တိုက်ပွဲအခြေအနေစိတ်မချသေးသည့် စစ်ဘေးရှောင်ကလေးများ နေရပ်ပြန်ကျောင်းမတက်ရဲသေး



သျှမ်းပြည်မြောက်ပိုင်း တော့ဆန်ကျေးရွာတွင် စာသင်ကျောင်းပြန် ဖွင့်ပြီဖြစ်သော်လည်းတိုက်ပွဲအခြေအနေ စိတ်မချသေးသောကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် ဒေသခံကလေးများနေရပ်သို့မပြန်ပဲ ကျောက်မဲမြို့ပေါ် တွင်သာ ဆက်လက်ပညာသင်ကြားနေကြသည် ။

 ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်တွင် ခိုလှုံနေထိုင်ကာ ပညာသင်ကြားနေရဆဲဖြစ်သော စစ်ဘေးရှောင် ကျောင်းသားလေးများ ( Photo: Yord Ngun)  
လက်ရှိတွင် အလှူရှင်များ၏ ကူညီထောက်ပံ့မှုဖြင့် ကျောက်မဲမြို့ရှိ အောင်ဆု ပန်ဘုန်းကြီးကျောင်းတိုက်၊ ကျားငါးကောင်တိုင်းရင်းဆေး တိုက်နှင့်  မေတ္တာ အိုးဝေ အဆောင်တို့တွင် စစ်ဘေးရှောင် ကလေး ၃၀၀ နီးပါး ပညာသင်ယူနေကြဆဲဖြစ်သည် ။


တော့ဆန်ကျေးရွာတွင် ကျောင်းပြန်ဖွင့်နိုင်ရန်အတွက် ကျောက်မဲလွှတ်တော်ကိုယ် စားလှယ်များက တပ် မတော်အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းမှုများပြုလုပ်ခဲ့သော်လည်း ဒေသခံများက တိုက်ပွဲများ ပြန်လည်ဖြစ် ပွားမည်ကို စိုးရိမ်နေဆဲဖြစ်သည်ဟု ကျောက်မဲ မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) ၊ ပြည်နယ် လွှတ် တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ် ကပြောသည် ။


" လူတွေက သိပ်မယုံကြဘူး စစ်ပွဲပြန်ဖြစ်ရင် ထွက်ပြေးရမှာကိုဘဲ စိုးရိမ်နေကြ တယ် ။ ခု တော့ဆန်ရွာမှာ ကျောင်းသား ခြောက်ဆယ်ကျော်လောက်တော့ကျောင်းပြန်တက်နေကြတယ်။ ကျန်တာတော့မပြန်ရဲသေးဘူး" ဟု ဆိုသည် ။


မေတ္တာအိုးဝေမှ သင်္ချာဘာသာရပ် သင်ပြနေသော ဆရာ မိုင်းအိုက်ထွန်းက လည်း ဒေသစွန့်ခွာကာ ပညာသင်ကြားနေရသော ကျောင်းသား/သူ များသည် တိုက်ပွဲနှင့်ရင်ဆိုင်နေရသောအခက်အခဲများကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက် ဒဏ်ရာရ ထားသူများလည်းဖြစ်ပြီး နေရပ်ရင်းဒေသရှိ ကျောင်းတွေမှာသာ ပညာသင်ကြားခွင့်ပြန်ရဖို့ မျှော်လင့်နေကြကြောင်းပြောသည် ။


လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင် ကလေးများအတွက် စာရေးကိရိယာများ လိုအပ်နေသည်ဟု အကူ အညီပေး နေသည့်အဖွဲ့ထံမှ သိရသည် ။


သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင် ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်အတွင်း အစိုးရ တပ်မတော်၊ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ် မတော်(RCSS/SSA)၊  တအာင်းအမျိုးသားလွတ်မြောက် ရေးတပ် မ တော်(TNLA) တို့ အကြား တိုက်ပွဲ များဖြစ် ပွားခဲ့သည် ။


ထို့ကြောင့် ၂၀၁၆  နှစ်ဆန်းပိုင်းက ကျောက်မဲမြို့နယ်သို့ စစ်ဘေးရှောင် များ ကျောက်မဲမြို့နယ်သို့  ရောက်ရှိလာစဉ်ကတည်းကစပြီး ယနေ့တိုင် နေရပ်မပြန်နိုင် ခဲ့ကြသေးခြင်းဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates