၂၁ ပင်လုံညီလာခံတွင် တနိုင်ငံလုံးအပစ်ရပ်ပေးရန် SSPP/SSA တောင်းဆိုနေချိန် ၀မ့်ဟိုင်းဌာနချုပ်အနီးတို့ အစိုးရတပ်များအင်အားဖြည့်သောကြောင့် တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်



ငြိမ်းချမ်းရေးညီလာခံတစ်ခုသည် ပထမဦးစွာ အပစ်အခတ်ရပ်စဲရေးကြေငြာရန် အဓိကလိုအပ်ချက် ဖြစ်သောကြောင့် အပစ်အခတ်ရပ်စဲပေးရန် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP /SSA တောင်းဆို နေချိန် ၄င်းတို့ဌာနချုပ် အနီးသို့ အစိုးရတပ်များ အင်အားအလုံးအရင်းဖြည့်တင်းနေသော ကြောင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေကြသည်ဟု သိရသည် ။


သြဂတ်စ် ၃၁ ရက်နေ့မှ စက်တင်ဘာ ၃ ရက်နေ့ အထိ နေပြည်တော်တွင် - ၂၁ ရာစု ပင်လုံညီလာခံအား နိုင်ငံတော်၏ အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးသို့ တနိုင်ငံလုံးအပစ်ရပ်ပေးရန်တောင်းဆိုနေချိန် သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်းရှူးမြို့နယ် ဘက်တို့ အစိုးရတပ်များအင်အားအလုံးအရင်းဖြည့်တင်းနေသောကြောင့် နှစ်ဘက် စစ်ရေးအသင့်အနေအထားရှိနေသည်ဟု ၀မ့်ဟိုင်းဌာနချုပ် ပြန်ကြားရေးအရာရှိကြီး တဦးကပြော သည် ။


၂၁ ရာစု ပင်လုံညီလာခံတက် SSPP /SSA ၏နာယက ဗိုလ်ချုပ်ကြီးဆေထင်က" သေနတ်သံတွေ အရင်စဲမှရမယ် ၊ သေနတ်သံတွေ ဗုံးသံတွေ အောက်မှာဘယ်လိုလုပ်ငြိမ်းချမ်း ရေးစကားပြောမလဲ ၊ ငြိမ်းချမ်းရေးညီလာခံစ မယ်ဆိုရင် အရင်ဆုံးအပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးရမယ် နှစ်ဖက်စလုံးအပစ်အခတ်ရပ်စဲ ကြောင်း ကြေငြာရမယ် ။သူတို့ကြေငြာရင် ကျတော်တို့ လဲကြေငြာမယ် " ဟု ပြောသည် ။


သျှမ်းပြည်တိုးတက်ရေးပါတီ SSPP /SSA သည် တစ်နိုင်ငံလုံးအပစ်အခတ်တိုက်မှုခိုက်ရပ်စဲရေးသ ဘောတူစာချုပ် NCA လက်မှတ်မထိုးရသေးသော သျှမ်းတပ်မတော်မြောက်ပိုင်း အဖွဲ့ဖြစ်သည် ။


ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံညီလာခံကျင်းပခါနီးရက်အနည်းငယ်တွင်  သျှမ်းပြည်မြောက်ပိုင်း ၊ တန့်ယန်းမြို့နယ်အတွင်း SSPP /SSA ဌာနချုပ်ရှိရာတပ်စခန်းအနီးတွင် အရှေ့ မြောက်ပိုင်းစစ်ဌာနချုပ် (လားရှိုး) ရမခ လက်အောက်ခံ ခလရ ၃၃ နှင့် သြဂတ်စ် ၂၈ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည် ။


ယင်းကိစ္စနှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်ရေးပူးတွဲစောင့် ကြည့်ရေးကော်မတီ JMC နည်းပညာအထောက်အ ကူပြုအဖွဲ့အ လုပ်အဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမင်းဇော်ဦးက -  " NCA ထိုးထားတဲ့အဖွဲ့တွေမှာတော့ JMC တွေရှိတယ် ။ လမ်းသွားရင်းနဲ့တိုက်ပွဲဖြစ်တယ်ဆိုရင် ချက်ချက်း JMC အဖွဲ့ဝင်တွေကို ချက်ချင်းခေါ်ယူအကြောင်းကြားပြီးဖြေရှင်းလို့ ရတယ် ၊ JMC ထဲမပါတဲ့အဖွဲ့ တွေအနေနဲ့  ပြဿနာဖြစ်လာရင်ရှင်းရခက်တယ်၊ အောက်ခြေက တပ်တွေတစ်ဖက် နဲ့တစ်ဖက် ပစ်ခတ်မှုဖြစ်ရင် သူတို့ဘာလုပ်မလဲ ဆိုတာအစီအစဉ်မချနိုင်ဘူး " ဟုဝေဖန်သုံးသပ်သည် ။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးကြီး မင်းအောင်လှိုင်က  သြဂုတ်လ(၃၁) ရက်နေ့တွင် ကျင်းပပြူလုပ်သော ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ (၂၁) ရာစုပင်လုံ ညီလာခံ ပထမနေ့ မိန့်ခွန်းတွင် - ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် တိုင်းရင်းသားများအနေဖြင့် လက်နက်ကိုင်ဆောင် ထားနေလို့ရမှာ မဟုတ်ဘဲ တပ်မတော်အနေ တပ်မတော်မူ ၆ ရပ် အတိုင်း လုပ်ဆောင်သွားမည်ဟု ဆိုသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates