ယခုလကုန်ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံ တိုင်းရင်းသားလိုအပ်ချက် အဆုံးအဖြတ်ပေးနိုင်မည် မဟုတ်



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်ကျင်းပ မည့် ၂၁ ရာစုပင်လုံညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး တက်ရောက်နိုင်မည်ဖြစ်သော်လည်း နိုင်ငံရေးအရ ဆွေးနွေး ဆုံးဖြတ်မှု များ ပြုလုပ်နိုင်ဦးမည် မဟုတ်ကြောင်း သိရသည် ။

လိုင်ဇာ တိုင်းရင်းသားခေါင်းဆောင်များ စုံညီအစည်းအဝေးသို့ UNA ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည့် စိုင်းကျော်ညွန့်
၂၁ ရာစုပင်လုံညီလာခံ သို့မဟုတ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို သြဂတ်စ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်ဟု အစိုးရက ကြေငြာထားသည် ။


" အားလုံးပါဝင်နိုင်တယ်ဆိုပေမဲ့ ဆွေးနွေးဆုံးဖြတ်မှုတွေပြုလုပ်ဦးမှာမဟုတ်ဘူး။ အဖွဲ့အစည်း အလိုက်တော့ စာတမ်းဖတ်တာတွေတင်ပြတာတွေတော့ရှိမယ်။" ဟု နေပြည်တော်တွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ UPDJC အစည်းအဝေးသို့တက်ရောက်ခဲ့သည့် UPDJC ၏ နိုင်ငံရေး ပါတီများ အစုအဖွဲ့မှ အထွေထွေအတွင်းရေးမှူး စိုင်းကျော်ညွှန့်ကပြောသည် ။


ယင်းသို့ဆွေးနွေးဆုံးဖြတ်မှုများမပြုလုပ်နိုင်ခြင်းမှာ NCA လက်မှတ်မထိုးသေး သည့်အဖွဲ့များရှိနေဆဲ  ဖြစ်ပြီး ညီလာခံနောက်ထပ်တကြိမ်မတိုင်ခင်တွင်မူ NCA နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက် မှတ် မထိုးရ သေးသည့် အဖွဲ့ များ အနေဖြင့် လက်မှတ်ရေးထိုးပြီးမှ တက်ရောက်နိုင်မည်ဖြစ်ကြောင်း လည်း ၂၁ ရာစု ပင်လုံဖြစ်မြောက် ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောသည် ။


NCA စာချုပ်အရဆိုလျှင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များမှ ကိုယ်စား လှယ်များသာ တက်ရောက်ခွင့်ရမည်ဖြစ်သောကြောင့် ကျင်းပရန် သိပ်မလိုတော့သည့် ၂၁ ပင်လုံတွင် အားလုံးပါဝင်တက်ရောက်နို င်ရေး အတွက် ညီလာခံကိုယ်စားလှယ်များအစား ညီလာခံ တက်ရောက် သူများဟု အမည်ပြောင်းလဲကာ ကျင်းပတော့မည်ဖြစ်သည် ။


ယင်းအပြင် ၂၁ ပင်လုံပူးတွဲကျင်းပရေးကော်မတီတွင် လက်မှတ်မထိုးသေး သည့် အဖွဲ့များ ပါဝင်နိုင် ရန် တောင်းဆို ထားသည့်အပေါ် ပါဝင်ခွင့်ပြုမည့်အ ချက်ကိုလည်း နေပြည်တော်တွင် သြဂုတ် ၁၅ ရက်နေ့ကပြုလုပ်သည့် အစည်းအဝေးတွင် သဘောတူညီချက်ရယူနိုင်ခဲ့သည် ။


ပွဲများကို သက်ဆိုင်အမျိုးသားအလိုက်ကျင်းပ မည်ဖြစ်ကာ ယင်းနောက်တွင် ညီလာခံကို ဒုတိယ အကြိမ်မြောက်ကျင်းပမည်ဖြစ်ပြီး ဒုတိယအကြိမ်မြောက် ညီလာခံဆွေးနွေးမှုတွင်မူ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးပြီးမှသာ တက်ရောက်နိုင်မည်ဖြစ်သည် ။


ယခင်အစိုးရလက်ထက်က ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ပါဝင်ရန် ငြင်းဆန်ခံ ထားရ သည့် တအာင်း ပလောင် ၊ ကိုးကန့် MNDAA ၊ AA ရက္ခိုင့်တပ်မတော် စသည့်အဖွဲ့များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တို့ မိုင်းလား တွင် တွေ့ဆုံ ခဲ့ပြီး လက်နက်စွန့်ရန် ဆန္ဒရှိကြောင်း ကြေငြာချက်ထုတ်ပြန် ရန် ငြိမ်းချမ်းရေးကော် မရှင်ဘက်မှ တောင်းဆိုမှုများရှိခဲ့ပြီး သဘောတူညီမှု တစ်စုံတရာ မရရှိခဲ့ပေ ။


၂၁ ပင်လုံမှာကျင်းပရန် ၂ ပတ်ခန့်သာလိုတော့သော်လည်း နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည် သုံးသပ်ပြင်ဆင်မှုအတွက် ဆွေးနွေးမှုမှာ ပြီးပြတ်ခြင်း ရှိသေးကြောင်းသိရသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates