နမ္မတူမြို့နယ် ရွာသားသုံးဦးသတ်ခံရသည့်ကိစ္စ ပြည်သူ့အတွက်တရားဥပဒေ ကာကွယ်ပေးမှုကင်းမဲ့ ဟု SNLD ပြော
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံအုပ်စုတွင် ဒေသခံ ၃ ဦး သတ်ဖြတ်ခံရကာ အလောင်း အား တောတွင်းတနေရာတွင်မြှုပ်နှံခံထားရသည့်ကိစ္စသည် ပြည်သူ့အတွက် တရားဥပဒေ အကာ အကွယ်ပေးမှု၊ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေသည်ဟု ကျားခေါင်းပါတီက ပြောသည် ။
![]() |
| နမ္မတူမြို့နယ် ဝမ့်မိုင် နှင့် ဆာမ်ခါရွာ ကြားရှိ တောအတွင်း ဝါးတောတွင် မြုပ်နှံထား သော အလောင်းများကိုရွာသားများတွေ့ရှိတူးဖော်နေကြစဉ် |
မှိုရှာဖို့ထွက်သွားသည့်ဒေသခံ ၃ ဦးမှာ အိမ်ပြန်မရောက်လာသည့်အတွက် မိသားစုဝင်များက ရပ်မိရပ်ဖ များနှင့်အတူ လိုက်လံရှာဖွေကြောင်း၊ သေဆုံးသူ အလောင်းအား ၄၊ ၈၊ ၂၀၁၆ ရက် နေ့ကတွေ့ ကြောင်း၊ နှစ်လောင်းတကျင်း၊ တလောင်းတကျင်း မြှုပ်ထားကြောင်း၊ သေဆုံး သူတဦး၏ မိသားစုဝင် တဦးဖြစ်သည့် စိုင်းအိုက်ထွန်း ကပြောသည် ။
“ အခုတလောတင်မကဘူး ပြီးခဲ့တဲ့ ၂-၃ လ ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတွေဟာ လုံးဝမ တရားတဲ့ကိစ္စဖြစ်တယ်….. အဲဒီကိစ္စတွေဟာ တရားဥပဒေစိုးမိုးမှု မရှိဘူးဆိုတာကို ပြသနေပါ တယ်။ အဲဒါကြောင့်မို့လို့ ပြည်ထောင်စုအစိုးရ နဲ့ သျှမ်းပြည်နယ်အစိုးရကိုယ်တိုင် ဒီကိစ္စအပေါ် ဖိဖိ စီးစီးနဲ့ တာဝန်ယူလုပ်ပေးဖို့လိုအပ်တယ်။ နောက်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဟာလဲပဲ လူသားအခွင့်အရေး၊ လူ့အခွင့်အရေးကိုလေးစားလိုက်နာပြီးတော့ ကျင့်သုံးရမယ့်စစ်စည်း ကမ်း စစ်ကျင့်ဝတ်ဥပဒေကို စောင့်ထိန်းဖို့ အားလုံးကို တိုက်တွန်းလိုပါတယ်…. ” ဟု ကျားခေါင်းပါတီ ပြောခွင့်ရ စိုင်းလိတ် ကပြောသည် ။
လက်သည်မပေါ်ဘဲ သတ်ခံရသည့် နမ္မတူမြို့နယ်က သျှမ်းတောင်သူသုံးဦးမှာ မန့်စံကျေးရွာအုပ်စု ဒေသ ကောင်းဟုန်းရွာသား (ဦး) လုံးပေါ်ခမ်း (အသက် ၅၆ နှစ်) ၊ (ဦး) စိုင်းအိုက်ပန် (အသက် ၃၁ နှစ်)နဲ့ (ဦး) စိုင်းအိုက်ထွေး ( အသက် ၂၄ )နှစ် တို့ ဖြစ်သည် ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြန်ကြားရေးသတင်းဌာနက “ သေဆုံးသူ သုံးဦး အနက် နှစ်ဦးဟာ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့ဝင် ဖြစ်တယ်” ဟု သ တင်းထုတ်ပြန်ထားပါသည် ။
“ဒီကိစ္စက ကျနော်တို့ စစ်ဆေးရေးကော်မတီ ဖွဲ့ပြီး စစ်ဆေးသွားဖို့ ရှိတယ်။ ဘယ်သူဘဲဖြစ်ဖြစ်ပြစ်မှု ကျူးလွန်ရင်တော့ ကျနော်တို့မှာ ရှိသည့် တရားဥပဒေ အတိုင်း လုပ်ဆောင်သွားမှာဖြစ်တယ်” - ဟု SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် ပြန်ကြားရေး အရာရှိ ကြီးတဦးက ပြောသည် ။
“လက်သည်တော့ခုထိ မသိသေးဘူး။ လွှတ်တော်အမတ်တွေ နိုင်ငံရေးပါတီဘက်ကတော့ ကူညီပေးနေပါတယ်။ ဒီဘက်မှာလည်းလက်နက်ကိုင်တပ်ဖွဲ့က တော်တော်များနေတော့ ။ အက်တာကို လက်သည်ဖော်ပေးဖို့နဲ့ တရားမျှတစွာဖြေရှင်းပေးဖို့။ လူမှုအဖွဲ့အစည်းကော၊ နိုင်ငံရေးပါတီကော၊ သက်ဆိုင်ရာအာဏာပိုင်တွေကိုရော စာရေးသားပေးပို့ဖို့ပြင်ဆင်နေကြတယ်၊ လက်နက်ကိုင်တပ်တခုနေ နေတဲ့ နေရာနဲ့သိပ်မဝေးဘူး၊ အလောင်းတွေ့တာက ” - ဟု အလောင်းများအား ရှာဖွေရာတွင် ပါဝင်သည့် (ဦး)လုံးမောင်ကပြောသည် ။
နမ္မတူမြို့နယ် မန်စံအုပ်စုတွင် အဆိုပါ သတ်ဖြတ်မှုဖြစ်ပွါးသကဲ့သို့ ပျောက်ဆုံးနေသည့် နမ့်တောင်ကုန်းရွာသား ၏မီးရှို့ခံထားရသည့်အလောင်းကိုလည်း သတ်ဖြတ်မှုလက်သည်မသိရသေးဘဲ ညောင်မောင်းရွာအနီးတွင်တွေ့ရှိရကြောင်း နမ္မတူဒေသခံများပြောပြချက်အရသိရသည် ။
နမ္မတူမြို့နယ်အတွင်းတွင် အစိုးရတပ်မတော် တပ်ဖွဲ့များအပြင် သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ဖြစ်သည့် RCSS/SSA , SSPP/SSA ၊ တအာင်းလပ်နက်ကိုင်တပ်ဖွဲ့ TNLA၊ ကချင်လွတ်လပ် ရေးတပ်ဖွဲ့ KIA တို့လည်း ရံဖန်ရံခါ မဟာမိတ်တပ်များနှင့် အတူ ရောက်ရှိလှုပ်ရှားနေသည်ဟု သိရသည် ။
ပြီးခဲ့သည့် ဂျွန်လ ၂၅ ရက်နေ့က လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိမိုင်းယော်တိုက်နယ် တွင်လည်း သတ်ဖြတ်ခံရသည့် ဒေသခံရွာသားအလောင်း ၇ လောင်းအနက် ၅ လောင်းမှာ ၎င်းတို့စစ်ကြောင်း၏လက်ချက်ဖြစ်ကြောင်း အစိုးရတပ်မတော်ဘက်က ဝန်ခံထားသည် ။
Tags: Crime, News



