မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း သတိပေးဟောပြောပွဲ လူထုနှင့်အာဏာပိုင် ပူးပေါင်းကျင်းပ
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပန်မြို့တွင် ရပ်မိရပ်ဖများ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်နှင့် အစိုးရအာဏာပိုင်များ ပူးပေါင်းကာ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အကြောင်း သတိပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည် ။
စက်တင်ဘာလ ၁၇ ရက် ပြီးခဲ့သည့် စနေနေ့က သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် RCSS/SSA ဆက်ဆံရေးရုံးမှ အရာရှိ စဝ်အောင်ကျန်မိုင်း၊ မိုင်းပန်မြို့ ရဲတပ်ဖွဲ့မှူးဦးဆောင်သည့်အဖွဲ့နှင့် ရပ်မိ ရပ်ဖများစုပေါင်းကာ ယာဉ် စည်းကမ်း လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်အသိပညာ ပေးဟောပြောပွဲကို မိုင်းပန်မြို့ ကုန်းကျိုင်းရွာတွင် နံနက် ၈ နာရီ ၄၅ မိနစ်မှ ၁၀ နာရီ မိနစ် ၅၀ အထိ ကျင်းပြပြုလုပ်ခဲ့သည် ။
မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းလူထုအားသတိပေးရန်နှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ပြစ် ဒဏ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများအကြောင်း၊ ဆောင်ရန်ရှောင်ရန်စသည်တို့ကို ပြောဆိုအသိပေးကြရာ တက်ရောက်နားထောင်သည်ရွာသား ၁၅၀ ခန့်ရှိကြောင်း တက်ရောက် နားထောင်သူ လူငယ်စိုင်းခေး က သျှမ်းသံတော်ဆင့်အားပြောသည် ။
RCSS ဆက်ဆံရေးရုံးတာဝန်ခံ စဝ်အောင်ကျန်မိုင်း ကအဖွင့်အမှာစကားပြောကြားရာတွင် “ မူးယစ်ဆေးဝါးကြောင့် ပြဿနာ အမျိုးမျိုးဖြစ်ကြတယ်။ လူသတ်မှုတွေ ဖြစ်လာတယ်၊ တချို့ဆေးသုံးပြီးကြောင်တယ်။ ကိုယ့်မိဘ၊ ကိုယ့်သားသမီးတွေကိုတောင်မသိတော့ဘဲ ရူးမူးစိတ်ကြွပြီး သတ်ဖြတ်ကြ တယ်၊ ခိုးတတ်လာကြတယ်။ မူးယစ်ဆေးကြောင့်လူငယ်တွေလူညွှန့်တုံးစေမယ်၊ နိုင်ငံရေးတို့၊ ရပ်ရွာဖွံ့ဖြိုးရေတွေကို လည်း စိတ်မဝင်စားလာကြတော့ဘူး။ အဲဒါကြောင့် မူးယစ်ဆေးဝါးကို ရပ်ရွာထဲမှာမရောင်းကြပါနဲ့ မသုံးစွဲကြပါနဲ ရှောင်ကျဉ်ပါ၊ လူရဲ့တန်ဖိုးကို သိတတ်ပါ၊ ” ဟု ပြောဆိုခဲ့သည် ။
ဟောပြောပွဲသို့ RCSS/SSA ဘက်မှ ကိုယ်စားလှယ် ၃ ဦး၊ အထွေထွေအုပ်ချုပ်ရေးနှင့် အာဏာပိုင်များဘက်မှ ၁၀ ဦး တက်ရောက်ခဲ့သည်။
မြို့နယ်အုပ်ချုပ်ရေးမူးဦးဝေလင်းဦးက` ယဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာပါ၊ ဆိုင်ကယ်စီးရင်ဦးထုပ်ဆောင်းပါ ၊ မေးကြိုးတပ်ပါ၊ မိမိအသက်ကို တန်ဖိုးထားပါ။ မိမိလက်ကိုင်ဖုန်းတောင်မှ ပြုတ်ကျရင်ကွဲမှာကြောက်လို့ ကာဗာဝယ်ထည့်ကြသေးတာဘဲ။ လူမှာ အပိုပစ္စည်းမရှိပါဘူး။ အခန့်မသင့်လို့လဲရင် ဆိုင်ကယ်မှောက်ရင်အသက်ပါဆုံးရှုံးနိုင်တယ်။ နောက်တခု မူးယစ်ဆေးသုံး တဲ့ကိစ္စ ။ မူးယစ်ဆေးကြောင့် ပြသနာတွေအများကြီးရှိလာတယ်။ မူးယစ်ဆေးသုံးပြီးရင်စိတ်ကြွလာတယ်။ အမှားအမှန်ကိုမခွဲခြားတတ်တော့ဘူး။ လူစိတ်ပျောက်ပြီးရိုင်းလာတယ်။ ပြစ်မှုတွေကျူးလွန်လာတယ်။ အဲဒါကြောင့်မူးယစ်ဆေးဝါးကိုလည်း မသုံးစွဲပါနဲ့။ ရှောင်ကျဉ်ကြပါ´ ဟု ပြောဆိုသည် ။
မြို့နယ်ရဲစခန်းမူး ဦးစိုးလွင်ကလည်း `ဥပဒေဆိုဒါဟာလူ့အဆင့်အတန်းမရွေးလူကြီးလူငယ် အားလုံးလိုက်နာရပါတယ်၊ဥပဒေဟာ ဘယ်သူ့ကိုမှခွင့်မလွတ်ပါဘူး ပြစ်မူကျူးလွန်တဲ့သူကို ဥပဒေအတိုင်းဆောင်ရွက်သွားပါမယ်ယဉ်စည်းကမ်း၊လမ်းစည်းကမ်းနဲ့ပက်သက်ပြီး မြန်မာနိုင်ငံမှာ လက်ယာဘက်မောင်းစနစ်ဖြစ်တဲ့အတွက်ဘယ်သွားသွားဘေးကပ်သွားပါ၊ဘေးချရပ်ပါ၊ မူးဆေးဝါးသုံးစွဲသူ ရောင်းသူတွေကိုဥပဒေ အတိုင်းအရေးယူသွားပါမယ် ´ ဟု အဖွင့်အမှာ ပြောကြားသွားခဲ့ကြသည် ။
မြို့နယ်ရဲစခန်းမူး ဦးဝင်းတင်က - မူးယစ်ဆေးဝါးသည် ဓာတုပစ္စည်းဖြင့် ပေါင်းစပ်ပြီးချက် ထားသဖြင့် ကျန်းမာရေးကိုဆိုးဝါးစွာထိခိုက်စေကြောင်း၊ ပြစ်မှုလည်း လေးပင်ကြောင်း ၊ ရောင်းဝယ်မှုအား လက်ဝယ်ဖမ်းမိပါက အိမ်တွင်းပစ္စည်း အကုန်လုံးသိမ်းဆည်းခံရမည်ဖြစ်သည့် အပြင် နေအိမ်ပါချိတ်ပိတ်ခံရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည် ။
Tags: General, News





