မင်္ဂလာစည်တော်ပါတီ ESSDDP မှ ကမကထပြုပြီး ကျိုင်းတုံမြို့ နိုင်ငံရေးသမားများတွေ့ဆုံပွဲတရပ် ကျင်းပ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ESSDDP မင်္ဂလာစည်တော်ပါတီမှ ကမကထပြုသည့် နိုင်ငံရေးသမားများ တွေ့ဆုံပွဲ တရပ်ကျင်းပခဲ့ရာ တက်ရောက်သူ ၆၀ နီးပါးရှိကြောင်းသိရသည် ။
သက်ကြီးနိုင်ငံရေးသမားများ၊ နိုင်ငံရေးကြောင့် ဖမ်းဆီးထောင်ချခံခဲ့ရဖူးသူများ အားဖိတ်ခေါ်ပြီး အတွေ့ အကြုံရှင်းလင်းပွဲနှင့်ရှေ့ဆက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များ ဆွေးနွေးအကြံပြုခြင်း များကိုပြုလုပ်ခဲ့ကြ ကြောင်းသိရသည် ။
ESSDDP ပါတီမှ ဒုဥက္ကဌ ဦးလုံးဆာမ်တစ်ဆေက “ ကျနော်တို့ပါတီကနေ ဦးဆောင်ပြီး နိုင်ငံရေးသမား များ တွေ့ဆုံပွဲကျင်းပတာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်။ ကျနော်တို့ အသက်ရှင်တုန်းမှာ ဂုဏ်ပြုရမယ် ဒီနိုင်ငံ ရေးကြောင့် ထောင်ကျခဲ့ဖူးတဲ့ ဝါရင့် နိုင်ငံရေးသမားတွေကို။ သူတို့ဆီကနေ အတွေ့အကြုံတွေကို ဆည်း ပူးမယ်။ ကျနော်တို့ အမြင်ချင်းဖလှယ်ကြမယ် ရှေ့ဆက်အလုပ်လုပ်သွားဖို့ အကြံဉာဏ်တွေရယူသွား မယ် သူတို့ဆီက။ သူတို့ သေသွားမှဂုဏ်ပြုတာက ဘာမှထူးခြားမလာဘူး။ ” ဟု ဆိုပါသည် ။
တွေ့ဆုံပွဲတက်ရောက်လာသူများတွင် သျှမ်းနိုင်ငံရေးပါတီများဖြစ်ကြသော ကျားခေါင်းပါတီ SNLD ၊ ကျားဖြူ ပါတီ SNDP ၊ မင်္ဂလာစည်တော်ပါတီ ESSDDP ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ကျိုင်းတုံမြို့ အမျိုး သား ကျောင်း ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ နှင့် RCSS/SSA ဆက်ဆံရေးရုံးမှ ပုဂ္ဂိုလ်များဖြစ်သည် ။
“ဒီတွေ့ဆုံပွဲကနေ ကျနော်တို့ အဓိက သဘောတူဆုံးဖြတ်နိုင်တဲ့အချက်တချက်ကတော့ လာမယ့်ရွေးကောက် ပွဲမှာ ၀င်ပြိုင်မယ့်သူ အရည်အချင်းရှိတဲ့သူတယောက်ကို ကျိုင်းတုံက ရှမ်းနိုင်ငံရေးပါတီ ၃ ခုက စုပေါင်း ရွေးချယ်မယ်။ လူထုရဲ့သဘောထားကိုကောက်ယူမယ်။ ပြီးရင် ကျနော်တို့ ကျားခေါင်းနဲ့ ကျားဖြူပါတီအကြီး အကဲတွေကိုဆက်သွယ်မယ် ဆွေးနွေးမယ်။ ဘယ်ပါတီဘဲဖြစ်ဖြစ် အမျိုးသားရေးလုပ်ရမယ်။ ပါတီအတွက်ဘဲ လုပ်တာမဖြစ်ရဘူး။ ” - ဟု ဦးလုံးဆာမ်တစ်ဆေ ကပြောသည် ။
နိုင်ငံရေးကြောင့် ၁၉၇၂၊ ၁၉၈၈၊ ၁၉၉၁၊ ၂၀၀၂ ခုနှစ်များက ဖမ်းဆီးထောင်ချခံရသော သျှမ်းပြည်အရှေ့ပိုင်း မှ အသက်ရှင်လျှက်ရှိနေသေးသည့် ဝါရင့်နိုင်ငံရေးသမားများ ၁၉ ဦးကိုဖိတ်ကြားထားရာ တွေ့ဆုံပွဲသို့တက် ရောက် လာသည့် ပုဂ္ဂိုလ် ၁၅ ဦးသာရှိကြောင်းသိရသည် ။
Tags: News, politic


