တောင်းဆိုချက် ၈ ချက်အား အစိုးရ နှင့် တပ်မတော် သဘောတူလျှင် UNFC တပ်ဖွဲ့ဝင်များ NCA စာချုပ် လက်မှတ်ရေးထိုးမည်ဟုဆို
![]() |
| သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခွန်ဆိုင် |
“ အဲ့ဒီ ၈ ချက်ထဲမှာ အရေးကြီးတာ ၁ အချက်က နိုင်ငံတော်အစိုးရအနေနဲ့ တပြည်လုံး ပစ် ခတ်ရပ်စဲရေးကို စတင်ကြေညာပေးဖို့လိုပါတယ်၊ တဆက်တည်းမှာဘဲ ကျနော်တို့ အဲ့ဒီ အစိုးရကြေညာတဲ့အောက်မှာ ကျနော်တို့ အဖွဲ့စည်းတွေလည်း ဆက်လက်ပြီး ကြေညာ သွားမှာပါ တပြည်လုံးပစ်ခတ်ရပ်စဲရေးကိစ္စနဲ့ ဒါတစ်ချက်” ဟု SSPP/SSA ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ခွန်ဆိုင် ကပြောသည် ။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေး ထိုးထား သည့်အဖွဲ့သည် လာမည့်ရှေ့ ၆ လတွင် ကျင်းပမည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်မရကြောင်း အစိုးရဘက်က ပြောသော်လည်း SSPP/SSA အနေဖြင့်၂၁ ရာစု ပင်လုံ ညီလာခံပြီးလျှင် ဆက်လက်ပြီး အချိန်အခါသင့်လျှော်သလို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း သိရသည် ။
“ ဒီအစည်းအဝေးကြီးပြီးရင် ဆက်လက်ပြီး အချိန်အခါ သင့်တော်သလို ကျနော်တို့ ဆက် ညှိနှိုင်းသွားမှာပါ ကျနော်တို့လည်း အတတ်နိုင်ဆုံး ဒီအခွင့်အရေးကို လက်မလွှတ်ဖို့လည်း ကြိုးစားပြင်ဆင်နေပါတယ်”ဟု စဝ်ခွန်ဆိုင် ကပြောသည် ။
UNFC အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရဆီမှ တင်ပြထားသည့်အချက် ၈ ချက်သည်အရေးကြီး သည့် အချက်များပါဝင်ရန်လိုအပ်ပြီး နိုင်ငံတော်အစိုးရဘက်မှလည်းကောင်း တိုင်းရင်းသား လက်နက်ကိုင်ဘက်မှလည်းကောင်း တစ်ပြည်လုံးပစ်ခတ်ရပ်စဲရေးကြေညာမှုမရှိဘဲ လုပ်သွား မည်ဆိုလျှင် အင်မတန်အားနည်းသည့် အချက်ဖြစ်ကြောင်း ဗိုလ်ချုပ်ခွန်ဆိုင်ကပြောသည် ။
“ အရေးကြီးတဲ့ အချက်တွေပါဖို့လိုတယ် ဒါမှလည်း ကျနော်တို့ NCA ပုံသဏ်ဏ္ဍန် ပီပီပြင်ပြင် ပေါ်လာလိမ့်မယ် အဲ့လိုမှမဟုတ်ရင် တစ်ပြည်လုံးပစ်ခတ်ရပ်စဲရေးမကြညာဘဲနဲ့ အစိုးရဘက် က မကြေညာ နောက် တိုင်းရင်းသားဘက်ကမကြေညာဘဲနဲ့ လုပ်သွားမယ်ဆိုလို့ရှိရင် ဒီတစ် ချက်က အင်မတန် ကို အားနည်းတဲ့အချက်တစ်ချက်ဖြစ်တယ်လို့ ကျနော်တို့ ယူဆပါတယ်” ဟု ၄င်းကပြောသည် ။
UNFC အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရထံတွင် တင်ပြထားသည့် အချက် ၈ ချက်မှာ ထဲမှ အရေး ကြီးသည် အချက်သည် အစိုးရဘက်မှ တပြည်လုံးပစ်ခတ်ရပ်စဲရေးကို စတင်ကြေညာပေးသင့် ကြောင်း၊ စောင့်ကြည့်ရေးကိစ္စတွင်လည်း ကမ္ဘာ့ကုလသဂ္ဂတွင်ရှိသည့် ပဋိပက္ခများကို ဖြန်ဖျေ ရေးအဖွဲ့ ပါဝင်စေချင်ပြီး ပစ်ခတ်ရပ်စဲရေးပီပီပြင်ပြင်ဖြစ်လာမှာဖြစ်ပြီး နှင့် အားလုံးပါဝင်ရေး စသည်တို့ဖြစ်ကြောင်း သိရသည် ။
Tags: News, politic


