ခွန်ထွန်းဦးအနေနဲ့ ယူအန်အက်စီရဲ့တောင်းဆိုချက်အရ  သူ့အနေနဲ့ ပါဝင်ဖို့ အဆိုပြုခံထားရတယ်။  ဒါမယ့် နဂိုကတည်းက ခွန်ထွန်းဦးက ကြေငြာထားတာ က All inclusive  မဖြစ်ဘဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း  အားလုံးပါဝင်ခွင့် မရှိဘူးဆို လို့ရှိရင် သူ့အနေနဲ့လည်းဘဲ တက်ရောက်ပြီး ဆွေးနွေးဖို့ လက်မှတ်ထိုးဖို့ဆိုတာတွေ မလုပ်နိုင် ဘူးပေါ့နော်။ အဲ့ကြောင့်မို့လို့ အခု ရခိုင် AA ကိုးကန့် MNDAA  တအာင်း TNLA  အစရှိအဖွဲ့ အစည်း ၃ ခုကျန်ခဲ့တဲ့ အတွက်ကြောင့် မို့လို့ သူ့အနေနဲ့ နဂိုပြောထားတဲ့အတိုင်း ဒီညီလာခံ ကိုတက်ရောက်ဖို့မဖြစ်နိုင်ဘူး ဆိုတာကို ဆုံးဖြတ်လိုက်ရခြင်းဖြစ်ပါတယ်” - ဟု  သျှမ်းတိုင်းရင်း သားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပြောခွင့်ရှိသူ စိုင်းလိတ်က သျှမ်းသံတော်ဆင့် အားပြောပြသည် ။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် အစိုးရ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၈ ဖွဲ့အပြင်လေ့လာသူများ ပါဝင်သင့်ပါဝင်ထိုက်သူများ ၊ ပညာ ရှင်များနှင့် အသိသက်သေများ စုစုပေါင်းလူအင်အား ၁၈၀၀ ခန့်ဖြင့် ဩဂတ်စ်လ ၃၁ ရက်မှ စက်တင်ဘာ လ ၄ ရက်နေ့အထိ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဦးဆောင် ကျင်းပသွားမည်ဖြစ်သည် ။


သို့သော် ဩဂတ်စ်လ ၃၀ ရက်နေ့ ယနေ့တိုင် အစီအစဉ်များ တိကျစွာဆုံးဖြတ်ချ မှတ်နိုင်ခြင်း မရှိသေးကြောင်း နေပြည်တော်ရောက် စိုင်းလိတ်က ပြောပြသည် ။


“ မနက်ဖြန် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်တော့မယ်။ဖွင့်ပွဲလုပ်တော့မယ်။ ဒါပေ မယ့် အခု စကားပြောနေချိန်အထိ တဖက်နဲ့တဖက် စစ်တင်းပလဲန်ကအစ ညှိနှိုင်းနိုင်ခြင်းမရှိ သေးဘူး။ သဘောတူညီနိုင်ခြင်းမရှိသေးဘူး။ ဥပမာ သဘာပတိအဖွဲ့ ၅ ယောက်ထားမယ်။ EAO အထူးသဖြင့် UNFC ဘက်ကတော့ သုံးပွင့်ဆိုင် ဘဲဖြစ်ဖို့ အဆိုပြု တာကိုလည်း အခု ထက်ထိ ဆုံးဖြတ်ချက်မချဘူး။  EAO ဘက်ကတယောက်၊ လက်မှတ်ထိုးတဲ့အဖွဲ့ ၈ ဖွဲ့ဘက်က  ၁ ယောက်စကားပြောခွင့်တောင်းတာကိုလည်း အဆင်မပြေဘူး။ အဲတာကိုကြည့် မယ်ဆိုရင်   တပ်မတော်အနေနဲ့ငြိမ်းချမ်းရေး လုပ်ငန်းနဲ့ပတ်သက်ပြီး တိကျတဲ့မူဝါဒမရှိသေးဘူး။ တန်းတူညီမျှဆက်ဆံနိုင်တဲ့ သဘောထားကြီးခြင်းမရှိသေးဘူးလို့ သုံးသပ်လိုပါတယ် ။”


ကိုးကန့် MNDAA၊ တအာင်း TNLA နှင့် ရခိုင် AA တို့သည် ၂၁ ရာစုပင်လုံ ညီလာခံ တက် ရောက် နိုင် ခွင့်ရရှိရေးအတွက် လက်နက်စွန့်လွတ်ရမည် ဆိုသည့် ထုတ်ပြန် ကြေငြာချက် ထုတ်ပြန်ရမည်ဟု အစိုးရနှင့်တပ်မတော်ဘက်မှ တောင်းဆိုထားသည်။ သို့သော် မဟာမိတ် တပ်ဖွဲ့ဘက်ကလက်မခံသောကြောင့် ညီလာခံတက်ရောက်ရန် ဖိတ်ကြားခြင်းမပြုရခြင်း ဖြစ်သည် သိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates