ညောင်ရွှေဟော်နန်းမှသည် … ညဈေးတန်းသို့ …
![]() |
ညောင်ရွှေစော်ဘွားကြီး
စဝ်ရွှေသိုက်၏သမီး စဝ်ပါဟေမာသိုက်အား
သျှမ်းသံတော်ဆင့်သတင်းထောက်
နန်းဆိုင်ဖူးမှ တွေ့ဆုံမေးမြန်းနေစဉ်
|
အသေးစိပ်အကြောင်းသိရအောင်လို့ ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်နဲ့ ဇနီးစဝ်မြဝင်းတို့ရဲ့သမီးတော် စဝ်ဟေမာသိုက်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက တွေ့ဆုံမေးမြန်း ထားပါတယ်။
မေး ။ ။ မိုင်ဆုံခ စဝ်ပါ ။ မင်္ဂလာပါရှင့် ။ အခုတလော ညောင်ရွှေဟော်နန်းမှာ ညဈေးဖွင့်မယ်လို့ သတင်းတွေထွက်နေတဲ့အပေါ် စဝ်ဟေမာသိုက် ဘယ်လိုမြင်ပါသလဲရှင့် ။
ဖြေ ။ ။ ဟော်နန်းမှာ ညဈေးလုပ်မယ် အစားသောက်ရောင်းမယ်ဆိုတာ ဒါမဟုတ်သေးဘူးလေ။ မြန်မာပြည်မှာ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်ေ တွ အများကြီးရှိတယ်။ ဥပမာ ပုဂံမှာ ရှေးဟောင်း အထွတ်အမြတ် တွေလည်း အများကြီးရှိတယ်လေ။ အဲတာမှ ဒီညောင်ရွှေဟော်နန်းကိုလာရွေးပြီးလုပ်တယ် ဆိုတော့ အန်တီတို့ သျှမ်းပြည် သမိုင်းကို ဖျောက်ချင်လို့လား၊ သျှမ်းတွေရဲ့ ယဉ်ေ ကျးမှုကို သေးသိမ်အောင်လုပ်သလား၊ သူတို့ဒါမျိုးလုပ်လိုက် ရင် ပျောက် သွားမှာဘဲလေ။ ဟော်နန်းကို ဘယ်သူဘယ်ဝါ ဆောက်ခဲ့ တယ်ဆိုတာ နောက် ဆိုရင်ဘယ်သူမှ သိကြတော့မှာ မဟုတ်ဘူး။ အဲတာတွေ ဘယ်သူက တာဝန် ယူမှာလဲ။ နောက်တစ်ခုက ၂၁ ရာစု ငြိမ်းချမ်းရေးဆိုတာကြီး ကလည်း နေပြည်ေ တ်ာမှာ လုပ်ခဲ့ပြီးပြီ။ လူတိုင်းက ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးသာ ပြောနေတယ်။ ရင်ထဲက ငြိမ်းချမ်းရေးလည်း လိုအပ်တယ်လေ။ အခုလို ဟော်နန်းကို မဟုတ် မဟပ် လုပ်မယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ အန်တီတို့ မိသားစု အပြင် အန်တီတို့ အသိုင်းအဝိုင်းအားလုံးက ဒီရင်ထဲမှာ ငြိမ်းချမ်းရေး မရှိတော့ဘူး။ အဲတာကြောင့်သူတို့ပြောနေတဲ့ ဒီငြိမ်းချမ်းရေး ဆိုတဲ့စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်ေ နတယ်လို့ အန်တီ ယူဆပါတယ်။
မေး ။ ။ သမိုင်းဝင်တန်ဖိုးကြီးနေရာမှန်းသိရက်နဲ့ ညဈေးဖွင့်မယ်လို့ သူတို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဘယ်လို ပြောချင် ပါသလဲရှင့်။
ဖြေ ။ ။ ကန့်ကွက်ပါတယ်။ ဘာဖြစ်လို့ကန့်ကွက်လည်းဆိုတော့ - ၀န်ကြီး ကပြောတယ် ယဉ်ကျေးမှုကို မြှင့်တင် တဲ့အနေနဲ့ ရှေးဟောင်းကို မြှင့်တင်တဲ့ အနေနဲ့ ဒီမှာ ညဈေးဖွင့်မယ်တဲ့ ။ ပုဂံမှာ ရှေးဟောင်းအမွေအနှစ်တွေရှိတာဘဲ မန္တလေးနန်းတော်တွေ ရှိတာဘဲ ။ အဲ့မှာ မလုပ်ဘဲနဲ့ ဒီသျှမ်းအမွေအနှစ်ကို ဘာဖြစ်လို့ ဒီညဈေးလာလုပ်ချင်လဲ ။ အန်တီ တော့ စိတ်ပူတယ် သျှမ်းသမိုင်းတွေ ကိုေ ဖျာက်ပြီး ကျိုင်းတုံဟော်နန်းလို ဖြစ်သွားမှာကို စိတ်ပူတယ်။
မေး ။ ။ ဒီလိုဆိုရင် စဝ်ပါ တို့ဘက်က ကန့်ကွက်စာတို့ဘာတို့ တင်ထားလားရှင့်။
ဖြေ ။ ။ တင်ထားတယ်။ ဂျုလိုင်လ ၂၈ ရက် ကတည်းက ဟော်တယ်နဲ့ ခရီးသွားဝန်ကြီး ဆီကို လိပ်မူပြီးတော့မှ ညဈေးလုပ်မယ်ဆိုတဲ့ဟာကို ကန့်ကွက် တယ်။ နေပြည်တော် နိုင်ငံတော်သမ္မတရုံး ၊နေပြည်တော် အတိုင်ပင် ခံရုံး၊ နြေ ပည် တော် သာသနာရေး နဲ့ ယဉ်ကျေးမှု ဌာန၊ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကို တင်တယ်၊ သျှမ်းပြည်နယ်အစိုးရ ဗမာတိုင်းရင်း သားဝန်ကြီးနဲ့ အင်းတိုင်းရင်း သား ဝန်ကြီးတွေကိုတင်တယ် ။ ကန့်ကွက်စာကို သူ့ဆီကိုလည်းလိပ်မူပြီးတင် ထားတင်ထား လျက်နဲ့ စက်တင်ဘာ ရ ရက်နေ့မှာ လွှတ်တော်မှာ အမတ်မင်းေ တွက ဒီကိစ္စ ဆွေးနွေးမေးမြန်းကြတော့ ဟော်တယ်နဲ့ ခရီးသွားဝန်ကြီးက ညဈေး တန်း လုပ်မယ်လို့ ဖြေတယ်။ ဒါဟာ အန်တီတို့ကို သူ မလေးစားဘူး၊ အလေး မထားဘူး ဂရုမစိုက်ဘူး ဆိုတဲ့သဘော လုပ်သွားတယ်လို့မြင်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ ။ ဟော်နန်းပိုင်ရှင် စော်ဘွားကြီးမျိုးဆက်က အခုလို ကန့်ကွက်နေတဲ့ကြားက အစိုးရဘက်က ဟော်နန်းဝင်းမှာ ညဈေးဖွင့်ဖြ စ်အောင် ဖွင့် ခဲ့မယ်ဆိုရင် စဝ်ပါတို့ ဘယ်လိုဆက်လုပ်ကြမလဲရှင့် ။
ဖြေ ။ ။ ကန့်ကွက်နေတဲ့ကြားကနေ ညဈေးဖွင့်လိုက်ရင် ဒါကတော့ ကောင်း မွန်တဲ့ အုပ်ချုပ်ရေး မဟုတ် ဘူး ပေါ့။ ဒီလိုဘဲမြင်ပါတယ်။ ကောင်းမွန်သော အုပ်ချုပ်ရေးဆိုရင် ပြည်သူတွေရဲ့ သဘောထားကို ကြည့်ရမယ်လေ။ အန်တီ တို့က သူတို့နဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့ ပြည်သူတွေပဲ ။ အခုခေတ်က ဒါတွေ ကုန်သွားပြီ ။ အရပ်သားအစိုးရလေ ။ ဒါမယ့် သူတို့ သိရမယ်လေ ။ ဆက်ပြီး လုပ်သွားမယ်ဆိုရင် သူတို့ ပြည်သူတွေအပေါ်မှာ ဘယ်လိုမျက်နှာထားမလဲ။ အဲလိုဆိုရင်ရှေ့ဆက် မျက်နှာရှိပါ့မလား။ သူတို့သေချာစဉ်းစားတွေးေ တာပြီးမှ လုပ်ရပါမယ်။
မေး ။ ။ ဒါပေမယ့်ဝန်ကြီးကတော့ ပြောသွားပါတယ်။ လုပ်မယ်ဆို ရင် ပြည်သူ ကိုအရင်ချပြ ပြီးမှ လုပ်သွားမယ်။ ဒေသခံတွေနဲ့လက်တွဲဆောင်ရွက် သွားမယ်။ အတွေ့အကြုံရှိတဲ့ ပညာရှင်တွေနဲ့လုပ်သွားမယ်ဆိုတာကကော်။ ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ အန်တီတို့လည်း ပြည်သူထဲက ပြည်သူတွေဘဲလေ။ ဘာေ ကြာင့် အန်တီတို့ကို အရင် အကြောင်း မကြား တာလဲ။ သူတို့ဒီလိုမျိုးပြောလာရင် သံသယဝင်စရာပေါ့။ နောက်တစ်ခုက သူက အန်တီတို့နဲ့ ခင်တယ် ၊ အန်တီ တို့က သဘောတူတယ်ဆိုတဲ့ ပုံစံမျိုးသွင်းပြီး လုပ်နေ ပြောနေကြ တာလေ။ အဲ့တာကြောင့် အန်တီ ကန့်ကွက်တာ။ သူဘာမှ မလုပ်ခင် အန်တီတို့နဲ့ တိုင်ပင် ရင် တစ်မျိုးပေါ့ ။ ဟုတ်လား။ ခုတော့အဲ့လို ပြသနာက ကြီးကြီးဖြစ်သွားတာပေါ့ ကိစ္စသေး သေး လေးကို ။ ပြောချင်တာက ဒီငြိမ်းချမ်းရေးဆိုတဲ့ကိစ္စတွေ NCA အပစ်ခတ်ရပ်စဲရေးဆိုတဲ့ ဒီလောက်ကြီးကြီး မားမား ပြသနာတွေ ရှိရဲ့သားနဲ့ အန်တီတို့ရဲ့ ဒီနေအိမ်ဟောင်းကြီးကို ဘာဖြစ်လို့ ဘက်ညိုးထိုးပြီး ပြသနာ ရှာတာတုန်း ။ အန်တီတို့က အေးအေးချမ်းချမ်းဘဲ ဖြစ်စေချင်တာပေါ့။
မေး ။ ။ ဒီဟော်နန်းကနေ အန်တီ ကြုံတွေ့ခဲ့ရတဲ့ မမေ့နိုင်စရာလေးတွေ၊ အမှတ်ရစရာ သမိုင်းတွေ ဘယ်လိုရှိခဲ့သလဲ။ နောင်လာနောက်သားတွေ သိရအောင် တချက်ပြောပြပေးလို့ရမလားရှင့်။
ဖြေ ။ ။ ဒီဟော်နန်းကြီးကို အန်တီတို့ အဖိုးတို့ အဖေတို့က ဆောက် ခဲ့ တာ။ ကိုယ်တွေလည်းနေထိုင်ခဲ့ရတယ် ။ ဒီဟော်နန်းကိုချစ်ပါ တယ်။ နောက်ြ ပီး ညောင်ရွှေမြို့သူ မြို့သားတွေ အတွက်လည်း ဒီဟော်နန်းဟာ ဂုဏ်ယူဖွယ် တခုဖြစ် ခဲ့တယ်။ ညောင်ရွှေမြို့မှာ ဗုဒ္ဓဘာသာပွဲတော် တော်တော်များများ လုပ် ကြ တယ် ။ အရင်ခေတ်ကတည်းက ဒီဟော်နန်း ထဲမှာ ၁၂ ရာသီလုံး ပွဲတော်ေ တွရှိခဲ့တယ်။ ဥပမာ စာပြန်ပွဲပေါ့ နယုန်လမှာဆိုရင် ပထမဦးဆုံး ဝိနယာဒိနုဂ္ဂဟ စာပြန်ပွဲ တော်က အန်တီတို့ ဖေဖေက စပြီးကျင်းပပေးခဲ့တာလေ။ သူသမ္မတ မဖြစ်ခင်က စီစဉ်ပြီးမှ ပထမဦးဆုံး ဟော်နန်းမှာ လုပ်တာ ။ ဘုန်းကြီးတွေကို ဆွမ်းကပ်တယ် ။ ကိုရင်တွေလဲပါတယ်။ ပြည်သူလူထုတွေ လည်း အဲ့မှာလာပြီး မှ ပွဲဝင် တယ်။ သျှမ်းပြည်နယ်လုံးဆိုင်တာလေ။ အဲ့ဒါတစ်ခု ။
နောက်ကြီးကြီး မား မားပွဲတော်တခုက အင်းလေး ဖောင်တော်ဦး ဘုရား ကြွလာ တဲ့ခါကျ ရင် ဖောင်တော်ဦးဘုရားကို နေ့ဆွမ်းကပ်တယ် ။ ကပ်တော့ ပြည်သူ လူထုတွေ လည်း အများကြီးလာပြီးတော့ ကန်တော့တယ်။ သူတို့ကိုလည်း ဧည့်ခံကျွေးမွေးတယ်ပေါ့။
နောက်တစ်ခုက စော်ဘွားကြီး အကန်တော့ခံပွဲပေါ့။သျှမ်းထုံးစံအရလေ ။ တန်ခူး လတစ်ကြိမ် သီတင်းကျွတ်တစ်ကြိမ် ။ အဲလိုအကန်တော့ခံတဲ့ခါမှာ အပြင်ညီလာ ခံနဲ့ အတွင်းညီလာခံဆိုတာရှိတယ်။ အပြင်ညီလာခံက ပြည်သူ လူထုအတွက်။ အတွင်းညီလာခံက ဆွေမျိုးတွေအတွက်ပေါ့ ။ အဲလို အချိန် ကျရင် လည်း စော် ဘွားကြီးကိုလာပြီးကန်တော့တဲ့လူထုကို ဟော်နန်းမှာ ကျွေးမွေး ဧည့်ခံတယ် ။ ဒါ ၁၉၆၄ ခုနှစ်တုန်းကပေါ့။
အခုတော့ ဒီဓလေ့ထုံး တမ်းေ တွ ပျောက်ကုန်ပြီလေ။ မရှိတော့ဘူး။ လူငယ်ေ တ်ာတော်များများလည်း ဘာမှမသိတော့ဘူး။ အန်တီတောင် အသက် ရ၂ နှစ် ရှိပြီကော်။ ကိုယ့်ဘဝအကြောင်း ပြန်ပြီး ကောက်ေ နတုန်း။ ညောင်ရွှေေ ဟ်ာနဲ့ က သံယောဇဉ်ကြီးနေတော့ အချက်အလက်တွေပြန်ကောက်ပြီး မှ တောက်ေ လျှာက်ပြန်ကြည့်တယ်။ အန်တီတို့ရဲ့ ဒီဟော်နန်းကို အစိုးရ အဆက်ဆက်က ဘာတွေလုပ်ခဲ့သလဲ။ ယဉ်ကျေးမှု ပြတိုက် လုပ်တယ်။ စော်ဘွား ကြီး ပြတိုက် လုပ်တယ် ။ ပုံစံအမျိုးမျိုးပြောင်းပြီးတော့မှ လုပ်ခဲ့တာတွေ။ ဗုဒ္ဓပြတိုက်လည်းဖြစ် တယ် ။ သျှမ်းယဉ်ကျေးမှု၊ သျှမ်းသမိုင်း၊ သျှမ်းအသက်အငွေ့တွေမပျက်စီး ဘဲရှိနေတဲ့ အတွက်ကြောင့် အန်တီတို့လည်းဘာမှမပြောဘဲနေခဲ့တယ်။
အခုကျတော့ အန်တီတို့ကို ဘာမှအကြောင်းမကြားဘဲနဲ့ သူတို့ဒါမျိုးလုပ်လာ တယ်ဆိုေ တာ့ ခံစားရတယ်လေ။ အမှန်က ဒီကိစ္စက အန်တီတို့ မိသားစု နဲ့ ဟော် တယ်ခရီးဝန်ကြီးနဲ့ သက်ဆိုင်ရာ ယဉ်ကျေးမှုနဲ့ တိုးတိုးတိတ် တိတ် နဲ့ ဆွေးနွေးရင် လည်း ပြီးသွားတာဘဲလေ။ အခုက သူတို့က အဲ့လိုမျိုး လုပ်တော့ ဟိုးလေးတေ ကျာ်ေ ကျာ်ဖြစ်သွားတာ အန်တီလည်း မကြိုက်ဘူးလေ။ ဒါကြောင့် အန်တီက ဒီဟော်နန်းကို တန်းဖိုးထားပြီး ပြန်ရချင်တာပါ။
မေး။ ။ ညောင်ရွှေ ဟော်နန်းကို ပြန်ရဖို့ အစိုးရဆီမှာ စဝ်ပါတို့ စာတင်ဖူးတယ်လို့ ကြား ဖူးတယ်။ အဲတာဘယ်တုန်း ကလဲရှင့် ။ အခြေအနေဘယ်လိုရှိလဲဆို တာ ပြောပေးလို့ရမလား။
ဖြေ ။ ။ ၂၀၁၃ ဂျူလိုင်လကုန်လောက် နေပြည်တော်မှာရှိတဲ့ ယဉ်ကျေးမှုဌာန က သျှမ်းပြည်နယ် အစိုးရကို လွှဲလိုက်တယ်။ အဲ့ဒီတုန်းက ပြည်သူပိုင်သိမ်း လိုက်တဲ့ ကျောင်းတွေ ရုပ်ရှင်ရုံတွေ ပြန်တောင်းရင် ပြန်ရတယ် မဟုတ်လား။ အဲ့တော့ အန်တီကလည်း ငါတို့အိမ်ဘဲ ။ ငါတို့ပြန်တောင်းမယ်ဆိုပြီး အဲ့ချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ အမေက စော်ဘွားကြီးရဲ့ တရားဝင်ဇနီး တယောက် အနေနဲ့ သူက ပြန်တောင်းပေးတယ်။ ၂၁၀၃ ဂျုလိုင်လ ၂၃ ရက်ေ န့ ပေါ့။ နိုင်ငံေ တာ် သမ္မတ ဦးသိန်းစိန်ကိုစာတင်တောင်းတာ။ သျှမ်းပြည်နယ်အစိုးရကို မိတ္တူပို့တယ်။ အမေက ၂၀၁၄ မှာ ဆုံးသွားတယ်။
၂၀၁၅ ဂျူလိုင် ၂၂ ရက်နေ့မှာ ပထမတောင်းထားတဲ့စာကို ရည်ရွယ်ပြီးတော့မှ အန်တီက ပြန်တောင်းတယ် ။ ညောင်ရွှေက သျှမ်းပြည်မှာရှိတာပေါ့နော် ။ ဆိုတော့ သျှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုတောင်းတယ် ။ စောင့်ကြည့်တယ်။ ၂၀၁၆ ဒီနှစ် ဒီအရပ်သားအစိုးရဘဲ အရင်တင်ထားတဲ့စာတွေကို သူတို့မကြည့်ဘူး ဂရုမစိုက်ဘူး။ စာလည်း မပြန်ဘူး။
ဒါမယ့် အရပ်သားအစိုးရဆိုတော့ ယုံယုံကြည်ကြည်နဲ့ ဂျွန်လ ရ ရက်နေ့ မှာ ဟော် နန်းကိုတောင်းခံစာ ထပ်ပြီးတင်တယ် ။ သျှမ်းပြည်နယ် ဝန်ကြီးချုပ် တစ်ဦး တည်းကိုဘဲ တင်လိုက်တာ။ တင်လိုက်ပေမယ့်လည်း ဘာမှလည်း အကြောင်း မပြန်ဘူး။
ဂျူလိုင် ၄ ရက်နေ့မှာ voice ဂျာနယ်မှာပါလာတယ် ဟော်နန်း အကြောင်း။ ပါလာတော့ သျှမ်းပြည်နယ်အစိုးရအနေနဲ့ ဒီမိသားစုကို ပြန်ပေးဖို့ အစီစဉ်မရှိ ဘူးဆိုတာ ပါလာတယ်။ အဲ့ဒီဂျာနယ်ကို ဖုန်းဆက်ပြီးမေးတယ် သျှမ်းပြည် နယ်အစိုးရက ခေါ်ပြီးပြောတာလားလို့မေးတယ်။ သူတို့ကပြောတယ် မဟုတ်ဘူးတဲ့။ သူတို့က သွားမေးတာတဲ့။ သွားမေးတော့ ဒီလိုမျိုးပြောလာတယ် ။
နောက်တစ်ခုက ဂျူလိုင် ၂၀ ရက်မှာ ချယ်ရီ FM မှာပါလာတယ်။ ဒီညောင်ေ ရွှဟော်နန်းကို ပြုပြင်ပြီး မှ ည ဈေးဖွင့်မယ်။ ပါလာပြီး ဂျူလိုင် ၂၀ လား၂၁ လားသေချာဘူး မြန်မာ့အလင်းမှာ ပါလာတယ်။ ညောင်ရွှေဟော်နန်း ကို ပြုပြင်မယ် ။ ညဈေးလုပ်မယ်။ တစ်ပတ်ကို နှစ်ကြိမ်လုပ်မယ်။ ဒါပေမယ့် အဲ့ဒီ မြန်မာ့အလင်းသတင်းစာမှာ ပါလာတဲ့ ဓာတ်ပုံက ရွှေရန်ပြေဘုရားပုံ ဖြစ်ေ နတယ်။ ညောင်ရွှေဟော်နန်းပုံမဟုတ်ဘူး ။ အဲလိုလွဲတာလဲရှိသေးတယ်။
မေး ။ ။ အခုအခြေအနေက အစိုးရဆီကနေ အကောင်းဆုံး ဘယ်လိုေ မျှာ် လင့် ထားပါသလဲ။
ဖြေ ။ ။ အကောင်းဆုံးမျှော်လင့်ထားတာ ကတော့ ပြန်ရဖို့ မျှော်လင့် ထား ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ တကယ်လို့ ဟော်နန်း ပြန်ရရင် ဘယ်လိုဆက်လုပ်ဖို့ ရည်ရွယ်ချက်ရှိပါသလဲ။
ဖြေ ။ ။ ခု အန်တီတို့က ဘာကိုလေ့လာလည်းဆိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ရဲ့ပြတိုက်ဆိုတာ ရှိတယ် ရန်ကုန်မှာ။ အဲ့ဒီပြတိုက်ကို နဲနဲနမူနာလေ့လာမယ်။ အန်တီတို့ရည်ရွယ်ချက်က သျှမ်းပြည်နယ်အစိုး ရအပါအဝင် သက်ဆိုင်ရာ ပြည်သူပြည်သားတွေ ၊ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ဌာနတွေ၊ သံယာတော်တွေ၊ လူကြီးတွေ၊ လူငယ်တွေ အားလုံးကို ခေါ်ပြီးတော့မှ အန်တီတို့ ရည်ရွယ်ချက်ကို သူတို့ကို ပြောပြမယ်။ သူတို့သဘောထားကို ယူမယ် ။
အန်တီတို့ ရည်ရွယ်ချက်က ဒီဟော်ဝင်းက ရ ဧကလောက် အကျယ်ရှိတယ်။ ကစားကွင်းလုပ်ပေးမယ် ။လူငယ်တွေ ကစားကွင်းမရှိသေးဘူးအခု။
နောက် တစ်ခု လူငယ်တွေ ရဲ့ center ပေါ့နော်။ လူငယ်တွေ ဆွေးနွေး ပွဲတွေ လုပ်ချင်တယ်၊ forum တွေ၊ workshop တွေလုပ်တယ် ချင်တယ် ဆိုရင်လာပြီး လုပ်နိုင်ဖို့လေ။ ဘာလို့လဲဆိုတော့ အခု လူငယ်တွေ ၊ အမျိုးသား ရေးအတွက် လှုပ်ရှားနေတဲ့အဖွဲ့အစည်းတွေ အခုခုလုပ်တော့ မယ်ဆိုရင် ဟောခန်းတွေ ဟော် တယ်ေ တွမှာ ပိုက်ဆံပေး ဌားပြီးမှလုပ်နေရတယ်လေ။
အန်တီတို့က ဒီလူငယ်တွေကို ကူညီတဲ့အနေနဲ့ အဲ့ဒါတွေလုပ်ချင်တယ် ။ နောက် ပန်းခြံတွေ လုပ်ချင်တယ်။ နောက်တစ်ခု ဒီအစိုးရကိုလည်း ဒီအကြံဉာဏ်တွေကိုပြောပြမယ်။ သူတို့ဆီကအကြံဉာဏ်တွေယူမယ်။ ပြီးတော့ ပူးပေါင်းလုပ်ဆောင် သွားမယ်လို့ စဉ်းစားထားပါတယ်။
မေး ။ ။ တကယ်လို့ ဟော်နန်းပြန်မရတော့ဘူးဆိုရင်ကော် ။ အဲဒီအတွက်စဉ်းစားထားပါသလား ။ ဘာဆက်လုပ်မလဲ။
ဖြေ ။ ။ ဟော်နန်း ပြန်မရတော့ဘူးဆိုရင်တော့ အန်တီတို့ကတော့ မရမချင်း ဆက်တိုက် တောင်းဆိုသွားမယ်။ အန်တီတို့လူမျိုးရဲ့ ရိုးရာေ ပျာက်ပျက်အောင်လုပ်လာမယ့်သူတို့ရဲ့အစီအစဉ်တွေကို ကန့်ကွက် သွားမယ်။ အန်တီတို့နဲ့ဆိုင်တဲ့ ပစည်းသူတို့သုံးမယ်ဆိုရင် ပိုင်ရှင်ကို အကြောင်းကြား ရမယ်လေ။ အခုက ဘာမှာအကြောင်း မကြားဘဲ ဒီလိုမျိုးလွှတ် တော်မှာ တင်လိုက်တယ်၊ အတည်ပြုပြီးလုပ်သွား တယ်ဆိုတာကြီးကတော့ ၊ ပြောမယ်ဆိုရင် အန်တီတို့က သူတို့လို မရိုင်း ချင်ဘူးကွယ်။ ဒါကြောင့် ကိုယ့်သျှမ်းယဉ်ကျေးမှု ဒီအမွေ အနှစ်တွေကိုတော့ ဘယ်တော့မှ အဆုံးရှုံး မခံနိုင်ဘူး ။ ဒါကြောင့် အန်တီတို့က ဆက်ကန့်ကွက်မှာဘဲ။ ပြန်မရရင် သျှမ်းခေါင်းဆောင်တွေနဲ့တိုင်ပင်မယ် ။ ခုတော့ အန်တီ ဘာမှမပြော သေးဘူး ။ တိုင်ပင်ထားတာတွေလည်းမရှိသေးဘူး ။ တကယ် ဖြစ်လာရင်တော့ အကူညီတောင်းရမှာပေါ့။
မေး ။ ။ အခုလိုဟော်နန်းမှာ ဈေးတန်းဖွင့်မယ့် ကိစ္စမှာလည်း ညောင်ေ ရွှစော်ဘွား စဝ်ရွှေသိုက်ရဲ့သမီးကို သိလျက်နဲ့ အစိုးရရဲ့ဝန်ကြီးဘက်က ဘာကြောင့် အဆက်အသွယ်မလုပ်လာတာလဲ။ ဘာကြောင့် မဆွေးနွေးမတိုင်ပင် တာလဲ။ စဝ်ပါ ဟေမာသိုက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ စိတ်မကောင်းဖြစ်မိတယ်။ အားငယ်တယ် ။ ဘာကြောင့်လဲ ဆိုတဲ့ ဒီမေးခွန်းက စိတ်ထဲမှာမြှောက် များစွာရှိနေတယ် ။ ဟော်တယ်နဲ့ ခရီးသွားဝန်ကြီးဆိုတာက အန်တီနဲ့အခုမှသိတာမဟုတ်ဘူး။ သူနဲ့သိထားတာ ၁၅ နှစ် လောက်ရှိပြီ။ သူ့မိသားစုနဲ့လည်း အကုန်လုံးသိတယ်။ ဆိုတော့ အန်တီပြောချင်တာ ရင်းရင်းနှီးနှီးနဲ့ လာပြောရင်လည်း ရသားဘဲ။ သူကိုယ် တိုင်မလာချင်ေ တာင်မှ ဖုန်းဆက်လာလဲရတယ်။ လူကြုံနဲ့လာပြော ရင်လည်းရတာဘဲ ။
နောက်တစ်ခုက ညောင်ရွှေအမတ် ဦးနေမျိုးဆိုတာ အန်တီ နဲ့ CSO မှာ ၅ နှစ် ၆ နှစ်လောက် အလုပ်တူတူ တွဲလုပ်ခဲ့တာ ။ NLD ကနေရွေးကောက်ပွဲဝင်ပြီး သူနိုင်သွားတာ။ ဆိုတော့ အန်တီအကြောင်းကို ဦးနေမျိုးက ကောင်းကောင်း သိတာဘဲ ။ အန်တီကို အသိမှတ်ပြုတယ် လည်းဆိုသေးတယ်။ ဒီဟာလေးတွေအကြောင်း တချက်လေးတောင် ဘာမှမတိုင်ပင်ဘဲ သူတို့ ဘာသာသူတို့လုပ် သွားတယ်ဆိုတော့ စိတ်က ကသိကအောက်ဖြစ်သွားတာပေါ့။ အန်တီကို စော် ကားသလိုမျိုးခံစားရ တယ်ပေါ့ ။ အန်တီက လူငယ်မဟုတ်တော့ဘူး ။ နောက် ပြီးတော့ သူတို့လည်း ဝန်ကြီးတွေဖြစ်တယ် လွှတ်တော်အမတ်တွေဖြစ်နေတယ်။ လူ့ယဉ်ကျေးမှုလေးတော့ ရှိရမှာပေါ့နော်။
မေး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့် စဝ်ပါ။
ဖြေ။ ။ ကျေးဇူးတင်ပါတယ် ။
ညောင်ရွှေမြို့ ရှိညောင်ရွှေ စော်ဘွား ဟော်နန်းကို ၁၉၆၂ စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း ချိတ်ပိတ် ထားခဲ့ရသည်။ ထိုနောက်ပိုင်း သမိုင်းပြတိုက်အဖြစ်ဖွင့်လှစ်ကာ နိုင်ငံခြားသား ခရီးသွားဧည့်သည် များထံမှ ၀င်ခကြေးငွေကောက်ယူပြီပြသခဲ့သည်။ ဟော်နန်းတွင်းရှိ သမိုင်း ၀င် စော်ဘွားကြီး၏ အသုံးအဆောင် ပစ္စည်းများဖြစ်သော ၀တ်ရုံများ၊ ယွန်းထည်ပစ္စည်းများ၊ ရှေဟောင်း လက်နက်ကြီးများ နှင့် စော်ဘွားပလ္လင်များ အပါအဝင် ရှေးဟောင်း ပစ္စည်းများ အားလုံးကိုလည်း စစ်အစိုးရက ရန်ကုန်နှင့် နေပြည်တော် သို့သယ်ဆောင် သွားခဲ့သည်။ ထိုနောက်ပိုင်း ၂၀၀၈ ခုနှစ်တွင် ဟော်နန်းအား ဗုဒ္ဓပြတိုက်အဖြစ် ဗမာစစ် အစိုးရက ပြောင်းလဲ လိုက်ပြန်ပါသည်။
ညောင်ရွှေဟူသည့်အမည်မှာ သျှမ်းဘာသာဖြင့် (ယောင်ဟွေ့ = ချိုင့်ဝှမ်းရှိ စပါးကျီ) ဟု အဓိပါယ်ရှိပါသည်။ ခရစ်နှစ် A.D ၁၃၆၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့သော သျှမ်းစော်ဘွားပြည်နယ်တခု၏ ရှေးအကျဆုံး မြို့တစ်မြို့ ဖြစ်သည်။
Tags: Interview


