ကျောက်မဲမြို့တွင် စစ်ဘေးရှောင် တသောင်းထက်မနည်း မထင်မရှားဘ၀ဖြင့်ရှိနေ
သျှမ်းပြည်မြောက်ပိုင်း တွင် ဖြစ်ပွားသောတိုက်ပွဲများကြောင့် ကျောက်မဲမြို့ပေါ်တွင် စစ်ဘေးရှောင်များ တစ်သောင်းထက်မနည်း မထင်မရှားဘ၀ ဖြင့် ရှိနေဆဲဖြစ်သည်ဟု အကူအညီပေးနေသည့် အသိုင်း အဝိုင်းများ ပြောပြချက်အရသိရသည် ။
![]() |
| ကျောက်မဲမြို့ ကျားငါးကောင်ဆေးတိုက်တွင် ခိုလှုံနေရဆဲ စစ်ရှောင်ကျောင်းသားလူငယ်တချို့ ( Photo: Yord Ngun) |
“ သျှမ်းလူမျိုးတွေက တခြားလူမျိုးနဲ့မတူဘူး၊ ဘုန်းကြီးကျောင်းမှာ ဒုက္ခသည်ဘ၀ နဲ့ နေနေရတာ၊ သူများကူညီပေးကမ်းစာ စောင့် စားနေရတာ ရှက်လို့တဲ့။ ရပ်ကွက်တိုင်းမှာ ပြန့်ကျဲနေထိုင်နေတာ အများကြီး၊ နေ့စားအလုပ် လိုက်လုပ် တယ်။ ဈေးရောင်းတယ်။ ဝမ်းစာအတွက်ရနေတော့၊ ရွာတချို့မိးရှို့တဲ့နောက်ပိုင်းကို သူတို့ရွာကို မပြန်ချင် တော့ ဘူး။ တော့ဆန်၊ လွယ်ပန်းတန်၊ တောင်ပို့လို့၊ ကျေးရွာအုပ်စု ရွာသားတွေ အများဆုံး၊ တော့ဆန်ဈေး ပိုင်း ရပ်ကွက်ဆို လုံးဝ ကိုမပြန်တော့ဘူး” - ဟု ဟိုဝိန်းကျောင်းတိုက် ဆရာတော်ဘုရားက မိန့်တော်မူ သည် ။
သျှမ်းပြည်မြောက်ပိုင်းအတွင်း အစိုးရတပ်မတော် နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ် မြောက်ရေး တပ်မတော် TNLA တို့ အကြား တိုက်ပွဲများကြောင့် ဒေသခံများ စစ်ဘေး စစ်ဒဏ်ခံနေရ ခြင်းဖြစ်သည် ။
“ စစ်ဘေးရှောင်ကအများရှိနေသေးတယ်။ တသောင်းနီးနီးလောက်ရှိမယ်။ စာသင်သားအရွယ်တော့ ဘုန်းကြီးကျောင်းနှစ်ကျောင်းနဲ့ ကျနော့်ရဲ့ ဆေးတိုက်မှာ ခွဲပြီးထားထားတယ်။ ကျနော့် ဆီမှာ ဘဲ ၁၈၀-၂၀၀ ကြားရှိမယ်။ ကျောင်းသူကျောင်းသားအရွယ်ဘဲ ၂၀၀၀ နီးနီးရှိမယ်။ သူတို့ရဲ့မိဘတော့ တရုတ်သို့ ထိုင်းသို့ သွားပြီး ပိုက်ဆံရှာတာလဲရှိတယ်” - ဟု ကျားခေါင်းပါတီ အမတ်ဟောင်း၊ ကျားခေါင်းပါတီ ဗဟိုကော်မတီဝင် စစ်ဘေးရှောင်ကူညီနေသူ စိုင်းသန်းမောင် က ပြောသည် ။
ကျောက်မဲခရိုင်အတွင်း မြန်မာ့တပ်မတော် နှင့် စစ်ရေးပဠိပက္ခဖြစ်နေသည့် တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော် သည် ၂၁ ရာစု ပင်လုံညီလာခံတက်ခွင့်မရှိခဲ့ပေ။ မြန်မာ့ ငြိမ်းချမ်းရေး မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် ပါဝင်လိုလျှင် လက်နက်ကိုင်လမ်းစဉ် စွန့်လွတ်ရမည် ဆိုသည့် ကြေငြာချက်ထုတ်ပြန်ရမည် ဆို သည့် အချက်ကို တအာင်းတပ်မတော်ဘက်က ငြင်းဆန်ထားသည်။ RCSS/SSA မှာမူ မြန်မာအစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် လက်မှတ်ရေးထိုး ထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည် ။
Tags: Human Right, News


