သံလွင်မြစ်စီမံကိန်းများ - မွန်လူငယ်များ အစည်းအရုံး ကန့်ကွက်



သံလွင်မြစ်ပေါ်  ရေကာတာတည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်ပြီး လက်ရှိ လူထုက ရွေးချယ်  ထားသည့်အစိုးရအနေဖြင့် လူထုအသံများကို လျစ်လျူရူပြီး ယခင်အစိုးရလက်ထပ်က မှားခဲ့သည်များကို ဆက်လက်မလုပ်ဆောင်သင့်ကြောင်း တိုးတက်သော မွန်လူငယ်များအစည်း အရုံး(MYPO)က အကြံပြုတိုက် တွန်း ထားသည် ။


သံလွင်ရေကာတာများတည်ဆောက်မည်ဆိုပါက မြစ်အောက်ပိုင်းနေ မွန်နှင့် ကရင် ပြည်နယ်မှ ဒေသခံ လူထုများအတွက် အကျိုးသက်ရောက်မှုနှင့် ဂေဟစနစ်ပျက်စီးမှုများ ဆိုးရွားစွာဖြစ်လာနိုင် သော ကြောင့် လူထုကန့်ကွက်နေသည့် သံလွင်စီမံကိန်းများ ရပ်ဆိုင်းရန် တိုက်တွန်းရခြင်းဖြစ်သည်ဟု ဆိုသည် ။


“ လူထုရွေးထားတဲ့အစိုးရက အတိတ်က အစိုးရမှားခဲ့တဲ့ အမှားကို လက်ဆင့်ကမ်းဆက်မမှားဖို့ လိုတယ် ” ဟု တိုးတက်သည့် မွန်လူငယ်အစည်းရုံးမှ မိအားချိုင်က ဆိုသည် ။


သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့်ရေကာတာ စီမံကိန်းများအနက် အများစုမှာ သျှမ်းပြည်နယ်တွင် တည်ရှိပြီး လျှပ်စစ်ဓါတ်အား ၉၀ ရာနှုန်းကို ထိုင်းနှင့် တရုတ်နိုင်ငံသို့ ရောင်းချမည်ဖြစ်ကာထိုမှ ကျန်နေ သည့် လျှပ်စစ်ဓာတ်အား အနည်းငယ် ကို မည်ကဲ့သို့ ဖြန့်ဝေသုံးစွဲမည်ဟု ရှင်းလင်း တိကျသည့်အစီအစဉ် မရှိသေးကြောင်း သိရသည် ။


“ ဧရာဝတီ မြစ်ဆုံအစား သံလွင်စီမံကိန်းတွေကို ပေးလိုက်မှာ စိုးရိမ်ပါတယ်” - ဟု လွန်ခဲ့သည့်လ အတွင်းက ထုတ်ပြန်ခဲ့သည့် သျှမ်းလူမှုအဖွဲ့အစည်းများ၏အစီရင်ခံစာ တွင် လည်း ဖော်ပြထားသည် ။


ထို့အပြင် သြဂုတ်လ ၂၉ ရက် ရက်စွဲဖြင့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှ သံလွင်မြစ်ရေ ကာတာ တည်ဆောက်ရေးစီမံကိန်းအပေါ် သဘောထားတစောင် ထုတ်ပြန်ရာ  - သျှမ်းပြည်နယ်နှင့် ကယားပြည်နယ် ကရင်ပြည်နယ်အတွင်း သံလွင်မြစ်ပေါ် တည်ဆောက်မည့် ရေကာတာစီမံကိန်း ၆ ခုသည် သံလွင်မြစ်ပေါ်တွင် မှီခိုနေသည့်တိုင်းရင်းသားလူထု၏ အနာဂတ်နှင့် သံလွင်မြစ်ဝှမ်းဒေသ၏ ကြွယ်ဝ လျှက်ရှိသောသဘာဝ သက်ရှိဖြစ်တည်မှု အမျိုးမျိုးကိုခြိမ်းခြောက်လျက်ရှိနေသည် ။ သို့သော် ယူနန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်ပေါ်တွင်တည်ဆောက်မည့်ရေကာတာသည် ငလျင်ကြောပေါ်တွင် တည်ရှိနေသည့်အတွက် တရုတ်အစိုးရမှ ဆိုင်းငံ့ထားခဲ့ပြီး ၄င်းတို့စွမ်းအင်လိုအပ်ချက်အတွက်  မြန်မာ နိုင်ငံအတွင်းရှိသံလွင်မြစ်ကို အသုံးချနေသည့်အပေါ် အစိုးရမှ အရေးတကြီးပြန်လည်သုံးသပ်ရန် လိုအပ်ပါသည်။ လက်ရှိ မြန်မာနိုင်ငံသည် သဘာဝ ပတ်ဝန်းကျင် ဂေဟစနစ်များ လျင်မြန်စွာပျက်စီး ယိုယွင်းလျက်ရှိနေရာ ကမ္ဘာ ပေါ်တွင် သဘာဝဘေးအန္တရာယ်ထိခိုက်မှုအဆိုးရွားဆုံး ခံစားရ သည့် ၁၀ နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံသည် ဒုတိယနေရာတွင်ရှိနေကြောင်း၊ ရာသီဥတု ပြောင်းလဲ ဖောက်ပြန်မှုဒဏ်ကိုလည်း အဆိုးဆုံးခံရမည့်နိုင်ငံများစာရင်းတွင်ဒုတိယနေရာ တွင်ရောက်ရှိနေကြောင်း သတိပေးချက်အပါအဝင် - အချက် ၈ ချက် ပါဝင်ပါသည် ။


သံလွင်မြစ်ပေါ်တွင် စီမံကိန်းများနှင့် ပတ်သက်၍ တိုင်းရင်းသားအများစုကကန့်ကွက်သော် လည်း  ၀ လက်နက်ကိုင် UWSA တပ်ဖွဲ့ကမူ သံလွင်မှလျှပ်စစ်ဓါတ်အား ထုတ်ယူလိုသည်ဟု ၂၀၁၄ က တည်းက အစိုးရထံ တင်ပြထားသည် ။


လွန်ခဲ့သည့် သြဂုတ်လ ၁၂ ရက်က လျှပ်စစ်လိုအပ်ချက်အရ  ရေအားလျှပ်စစ်စီမံကိန်း (ရေကာတာ စီမံကိန်း) များတည်ဆောက်ရန် စီစဉ်ထားသည်ဟု မြန်မာ့လျပ်စစ်ဓါတ်အားဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝင် အတွင်းရေးမှူးဦးထိန်လွင်က သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုထား သည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates