လားရှိုးဈေးကြီးအနီး ပစ္စည်းများသိုလှောင်သည့် နေအိမ်မီးလောင်



သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် လွယ်ရိုးဈေးအနီး ရပ်ကွက် ၃ တွင် ယနေ့မနက် ၁၀ နာရီ ၄၅ မိနစ်က ကားအပိုပစ္စည်းများသိုလှောင်ထားသည့်အိမ် မီးလောင်မှုဖြစ်ပွါးခဲ့သည် ။


ရပ်ကွက်တွင်းလူထုနှင့်မီးသတ်ကားများဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ၁၁ နာရီကျော်တွင် မီးငြိမ်းသတ်နိုင်ခဲ့ သော်လည်း နေအိမ်အတွင်းရှိ သိုလှောင်ကုန်ပစ္စည်းများ ပြာကျကုန်ကြောင်း၊  ဆုံးရှုံးမှုတန်ဖိုးကိုမူ တွက်ချက်၍မရသေးကြောင်း မီးဝိုင်းငြိမ်းသတ်ပေးသည့် လားရှိုးဒေသခံ စိုင်းစိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည် ။


 “ အိမ်ရှင်က သူတို့အိမ်နားကဘဲ ကားအပိုပစ္စည်းအရောင်းဆိုင်ဖွင့်ထားတာ။ ဈေးနဲ့ မီတာ ၃၀၀ ကျော်ကျော်လောက်မှာရှိတယ်။ အိမ်ထဲမှာလဲ ကားတာယာတို့ ဘက်ထရီအိုးတို့ ဘာတို့ ပစ္စည်းတွေလှောင်ထားတယ်ဆိုတော့ ဆုံးရှုံးမှုတန်ဖိုးတွက်ရခက်တယ် ။ သိန်းပေါင်း ၄-၅ သောင်းအောက်တော့မနည်းဘူးလို့လည်းခန့်မှန်းနေကြတယ်” ဟု စိုင်းစိုင်းကပြောသည် ။


 မီးမှာ ဘုရားစင်မှ စလောင်လာခြင်းဖြစ်ကြောင်း လည်းပြောဆိုပါသည် ။


လားရှိုးမြို့တွင် စက်တင်ဘာလ ၁၆ နှင့် ၁၇ ရက်ကမူ မိုးမပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက် ၉ ခိုင်းဟျိုး ဘက်တွင် ရေလျှံမှုများဖြစ်ပွါးခဲ့သည်။ အလားတူ မန်ဆူကျောင်းအနောက်ဘက် တို့တွင်လည်း အုတ်တံတိုင်းပြိုကျမှုများဖြစ်ပွါးခဲ့သည်။ ရေနှုတ်မြောင်းများ မရှိသဖြင့်ရေလွှမ်းခြင်းဖြစ်ရကြောင်း လားရှိုးမြို့ခံ အေးနန်းဆိုင်ကလည်းပြောပါသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates