ဖက်ဒရယ်ဥပဒေကျောင်း ပထမအသုတ်ကျောင်းဆင်းပွဲ မိုင်ဂျာယန်တွင် ကျင်းပပြုလုပ်



ကအိုင်အိုထိန်းချုပ်နယ်မြေဖြစ်သည့် ကချင်ပြည်နယ် မိုင်ဂျာယန်မြို့တွင် ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေကျောင်း ပထမအသုတ်ကျောင်းဆင်းပွဲအား   စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည် ။


ဖက်ဒရယ်ဥပဒေကျောင်းတက်ရောက်ဖြေဆိုသူ စုစုပေါင်း ၄၉ ဦးအနက် ၂၉ ဦးအောင်မြင်ခဲ့ပြီး ၂၀ဦးကျရှုံးခဲ့ ကြောင်းသိရသည် ။


ကေအိုင်အိုမှ ဖွင့်လှစ်ထားသည့် ဖက်ဒရယ်ဥပဒေကျောင်းတွင် နိုင်ငံတကာလူ့ အခွင့်အရေး ဥပဒေများ နှင့် နိုင်ငံတကာ ဥပဒေ စသည့် ဘာသာရပ်များ အပါအဝင် စုစုပေါင်း ဘာသာရပ် ၂၂ခုသင်ကြားရကြောင်း သိရသည် ။


အဆိုပါ ဖက်ဒရယ်ဥပဒေကျောင်းအား ၂ နှစ်ကြာတက်ရောက်ရမည်ဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates