သျှမ်းနှင့်တအာင်းလက်နက်ကိုင် ၂ ဖွဲ့ကြား ပဋိပက္ခများဖြေရှင်းနိုင်ရေး RCSS အကြီးအကဲများ တအာင်းပါတီနှင့်သံဃာတော်များတွေ့ဆုံ



သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွါးနေသော သျှမ်းပြည်ပြန်လည်ထူထောင်ေ ရးကောင်စီ သျှမ်းပြည်တပ် မတော် RCSS/SSA နှင့် တအာင်း တပ်ဖွဲ့ TNLA တို့ကြား ပဋိပက္ခများ ဖြေရှင်းနိုင်ရေးပထမ ခြေလှမ်း အဖြစ် တအာင်းသံဃာတော်၊ ပါတီနှင့်လူငယ်အဖွဲ့တို့က RCSS/SSA မှခေါင်းဆောင်တချို့နှင့်ေ တွ့ဆုံ ဆွေးနွေးမှုပြုခဲ့ပါသည် ။


စက်တင်ဘာလ ၁၂ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်ကျင်းပသည့် အဆိုပါေ တွ့ဆုံဆွေးနွေး မှုတွင် လက်ရှိဖြစ်ပွါးနေသော သျှမ်းနှင့်တအာင်းတပ်ဖွဲ့ကြား ပဋိပက္ခများ ချုပ်ငြိမ်းနိုင်ရေး အတွက် လွတ်လပ်စွာဆွေးနွေးနိုင် ရန်ဖြစ်ကြောင်း သိရသည် ။


“ဒီကနေ့ တအာင်းအမျိုးသားပါတီကကိုယ်စားလှယ်တွေကော တအာင်း သံဃာ့အဖွဲ့ချုပ်က ကိုယ်စားလှယ် သံဃာတော်တွေနဲ့တွေ့ဆုံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ကျနော်တို့ဟာ ညီအကိုတွေပါဘဲ။ သူစိမ်းတွေမ ဟုတ်ပါဘူး။ သမိုင်းအနေနဲ့ပြောရင် တအာင်းနဲ့ရှမ်းဟာ ဘာမှ ပဋိပက္ခ မရှိခဲ့ဖူးပါဘူး။ ဘယ်သူမှလည်း ပဋိပက္ခ ဖြစ်စေချင်မှာမဟုတ်ပါဘူး။ ကျနော် တို့သမိုင်း မှာ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြရင်းနဲ့အခုလို ကျနော်တို့ တွေကြား ပဋိပက္ခဖြစ်တယ်ဆိုတော့ ဒီလိုဖြစ် လာအောင် သွေးထိုးလှုံ့ဆော် တဲ့ နောက်ခံ များရှိမလားဆိုပြီးသံသယ ဖြစ်မိပါတယ်။ ကျနော် တို့ ဖြေရှင်းဖို့ မကြန့်ကြာသင့် ဘဲနှောင့်နှေးကြန့်ကြာနေမယ်ဆိုရင် မီးခြစ်ဆံက စလို့ တတောလုံး တတောင်လုံးမီးကလောင်ကျွမ်းကုန်မှာ။ ”- ဟု သျှမ်းပြည်ပြန်လည်ထူထောင်ေ ရးေ ကာင်စီမှ ဥက္ကဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်အမှာစကားပြောကြားခဲ့ သည် ။


အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဘက်မှ ဥက္ကဌ ကြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သော ဗိုလ်ချုပ်စိုင်းယီ၊ ဗိုလ်မှူးချုပ်ေ ဘာင်ခေး၊ နှင့်အတိုင်ပင်ခံများဖြစ်ကြသော ဦးခွန်စိုင်းနှင့် ဦးစဝ်ပင်ခမ်းတို့ တက်ရောက်ဆွေးနွေးကြောင်း သိရသည် ။


တအာင်းကိုယ်စားလှယ်ဘက်ကမူ တအာင်းအမျိုးသားပါတီ TNP မှ ဗဟိုအလုပ်အမှုဆောင် တာ့အေးမောင်နှင့် တာ့လှဖေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တအာင်းပလောင်သံဃာအဖွဲ့မှ ဒုဥက္ကဌ ဆရာတော်ဦးပညာသီရိ နှင့်အတွင်းရေး မှူး ဦးတိက ညာဏ တို့ ဦးဆောင်သည့် အဖွဲ့ တက်ရောက်ဆွေးနွေး ကြသည်။ ထို့အပြင် တအာင်းလူငယ် ၁၀ ဦးခန့်ကလည်း ပါဝင်တက်ရောက်နားထောင် ခဲ့ကြောင်းသိရသည် ။


“ဆက်လက်ပြီး ဖြစ်ပွါးသော ပြသနာနှင့်ပတ်သက်ပြီး ဒုဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းတွင် - ဒီကနေ့ မီဒီယာခေတ်ဖြစ်တဲ့အတွက်ကြောင့် မီဒီယာဆိုတာ ရှိတာ ကောင်းသလို တခါတလေ ရှိတာ မကောင်းပါဘူး။ မီဒီယာကြောင့် သတင်းမှားယွင်းပေးတာကနေစလို့ အတွင်းမီး ကိုအပြင်ထုတ် သလိုဖြစ်သွား တယ်။ ဒါကြောင့်ကျနော်တို့ ၂ ဦး ၂ ဖက် ဒီနေ့ကစလို့ မကြာခဏတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွား နိုင်မယ်ဆိုရင် ကြားထဲက မလိုလားအပ် တဲ့ ပြသနာတွေကိုလည်း ကောင်းမွန်စွာဖြေရှင်း နိုင် မယ်လို့ ကျနော်ယုံကြည်ပါတယ်။” - ဟုပြောဆိုသွားသည် ။


သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်မှ တနိုင်ငံလုံး အပစ်ရပ် လက်မှတ် ရေးထိုးခဲ့သည့်နောက်ပိုင်း ယမန်နှစ် ၂၀၁၅ နိုဝင်ဘာလကစပြီး တအာင်းနှင့် သျှမ်းတပ်ဖွဲ့တို့ကြား ပဋိပက္ခ စတင်ဖြစ်ပွါးလာခဲ့ရာ ယနေ့တိုင်မညှိနှိုင်းနိုင်သေးပေ ။


၁၀ လ ခန့်အကြာ ၂ဦး ၂ ဖက်ကြားပစ်ခတ်မှုဖြစ်ပွါးပြီးနောက်ပိုင်း ယခုတွေ့ဆုံမှုမှာ သျှမ်းတပ်နှင့်တအာင်းတပ် တို့အကြား ပထမအကြိမ်တွေ့ဆုံညှိနှိုင်းမှုဖြစ်ကြောင်း လည်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates