ပုဂံမှ ကုန်းဘောင်အထိ ဗုဒ္ဓဘာသာ မြန်မာအယူအဆဖြင့် ထူထောင်လာသည့် အမျိုးသားနိုင်ငံနှင့် သမိုင်းမှာ တိုင်းရင်းသားများနှင့် မသက်ဆိုင်ဟု ဒေါက်တာ ဆလိုင်းလျှံမှုန်းပြောဆို



ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ ဗုဒ္ဓဘာသာမြန်မာအယူအဆဖြင့် ထူထောင်လာသည့် အမျိုးသား နိုင်ငံနှင့် သမိုင်းမှာ တိုင်းရင်းသားများနှင့် မသက်ဆိုင်သောကြောင့် ယင်းတပြည်ထောင် စနစ်ဖြင့် တိုင်းပြည်ကို တည်ဆောက်မည်ဆိုပါက ပြည်တွင်း စစ်ရပ်စဲမည် မဟုတ်ကြောင်း ဒေါက်တာ ဆလိုင်းလျှံမှုန်းဆာခေါန်းကပြောသည် ။


" ဒီတိုင်းပြည် လူမျိုးတစ်မျိုး ဘာသာတစ်မျိုး ဘာသာစကားတစ်ခု အမျိုးသားနိုင်ငံထူထောင်ရေးလမ်း စဉ်ကို သွားရင်အဆင်ပြေမှာမဟုတ်ဘူး။  ကျနော်တို့ တိုင်းရင်းသားလူမျိုးများအတွက် ပုဂံခေတ် ကနေ ကုန်းဘောင်ခေတ်အထိ ဗုဒ္ဓဘာသာမြန်မာလူမျိုးလို့ဆိုတဲ့ အယူဝါဒနဲ့ ထူထောင်လာတဲ့ အမျိုး သား နိုင်ငံတော်က ကျနော်တို့နဲ့ မဆိုင်ဘူး။  ကျနော်တို့က ပင်လုံစာချုပ်လက်မှတ်ရေးထိုးပြီးမှ ဒီတိုင်း ပြည်မှာ အတူတကွနေထိုင်လာတာဖြစ်တယ်။" ဟုလည်း ဒေါက်တာဆလိုင်းလျှံမှုန်းက ဆိုသည် ။


ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးအချက်မှာ အသိအမှတ်ပြု မှုဖြစ် ကြောင်း ချင်းအမျိုးသားတပ်ဦးဒုတိယ ဥက္ကဌ ဒေါက်တာဆလိုင်းလျှံမှုန်း ဆာခေါန်းက ယနေ့ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားတွင် ပြောသည် ။


တိုင်းပြည်မှာ ပင်လုံစာချုပ်ကြောင့်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားများ၏ ဘိုးဘွားပိုင်နယ်မြေများ ကို ရင်းနှီးပူးပေါင်းပါဝင်မှုအပေါ် အသိအမှတ်ပြုရန်မှာ အရေးကြီးသည်ဟု   ရန်ကုန်တွင်ကျင်း ပသည့် အခမ်းနားတွင်ပြောသည် ။


"ကျနော်တို့တိုင်းရင်းသားတွေလိုလားတာက ပထမဆုံးက အသိမှတ်ပြုခြင်းပဲ။ ကျနော်တို့ ချင်းလူမျိုး က လူမျိုးခြားဖြစ်တယ်။ ချင်းလူမျိုးက မတိုးတက် ခေတ်နောက်ကျပေမဲ့ အဲဒီလူမျိုးတွေရဲ့ သမိုင်း၊ နယ်မြေ ၊ ယဉ်ကျေးရှိတယ်။ အုပ်ချုပ်ရေးစနစ်ရှိတယ်။ ဒါကို အသိမှတ်ပြုဖို့လိုတယ်။ ဒါကို အသိ အမှတ်မပြုနိုင်မခြင်း စစ်ပွဲက ရပ်စရာအကြောင်းမရှိနိုင်ဘူး။ အဲလို အသိအမှတ်ပြုမှပဲ ကျနော်တို့ လိုချင်သော အားလုံးအတူယှာဉ်တွဲနေထိုင်နိုင်တဲ့ စနစ်မျိုးကို ထူထောင်နိုင်မှာဖြစ်တယ်။ "ဟု ဒေါက်တာဆလိုင်းလျှံမှုန်းက ဆိုသည် ။


ပင်လုံစာချုပ်ချုပ်ဆိုပြီး လွတ်လပ်ရေးနောက်ပိုင်းကာလပြည်တွင်းစစ်ဖြစ်ပွားမှုကို ရပ်တန့်နိုင်မှုမရှိခြင်း မှာ တပြည်ထောင်စနစ်နှင့်အ မျိုးသားနိုင်ငံအတင်းအကျပ်ထူထောင်ရန် ကြိုးပမ်းမှုတို့ကြောင့် ဖြစ် သည် ဟု လည်း ဒေါက်တာဆလိုင်းလျှံမှုန်းက ဆိုသည် ။


နိုင်ငံရေးဆွေးနွေးမှုများအောင်မြင်ရန်မှာ စစ်မှန်သည့် ပြည်ထောင်စု ထူထောင်ရန် ဆန္ဒရှိမှုအပေါ်တွင်သာ မူတည်သည်ဟုလည်း ဒေါက်တာ ဆလိုင်းလျံမှုန်း ဆာခေါန်းကဆိုသည် ။


"အသိမှတ်ပြုမှုကနေ အတူယှာဉ်တွဲနေထိုင်တဲ့ တိုင်းပြည်ထူထောင်နိုင်မှာဖြစ်တယ် ယဉ်ကျေးမှု ပေါင်းစုံရှိတယ်။ ဘာသာတရားပေါင်းစုံရှိတယ်။ ဒါတွေကို အသိအမှတ်ပြုပြီးမှထူထောင်လို့ရတဲ့ ပြည်ထောင်စုစနစ်ကိုကျနော်တို့ လိုလားပါတယ်။" ဟု ဆိုသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates