အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ထုတ်ပြန်ကြေညာချက်



“စစ်မှန်သောငြိမ်းချမ်းရေးဆွေးနွေးပွဲမှ ဖက်ဒရယ်ပြည်ထောင်စုဆီသို့”
အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ထုတ်ပြန်ကြေညာချက်
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့

စက်တင်ဘာလ (၂၁) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့အခါသမယပင်ဖြစ်ပါသည်။ ယနေ့ကျရောက် သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှစ၍ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ရွှင်လန်းကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သလိုက်ပါသည် ။


နိုင်ငံတကာငြိမ်းချမ်းရေးနေ့မြတ်အား ၁၉၈၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂအတွင်း ဆုံးဖြတ်ချက်ချမှတ်၍ စတင်ဆင် နွှဲ လာခဲ့သည်။ ဤသို့ ဆင်နွှဲလာရင်းမှ ၂၀၀၁ ခုနှစ်သို့ရောက်သောအခါ ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်အမှတ် ၅၅/၂၈၂ ကို ချမှတ်၍ စက်တင်ဘာလ (၂၁) ရက်နေ့အား အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မြတ်ကြီးအဖြစ် အတည်ပြုခဲ့သည်။ မြန်မာ နိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှ နိုင်ငံအများအပြားတွင် အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်း အမှတ်လှုပ်ရှားမှုများကို နည်းမျိုးစုံဖြင့် နှစ်စဉ်ပြုလုပ်ကျင်းပကြပါသည် ။


ယနေ့ကာလသည် ကမ္ဘာတဝှမ်းငြိမ်းချမ်းရေးနှင့် သာယာဝပြာရေးတို့အတွက် ဦးစားပေးလုပ်ဆောင်လာနေကြ သည်ဖြစ်ရာ မိမိတို့မြန်မာနိုင်ငံတွင်လည်း အစိုးရမှ “ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ” ကျင်းပကာ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိနေသည် ။


မြန်မာနိုင်ငံတွင် စစ်မှန်၍ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးပေါ်ထွန်းရေးအတွက် အစိုးရမှ အရှိန်အဟုန် တိုးမြှင့်ကာ ဆက်လက်ဆောင်ရွက်နေသော်လည်း တပ်မတော်မှ တိုင်းရင်းသားနယ်မြေများတွင် စစ်အင်အား ဆက်လက်တိုးမြှင့်ချ ထားကာ ထိုးစစ်ဆင်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ဆက်လက်ကျူးလွန်နေသည်။ ထိုသို့ ဆက် လက်ထိုးစစ်ဆင်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်နေမှုသည် အပြန်အလှန်ယုံကြည်မှုကို ထိခိုက်စေနိုင်ပြီး အမျိုးသားပြန် လည်ရင်ကြားစေ့ရေးအတွက် အဟန့်အတားဖြစ်စေပါသည် ။


ပထမအကြိမ်ကျင်းပခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံး ပါဝင်မှုမရှိခဲ့ခြင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများတွင် အမျိုးသမီးထုအား ကိုယ်စားပြုသည့် အမျိုးသမီးကိုယ်စား လှယ် အလွန်နည်းပါးနေခြင်းနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပါဝင်မှုကင်းမဲ့နေခြင်းသည် တရားမျှတပြီး ရေရှည်တည် တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် အလှမ်းဝေးနေအုံးမည်ကို မိမိတို့မှ အထူးပင်စိုးရိမ်ပါ သည် ။


တိုင်းရင်းသားလူမျိုးများ၏ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည် ဆောက်နိုင်မှသာလျှင် မြန်မာနိုင်ငံတွင် စစ်မှန်၍ရေရှည်တည်တံခိုင်မြဲသော ငြိမ်းချမ်းရေးရရှိမည်ဟှု မိမိတို့ အဖွဲ့ချုပ်မှ အခိုင် အမာယုံကြည်သည်။ ထိုကဲ့သို့သော ငြိမ်းချမ်းရေးရရှိရန် ပဏာမအဆင့်အနေဖြင့် တပ်မတော်မှ အထူးသဖြင့် ကချင်ပြည် နယ်နှင့် ရှမ်းပြည်နယ်တွင် ထိုးစစ်ဆင်မှုများကိုရပ်ဆိုင်းပြီး တိုင်းရင်းသားနယ်မြေများရှိ တပ်ရင်း၊ တပ်ဖွဲ့များကို ရုတ်သိမ်း ကာ အနာဂတ်တွင် ဆက်လက်ကျင်းပသွားမည့် နိုင်ငံရေးဆွေးနွေးပွဲတိုင်းတွင် အမျိုးသမီးကိုယ်စားပြုမှုအပါအ ဝင် အားလုံးပါဝင်မှုကို အလေးထားဆောင်ရွက်ရန်အရေးကြီးပါသည် ။


အစိုးရမှ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် များ၊ ကျားမတန်းတူအခွင့်အရေး၊ အခွင့်အလမ်းများနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အပြည့်အဝလေးစား မြှင့်တင်ခြင်း စသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအဓိပ္ပါယ်ဖွင့်ဆိုချက်ပါ တန်ဖိုးများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည် ။


ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် မြန်မာနိုင်ငံတွင် စစ်မှန်၍ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် လမ်း စတစ်ရပ်ဖြစ်သည် ။


သို့ဖြစ်၍ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် အစိုးရနှင့် အခြားသက်ဆိုင်သူများ အား လုံးအား အဖွဲ့ချုပ်မှ အောက်ပါအချက်များကို စဉ်းစားဆောင်ရွက်သွားရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည် ။


၁။  နိုင်ငံရေးဆွေးနွေးမှု မူဘောင်အတွင်း သတ်မှတ်ထားသော ကိုယ်စားပြုမှု အချိုးအစားအား ပြန်လည်သုံး သပ်၍ အမျိုးသားတန်းတူရေးကို အခြေခံသော ကိုယ်စားပြုမှု အာမခံချက်ရှိစေရန်၊
၂။ နိုင်ငံရေးဆွေးနွေးပွဲတွင်ပါဝင်မည့် အစုအဖွဲ့တိုင်းတွင် အမျိုးသမီး၏ပါဝင်မှု အနည်းဆုံး ၃၀ ရာခိုင်နှုန်း ကို အာမခံချက်ရှိ စေရန်၊
၃။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ၏ မည်သည့်ကဏ်ဏ္ဍ၊ မည့်သည့်အဆင့်တွင်မဆို ကျားမဆိုင်ရာ ကိစ္စရပ်များကို အစဉ် တစိုက် အလေးထားသွားမည်ဆိုသည့် အခြေခံမူတရပ် ချမှတ်ရန်၊
၎။ အရပ်ဖက်လူထုအဖွဲ့အစည်းများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများမှ အဖွဲ့အစည်းများအား ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ခွင့်ပြုရန်၊
၅။ တိုင်းရင်းသားနယ်မြေများတွင် စစ်အင်အားဆက်လက်တိုးမြှင့်မှုနှင့် ထိုးစစ်ဆင်မှုများကို ချက်ခြင်းရပ်တန့် ၍ တပ်မတော်၏ တပ်ရင်း၊ တပ်ဖွဲ့များအား ရုပ်သိမ်းပေးရန်၊
၆။ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအပါအဝင် အရပ်သားများအား အဓိကပစ်မှတ်ထား သည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ချက်ခြင်းရပ်တန့်ပေးရန်၊
၇။ တိုင်းရင်းသားနယ်မြေများတွင် အကြီးစားရင်းနှီးမြုပ်နှံမှုများ အထူးသဖြင့် အခြေခံအဆောက်အဦးဆိုင်ရာ နှင့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်မှုဆိုင်ရာ စီမံကိန်းများကို တရားဝင်ဆိုင်းငံ့ထားရန်။


ဆက်သွယ်ရန်
လိုည်းချယ်ရီ                    +၉၅ ၉၆၇ ၁၈၂ ၁၈
စောစံငြိမ်းသူ                   + ၉၅ ၉၄၂ ၁၇၃ ၄၆၇၆
ဂျူလီယာ မာရစ်(ပ်)          + ၉၅ ၉၇၉ ၀၇၆ ၃၄၇၄

Download PDF file English version : WLB Statement on International Day of Peace_English
Download PDF file Burmese version : WLB Statement on International Day of Peace_Burmese




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates