ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပိုမိုပါဝင်လို - ၂၁ ရာစုပင်လုံညီလာခံတက် အမျိုးသမီးများပြော



ပည်ထောင်စုငြိမ်းချမ်းရေးညီလာခံခေါ် ၂၁ ရာစု ပင်လုံညီလာခံတွင် ဖိတ်ကြားခံရအဖွဲ့အစည်းအသီးသီးမှ စာတမ်းများဖတ်ကြားခဲ့ရသော်လည်း အမျိုးသမီး အဖွဲ့အစည်းများကိုမူ သီးသန့်ဖိတ်ကြားခြင်းမရှိသဖြင့် စာတမ်းဖတ်ခွင့်မရခဲ့ကြောင်း ညီလာခံတက်ရောက်သည့် အမျိုးသမီးအဖွဲ့အစည်းများက ပြောပါသည် ။


သို့သော်နိုင်ငံရေးပြသနာကြောင့် စစ်မက်ဖြစ်ပွါးနေသည့်  တိုင်းရင်းသားဒေသများတွင်မူ   အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုမှာ မပြတ်ရှိနေသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာအမျိုးသမီးများ ပိုမိုပါဝင်သင့်ကြောင်း ၂၁ ရာစုပင်လုံညီလာခံတက်ရောက်ခွင့်ရရှိသည့်အမျိုးသမီးများကပြောဆိုပါသည်။


သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ် လှုပ်ရှားဆောင်ရွက်ရေး အသင်း ( SWAN ) ယိင်းလောဝ် က “မငြိမ်း ချမ်းလို့  ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးတာလေ။  မငြိမ်းချမ်းဘူးဆိုတာက မသင့်မြတ်လို့မငြိမ်းချမ်းတာဖြစ်တယ်။ တိုင်းရင်းသားနယ်မြေတွေမှာ တောက်လျှောက်ဖြစ်နေတဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို  လက်နက် တစ်ခုလို အသုံးချ  တယ်။ ဒီဟာတွေအကုန်လုံးကလည်း အမျိုးသမီးတွေနဲ့တိုက်ရိုက်ဆက်စပ်နေတယ်” ဟု ပြောသည် ။


KNPP ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ အထောက်အကူပြုအဖွဲ့ သဲမာ ကလည်း  “တကယ့်အမျိုးသမီး တွေ အသံပါဖို့လိုတယ်။ ကိုယ်စားလှယ်တွေဖြစ်ဖြစ် တရားဝင်အနေနဲ့ သူတို့အသံပါလာဖို့လိုပါတယ်။  ပြည် တွင်းစစ်တွေမှာပေါ့နော်။ အခံရဆုံးက အမျိုးသမီး တွေ ကလေးငယ်တွေပေါ့။ စစ်ပြေးစစ်ဒဏ် ကိုခံရ ဆုံး ပေါ့နော်။ ဒါကြောင့်မို့ အမျိုးသမီးတွေဟာ  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဖို့အရေးကြီးပါတယ်”ဟုပြောသည်။


၂၁ ရာစု ပင်လုံညီလာခံ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသမီး ကိုယ်စားလှယ်အရေအတွက်၏ အနည်းဆုံး ၃၀ % ပါဝင်သင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက သြဂတ်စ်လ ၃၁ ရက်နေ့ ညီလာခံအဖွင့်မိန့်ခွန်း တွင် ပြောကြားသွားပါသည်။


၎င်းနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ ဒုတိယခေါင်းဆောင် စောမြရာဇာလင်း က “ အရင်ညီလာခံမှာအမျိုးသမီး ရ % ဘဲပါလာတယ် ။ အခု အမျိုးသမီးတွေအနည်းဆုံး  ၃၀ % မပြည့်သေးဘူးဆိုပေမယ့် အရေတွက်အားဖြင့်တော့  အများကြီးပါလာတာတွေ့ရတယ် ။
အရင်ထက်တော့တိုးတက်လာတယ်” ဟုပြောသည် ။


နိုင်ငံရေးဆွေးနွေးပွဲအဆင့်တိုင်းတွင် အမျိုးသမီးပါဝင်မှု အနည်း ဆုံး ၃၀ ရာခိုင်နှုန်း ရှိရမည်ဟု အဖက်ဖက်က ပြောဆိုနေကြသော်လည်း နိုင်ငံတော်အတိုင်ပင်ခံကိုယ်တိုင်က အမျိုးသမီး ပါဝင်ရေးကို တခွန်းမျှ မဟ သည်ကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးအချင်းချင်း လက်တွဲခေါ်မှုအားနည်းနေ သည်ကိုတွေ့ရကြောင်း သျှမ်းအမျိုးသမီး ရေးရာ ဆက်သွယ် လှုပ်ရှားေ ဆာင်ရွက် ရေး အသင်း (SWAN) မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းဟန်ဖှ က ပြောသည် ။


သို့သော်လက်ရှိ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကြီး အား ဗိုလ်ချုပ်အောင်ဆန်း ၏ သမီး ဒေါ်ဆောင်ဆန်းစုကြည် မြန်မာ့ နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်၏ အတိုင်အပင်ခံဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ကျင်းပနေသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates