NLD ၏ သျှမ်းပြည်နယ်ထိပ်တန်းခေါင်းဆောင် ၆ ဦးအား ဒေါ်အောင်ဆန်းစုကြည် အမိန့်ဖြင့်ထုတ်ပယ်
NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ သျှမ်းပြည်နယ်ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင် ၆ ဦးအား ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ကဒေါ်အောင်ဆန်းစုကြည် အမိန့်အရ ဟုဆိုကာ ထုတ်ပယ်လိုက်ပါသည် ။
ပါတီစည်းကမ်းနဲ့ မညီညွတ်တာကြောင့် ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က ရုပ်သံမီဒီယာတစ်ခု ၏ အင်တာဗျုးတွင် ပြောဆိုထားသည် ။
“ ပါတီရဲ့စည်းကမ်းကျူးလွန်လို့။ ပိုက်ဆံရှိရင်စီအီးစီ လုပ်လို့ရတယ်ဆိုတဲ့ စော်ကားတဲ့စကား ပါတီဝင်တွေဆို ရုံးမှာလွတ်လွတ်လပ်လပ် ပြောလို့ ရ တယ်။ အဲ့ဒီလို မပြောဘဲ ဖေ့ဘုတ်တင်တဲ့အတွက် ပါတီစည်းကမ်းနဲ့မညီလို့ ။ ဒီဟာနဲ့ပတ်သက်လို့ပြတ်ပြတ်သားသားလုပ်ဖို့ဒေါ်အောင်ဆန်းစုကြည် ဆီ ကအမိန့်ရပြီးဒါကြောင့်မို့လုပ်လိုက်တာဖြစ်တယ်” ဟု ဦးဝင်းထိန်က ပြောသည် ။
နိုင်ငံရေးမှာ စီအီးစီ မရှိဘူး။ သမိုင်းပဲရှိတယ်။ နိုင်ငံရေးသမိုင်းက ၀ယ်လို့မရဘူး။ စီအီးစီ သမိုင်းက ၀ယ်လို့ရတယ် - ဟု တောင်ကြီး ခရိုင် NLD ဥက္ကဌက ရေးသားထားခြင်းနှင့်ပတ်သက်ပြီး ထုတ်ပယ်ခံရခြင်းဖြစ် သည်ဟု ဦးတင်မောင်တိုးက ပြောသည် ။
သျှမ်းပြည်နယ် NLD အတွင်း အားပြိုင်မှုများရှိနေသည်မှာ ကြာပြီဖြစ် ကြောင်း တောင်ကြီးအခြေစိုက် လူ့အခွင့်ရေးလှုပ်ရှားသူများက ပြောသည် ။
လက်ရှိ ရာထူးမှ ထုတ်ပယ်ခံရသူများသည် ၈ လေးလုံးအရေးတော်ပုံ ကာလ ကတည်းက ဒီမိုကရေစီအရေးလှုပ်ရှားလာသူများဖြစ်ပြီး စစ်အစိုးရ လက်ထက်တလျှောက်ကြံ့ကြံ့ခံ ရပ်တည် ခဲ့သူများဖြစ်ကြောင်း၊ ဒေသတွင်း လူ့အခွင့်ရေးချိုးဖောက်ခံရမှုများတွင် ပြည်သူများဘက်က ရပ်တည်သူများဖြစ်သဖြင့် ဒေသခံများအတွက် နစ်နာမှုဖြစ်စေကြောင်း သုံးသပ်မှုများရှိနေပါ သည် ။
ထုတ်ပယ်မှုတွင်ပါဝင်သော NLD ဥက္ကဌ ဒေါ်ခင်မိုးမိုးက ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ခွင့်ရဖို့ နေပြည်တော်တွင်ရောက်ရှိနေကြောင်းသိရသည် ။
ရွေးကောက်ပွဲတွင်အနိုင်ရသဖြင့် ၀န်ကြီးတာဝန်ရယူထားသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါတီနှင့် ကင်းရှင်းရမည်ဖြစ်ပါသည် ။
အခုပါတီရာထူးမှထုတ်ပယ်မှုတွင် ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်း ဦးထွန်းထွန်းဟိန် ( နောင်ချို လွှတ်တော်ကိုယ်စားလှယ် ) တို့လည်း သိရှိခြင်း မရှိ ဟုဆိုပါသည် ။
Tags: General, News


