နမ္မတူမြစ်ရေအားလျှပ်စစ်စီမံကိန်းကြောင့် ရေလွှမ်းခြင်းခံရမည့် သီပေါဒေသခံများ ဆန့်ကျင်ဆန္ဒထုတ်ဖော်



အထက်ရဲရွာ ရေကာတာနှင့် နမ္မတူမြစ်ပေါ်တွင် ဆောက်လုပ်မည့် အခြားေ လသာ ရေကာတာ စီမံကိန်းများ အား ဆန့်ကျင်ကြောင်း သီပေါမြို့နယ် နားမခေါ်အုပ်စု တာ့လုံရွာမှ ဒေသခံလူထုများက ဆန္ဒသဘောထားများ ထုတ်ဖော်ခဲ့ကြသည် ။

 တာ့လုံဒေသခံများ ရေကာတာစီမံကိန်းကြီးများအား ဆန့်ကျင်ကန့်ကွက်နေကြပုံ( Shan Farmers)

“၂၄ နဲ့ ၂၅ ရက်နေ့က ၀မ့်တာ့လုံရွာမှာ သျှမ်းတောင်သူလယ်သမားများ ကွန်ယက်ကနေ လူငယ်တွေကို ရေကာတာ၊ ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ ဗဟုသုတတွေကိုလာပြီးဆွေးနွေးပို့ချပေးတယ်။ ဒီနှစ်အတွင်းမှာကျင်းပမယ့် သျှမ်းပြည်တောင်သူလယ်သမား များ တွေ့ဆုံပွဲမှာလည်း ပါဝင်ဆွေးနွေးနိုင်အောင် ဖလှယ်ကြတယ်ေ ဆွးနွေးကြတယ်။” - ဟု တွေ့ဆုံဆွေးနွေးရေးအမှုဆောင်နန်းလောဝ်ခမ်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


ဆွေးနွေးမှု ၂ ရက်အပြီး စက်တင်ဘာလ ၂၆ ရက်တွင် သျှမ်းတောင်သူလယ် သမားများကွန်ယက်သည် တာ့လုံရွာ နားမခေါ်အုပ်စုမှ ရပ်မိရပ်ဖ များနှင့်တွေ့ဆုံကာ နမ္မတူမြစ်ပေါ်ရေကာတာတည်ေ ဆာက်ခြင်းနှင့်ပ တ်သက်သည့် ဆန္ဒသဘောထားများကို ကောက်ယူခဲ့ကြသည် ။


စီမံကိန်းကြောင့် တာ့လုံရွာမှာ ရေလွှမ်းမည့်အထဲပါဝင်နေသဖြင့် ဒေသခံများမှာ  စီမံကိန်း ဆန့်ကျင်ကြောင်း သဘောထားပေးခဲ့ကြခြင်းဖြစ်သည် ။


“တွေ့ဆုံပွဲ တက်ရောက်သူ ၁၈၇ ဦးအနက် ၁၈၃ ဦးမှာရေအား လျှပ်စစ် ထုတ်လုပ်ရေးစီမံကိန်းအားဆန့်ကျင်ခဲ့ကြပြီး ကျန် ၄ ဦး ဆန္ဒမဲကတော့ပယ်မဲပေါ့ ” ဟု တာ့လုံလူငယ်စိုင်းစိုင်းကပြောသည် ။


ထိုသို့ဆန္ဒမဲကောက်ယူမှုအပြီး  တွေ့ဆုံပွဲတက်ရောက်လာသူများသည် နမ္မတူမြစ်ပေါ်တည်ဆောက်မည့် ရဲရွာရေကာတာနှင့်အတူ ရေကာတာသစ် ၄ ခုတို့အား ဆန့်ကျင်ကြောင်း ရေးသားထားသည့်စက္ကူစာရွက်များကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည် ။


“ဒီ စီမံကိန်းတွေက ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ဒေသခံတွေ သဘောမတူပဲ အတင်းအကျပ် စီစဉ်နေတယ်။ စီမံကိန်းဒေသနားမှာလည်း မကြာခဏ တိုက်ပွဲတွေဖြစ်နေတယ်။ စီမံကိန်းတွေ ရပ်တန့်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တဦးကပြောသည် ။


အထက်ရဲရွာရေကာတာ စီမံကိန်းကို တရုတ်၊ ဆွစ်ဇာလန်၊ ဂျာမနီနှင့် ဂျပန် ကုမ္ပဏီများ ပါဝင်ကာ တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည်ဟု ဆိုသည်။ ရေကာတာ မတည်ဆောက်မီကတည်းက တာလုံရွာသားတို့အား အကြောင်းကြားခြင်း မရှိသည့်အပြင် ညှိနှိုင်းတိုင်ပင်မှုများ မရှိခဲ့ကြောင်း သိရသည် ။


 ရွာသားများ အနေဖြင့်လည်း ပြောင်းရွှေ့ခြင်းကို မလိုလားကြေ သာကြောင့် ပြီး ခဲ့ သည့် ဖေဖော်ဝါရီလက တာလုံ ရွာသူ/ ရွာသားများမှ ရေကာတာေ ကြာင့် ရွှေ့ပြောင်းကြရမည်ကို ဆန့်ကျင်ကန့်ကွက်သည့် လက်မှတ်ရေး ထိုးထားသော စာရွက်မှတ်တမ်းကို ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်မှတစ်ဆင့် တင်ပြခဲ့ကြောင်းလည်း သိရသည် ။


နမ္မတူ ( ဒုဋ္ဌဝတီ ) ခေါ် မြစ်ငယ်မြစ်မြစ်ပေါ် ရှမ်းကုန်းမြင့် ဒေသတွင် အထက်ရဲရွာ ၊ အလယ်ရဲရွာ စသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်ထည် ဖော်နေပြီး အများစုမှာ ပွင့်လင်းမြင်သာမှု မရှိကာ အင်အားအကြီးဆုံး “၀” တပ်ဖွဲ့မှ တရုတ်ရင်းနှီးမြှပ်နှံသူများ တည်ဆောက်မည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ လျှပ်စစ်များကို “၀” ဒေသသို့ ပေးပို့ရန် တောင်းဆိုထားသည်ဟု သိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates