ဒုက္ခသည်မကျ ၊ ရွေ့ပြောင်းမကျ ဘဝဖြင့် သျှမ်းမြောက်စစ်ရှောင်များ အကူအညီလိုအပ်
ကျာက်မဲမြို့တွင် စစ်ဘေးရှောင်အဖြစ် ခိုလှုံနေကြရသူများသည် လက်ရှိအခြေအနေတွင် စစ်ဘေး ရှောင်ဒုက္ခသည်မကျ၊ ရွေ့ပြောင်းအလုပ်သမား မကျဘဝဖြင့် နေထိုင်နေကြရပြီး စားဝတ်နေ ရေး အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု တော့ဆန်ကျေးရွာမှ စစ်ရှောင်ဒေသခံ ဒေါ်နန်းခမ်းမြက ပြော သည် ။
သျှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ကျောက်မဲမြို့နယ်အတွင်း ၂၀၁၅ - ၂၀၁၆ က အစိုးရ တပ်မတော်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA) တို့အကြား ၊ အစိုးရ တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အကြား ၊ တအာင်း TNLA နှင့် RCSS/SSA တို့အကြား ဖြစ်ပွါးခဲ့သော တိုက်ပွဲများကြောင့် စစ်ဒဏ်ထိလူထုမှာ ကျောက်မဲမြို့ပေါ်သို့ ရောက်ရှိခိုလှုံခဲ့ကြသည်မှာ ယနေ့တိုင် နေရပ်မပြန်နိုင်သေးသူများ ရှိနေပါသည် ။
၎င်းစစ်ရှောင်အများစုသည် မိသားစုအလိုက် ကျောက်မဲမြို့ ရပ်ကွက် (၈) နှင့် ရပ်ကွက် ( ၉) တို့တွင် အိမ်လခ တစ်လ ကျပ်နှစ်သောင်းမှ လေးသောင်းအထိပေး၍ အိမ်ငှားနေကြရပြီး ကြုံရာကျပန်း လုပ် ကိုင် စားသောက် နေရခြင်းကြောင့် စားဝတ်နေရေးကျပ်တည်းမှုနှင့် ရင်ဆိုင်နေကြ ရသည် ဟု စစ် ဘေးရှောင်သူများက ဆိုကြသည် ။
ကျောက်မဲမြို့ (၉) ရပ်ကွက်တွင် အိမ်ခန်းငှားရမ်းနေထိုင်လျှက်ရှိသော စစ်ဘေးရှောင်တဦးဖြစ်သည့် ဒေါ်နန်းခမ်းမြက" တော့ဆန်မှာရှိတဲ့ အိမ်ကလဲမီးလောင်သွားတော့ ပြန်စရာအိမ်လည်းမရှိတော့ ဒီမှာ ကကြုံ ရာ ပဲပုတ်ရောင်းတယ်။ တစ်ရက်လုပ် တစ်ရက်စားပဲ၊ တော့ဆန်ကို ပြန်လည်းပြန်ချင်တယ် ပြန်လည်း မပြန်ရဲဘူး "ဟု ပြောသည် ။
၎င်းတို့မိသားစုတွင် စတုတ္ထတန်းတက်ရောက်နေသော ကျောင်းသားရှိသည့်အပြင် အဆုတ် ရောဂါသည် အမျိုးသားကိုလည်း ဆေးကုနေရပြီး တစ်နေ့ ပဲပုတ်ရောင်းရငွေ ကျပ် ၅၀၀၀ ဖြင့် အိမ်လ ခ၊ကျောင်းသားစရိတ်၊စားဝတ်နေရေးနှင့် ကျန်းမားရေးစရိတ်အတွက် ခက်ခက်ခဲခဲရင်ဆိုင်ရုန်းကန် နေရသည်ဟု ၄င်းက ဆိုသည် ။
၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်မှစ၍ နေရပ်စွန့်ခွာထွက်ပြေးလာသော ကျောက်မဲဒေသ တွင်းမှ စစ်ရှောင်ပြည်သူများအား စစ်ဘေးရှောင်ကာစတွင် ကူညီထောက်ပံ့သည့်အဖွဲ့အစည်းများရှိခဲ့ သော်လည်း စစ်ရှောင်ပြည်သူများ နေရပ်ပြန်သွားသည့် သတင်းကြောင့် အထောက်အပံ့များရပ်ဆိုင်း သွားခဲ့ခြင်းဖြစ်ကြောင့် အကူအညီများလိုအပ်နေသည်ဟု သမ ရက္ခိတစေတနာရှင်များအဖွဲ့ ကိုကျော် သိန်းထံမှ သိရသည် ။
" အခုနောက်ပိုင်း စစ်ရှောင်တွေနေရပ်ပြန်သွားပြီ သတင်းတွေကြားတယ်။ ဒါပေ့မယ် စစ် ရှောင်တွေက ရှိသေးတယ်။တချို့လူတွေက မြင်တာတော့ စစ်ဘေးရှောင်တွေ မရှိတော့ဘူး။ တ ကယ်တော့ စစ်ဘေးရှောင်တွေက မထင်မရှားနဲ့ ရှိနေတုန်းပါပဲ " ၄င်းက ပြောသည် ။
ထို့ပြင် ကျောက်မဲမြို့ ၊ မဲဆန္ဒနယ်အမှတ် (၂) ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်း ဉာဏ် က စစ်ဘေးရှောင်ဒုက္ခသည်စခန်းများ ရှိမနေခြင်းနှင့် စစ်ဘေးရှောင်သူများသည် ကျောက်မဲမြို့ ပေါ်တွင် နေထိုင်ပြီး တချို့မှာ အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့် သူများရှိသည့် အ တွက် ၄င်းတို့ကို စစ်ဘေးရှောင်လား၊ရွှေ့ပြောင်းဒုက္ခသည်လားဆိုသည်ကို သတ်မှတ်ရန်ခက်ခဲ ကြောင်းလည်း ပြောသည် ။
စစ်ဘေးရှောင်သူများနှင့် ပတ်သက်၍ ဂရုဏာရေအလှူရှင်လူငယ်အဖွဲ့ ဥက္ကဌ ကိုအောင်ထိုက် က၏ အဆိုအရ ၄င်းတို့သည့် ရွှေ့ပြောင်းလာခြင်းကြောင့် ကျောက်မဲမြို့ပေါ်မှ အလုပ်ရှင်များက ၄င်း တို့၏ နောက်ကြောင်းကို မသိနိုင်သည့်အတွက် အလုပ်မပေးသည့်အတွက် စစ်ရှောင်သူများ(သို့မ ဟုတ်) ရွှေ့ပြောင်းဒုက္ခသည်များသည် အလုပ်အကိုင်အခွင့်အလမ်းအတွက် အခက်အခဲများရှိနေ သည်ဟုလည်း သိရသည် ။
ကျောက်မဲမြို့ပေါ် ရှိ အောင်ဆုပန်ဘုန်းတော်ကြီးကျောင်း၊ ကျား ၅ ကောင်ဆေးတိုက် နှင့်မေတ္တာ အိုးဝေ တာ့ဆန်အခမဲ့ကျောင်းတွင် စစ်ရှောင်ကျောင်းသူ / သားများနေထိုင်ပြီး လူဦးရေ (၁၀၇၃ )ဦးမှာ (၉)ရပ်ကွက် နှင့် (၈) ရပ်ကွက်တို့တွင် အိမ်ခန်းများအဖြစ် ငှားရမ်းနေ ထိုင်လျှက်ရှိသည် ။
Tags: General, News


