ဖက်ဒရယ်နဲ့ အတင်းပုံစံချသွတ်သွင်းတဲ့ အန္တရာယ်



ဖက်ဒရယ်ဆိုတဲ့ စကားလုံးဟာ ဖိုးဒပ်ဆိုတဲ့ လက်တင်ဘာသာစကားက ဆင်းသက် လာတာဖြစ်ပြီး သဘော တူညီချက် ( သို့မဟုတ် ) ပဋိဉာဉ်လို့ အဓိပ္ပာယ်ရပါတယ်။


ကမ္ဘာကြီးကို တသားတည်းဖြစ်ဖို့ ဖန်တီးနေချိန်မှာတိုင်းရင်းသားမျိုးနွယ်စု ကွဲပြား မှုပေါ် အခြေခံတဲ့ ပဋိပက္ခတွေက ကမ္ဘာကြီးကိုကြောက်မယ်ဖွယ် အန္တရာယ်ဆီကို တွန်းပို့နေတယ်လို့ ဆိုလိုက်သူက နန်စီဘာမီရိုပဲဖြစ်ပါတယ်။ နိုင်ငံတွင်း အုပ်စုကွဲတွေအကြားတိုက်ခိုက်မှု(သို့မဟုတ် ) တိုင်းရင်းသားမျိုးနွယ်စုကွဲတွေ အကြား တိုက်ခိုက်မှု တွေကနိုင်ငံအချင်းချင်းအကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ထက်ပိုမိုများပြားတာကို တွေ့ရပြီး အဲဒီပဋိပက္ခ တွေက ရပ်တန့်ဖို့ပိုမိုခက်ခဲတတ် တာလည်း တွေ့ရတယ်လို့ သူက ဆိုထားပါတယ် ။


၁၉၄၅ ကတည်းကဖြစ်ပွားတဲ့ ကမ္ဘာနဲ့အဝှမ်းစစ်ပွဲတွေကြောင့်  ၁၂ သန်းကျော်ေ လာက် ဟာ ဒုက္ခသည် တွေဖြစ် ကုန်ပြီး ၁၁ သန်းကျော်လောက်ဟာဒုက္ခသည်တွေဖြစ်ကုန်ပါပြီ။ အဲဒီနှုန်းဟာ ဒုတိယကမ္ဘာစစ်တုန်းက နိုင်ငံ အချင်းချင်း တိုက်ခိုက် လို့ သေတဲ့နှုန်းထက် သုံးပုံနှစ်ပုံလောက်မြင့်တက်လာ ခဲ့တာဖြစ်ပါ တယ်။ တိုင်းရင်းသား မျိုးနွယ်စု အမြောက်မြားရှိတဲ့နိုင်ငံတွေအဖို့  ပဋိပက္ခတွေ မဖြစ်အောင်ဘယ်လို ဖြေရှင်းရ မလဲ ၊ မျိုးနွယ်စုတွေ အကြားကျေနပ်မှုရအောင် ဘယ်လို လုပ်ကြမလဲ ဆိုတာက ခေါင်းခဲနေဆဲ ( သို့မဟုတ် )ခေါင်းခဲနေခဲ့ဖူး တဲ့ ပြဿနာ ရပ်တွေဖြစ်မှာတော့ အသေချာပါပဲ။တိုင်းရင်းသားမျိုးနွယ်စုဆိုင်ရာ ပဋိပက္ခနဲ့ စစ်ပွဲတွေရှိနေတယ်၊အမျိုးသားရေးအလံထောင်မှုတွေ အုပ်စု ကွဲတွေ အလိုက်များနေတယ်၊ သီးခြားစီနယ်နမိတ်တွေနဲ့ နေနေကြ တယ် ဆိုရင် ဒါဟာအမျိုးသား လုံခြုံရေး ၊အချုပ်အခြာအာဏာနဲ့ ၊ စည်းလုံးညီညွတ်ရေးအတွက် ကြီးမားတဲ့ ပြဿနာ ဖြစ်လာပြီလို့ဆိုနိုင်ပါတယ် ။


အဲဒီလို မျိုးနွယ်စုတွေအကြားဖြစ်တဲ့ စစ်ပွဲတွေ ၊ ပဋိပက္ခတွေကိုဖြေရှင်းရာမှာ အံ့သြစရာကောင်းလောက်အောင် ဖြေရှင်းနိုင်တဲ့နည်းလမ်းတစ်ရပ်ရှိနေတာလည်းတွေ့ရပါတယ်။ အဲဒါကတော့ ဖက်ဒရယ် စနစ်ကိုအသုံးပြုခြင်း ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းကမ္ဘာ့စက်မှုထိပ်သီးနိုင်ငံကြီးတွေအပါဝင် ဖက်ဒရယ် စနစ်ကို ကျင့်သုံးတဲ့နိုင်ငံအမြောက်အမြားပေါက်လာ တာတွေ့ရပါတယ် ။


အဲဒီအထဲမှာသြစတြေးလျ ၊ ကနေဒါ ၊ဂျာမနီ ၊ ဆွစ်ဇာလန်နဲ့အမေရိ ကန်ပြည်ထောင် စုတွေပါဝင်ပါတယ်။ နှစ်ပေါင်းများစွာပြည်တွင်းစစ်တွေဖြစ်ပြီး အငတ်ဘေးနဲ့ ကြုံခဲ့တဲ့ အီသီယိုးပီးယားတောင် ၁၉၉၅   တုန်းက ဖက်ဒရယ် စနစ်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပြီး နောက်မှာတော့ တချိန်က အငတ်ဘေးကြောင့် ကမ္ဘာကျော်ခဲ့တဲ့ အီသီယိုးပီးယားဟာ အာဖရိကမှာ အခြေခံ အဆောက်အဦး အတန်သင့်ကောင်းမွန်လာပြီး စီးပွားရေးအရ ဖွံ့ဖြိုးလာတဲ့ လူရိုသေရှင်ရိုသေ အဆင့်တဆင့်ကို စတင်လျှောက်လှမ်းလာနိုင်ပြီလို့ဆိုနိုင်ပါ တယ်။ တစ်လောကပဲ ဆဲဗင်းဒေးသတင်းစာမှာ အီသီယိုးပီးယား ၊ လက်စတာ ဘောလုံး အသင်း နဲ့မြန် မာတို့ကိုနှိုင်းယှဉ်ရေးသားထားတဲ့ ဆောင်းပါးတပုဒ်ကိုတွေ့ခဲ့ရပြီး အဲဒီ ဆောင်း ပါးက တချိန်က အောက်အဆင့်မှာသာဖြစ်နေခဲ့တဲ့အီသီယိုးပီးယားနဲ့ လက်စတာ တို့က ထိပ်ကိုတက် လှမ်း လာနေတာကိုသရုပ်ဖော်ပြခဲ့တဲ့ ဆောင်းပါး လည်းဖြစ် ပါတယ်။ ယူဂိုစလားဗီးယားနိုင်ငံက ခွဲထွက်လာ တဲ့နိုင်ငံချင်းတူတာတောင် ခရိုအေးရှားနိုင်ငံတောင် ဖက်ဒရယ်စနစ်ကြောင့်ပဲ ကျန်တဲ့ ခွဲထွက်နိုင်ငံတွေ ထက်စာရင်တည်ငြိမ်တာတွေ့ရတယ်လို့ ဆိုကြပါတယ်။ ဒါတောင်ယူဂိုစလား ဗီးယားပြိုကွဲခဲ့တာဟာ ဖက်ဒရယ်ရဲ့  အကျိုးဆက်လို့ ဆိုကြပါတယ် ။


ဒါကလည်းကွန်မြူနစ်စနစ်ကနေ ခွဲထွက်မှုအများစုကို လေ့လာကြည့်ရင်လူမျိုးရေး အသားပေး ဘာသာစကား အသိမှတ်ပြုမှု ၊ အမျိုးသားရေး လက္ခဏာဆောင်ပညာ တတ် အလွှာဖြစ်ထွန်းမှု ၊ ဒေသခံအထက်တန်းလွှာ များဦးဆောင်တဲ့ ပင်မအင် စတီ ကျူးရှင်း နဲ့ အမျိုးသားအကျိုးစီးပွားအလို့ဌာ (သို့မဟုတ် )အခြားသူ တွေ နဲ့ ခွဲခြားလိုတဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေကိုစီးပွားရေးနိုင်ငံရေး လုပ်ပိုင်ခွင့်တွေ အပ်နှင်းမှုတွေကြောင့် ဖြစ်တယ်လို့ နန်စီဘာမီရိုက ဆိုထားပါတယ် ။


ခရိုအေးရှားနိုင်ငံကတော့ခွဲထွက်လာပြီးနောက်ပိုင်း ယူဂိုဆလားဗီးယားဘဝမှာ တုန်းက ကြုံခဲ့ရသလိုမကြုံရအောင် ပထဝီကို အခြေခံတဲ့ ဖက်ဒရယ်စနစ်ကို ဘုံသဘောတူညီမှုတွေနဲ့ထိန်းထားနိုင်ခဲ့တာတွေ့ရပါတယ် ။


မည်သို့ပင်ဆိုစေ ဖက်ဒရယ်စနစ်နဲ့ ပတ်သက်လို့တော့ မသုံးချင်သူတွေနဲ့သုံးချင် သူတွေအကြား ငြင်းခုံစရာ တွေအများကြီးရှိနေတာတော့ အသေချာ ပါပဲ။ဒီမို ကရေစီ ရင့်သန်တဲ့ ဘယ်လ်ဂျီယံ ၊ ကနေဒါနဲ့ ဆွစ်ဇာလန် တို့လိုနိုင်ငံတွေတောင် ဖက်ဒရယ်ကြောင့်ပဲ ခွဲထွက်ခြင်းဆိုတဲ့ ကိစ္စကို အများကြီးထိန်း ထားနိုင်တာတွေ့ရ ပါတယ်။ ဆွစ်ဇာလန်မှာတော့ အောက်ကကန်တုံပြည်နယ်တွေကနေ အပေါ် ကို ပြန်သွားအလှည့်ကျအုပ်ချုပ်တဲ့ စနစ်အထိကိုဖက်ဒရယ်ကို အညီမျှဆုံးဖြစ်ေ အာင် ပုံဖော်ကျင့်သုံးနေတာပါ ။


မြန်မာနဲ့ အပြိုင် ကိုလိုနီနိုင်ငံတွေဖြစ်ခဲ့တဲ့အထဲမှာဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ မလေးရှား ၊ အိန္ဒိယ ၊တို့ဟာ ဖက်ဒရယ်စနစ်ကိုကျင့်သုံးနေပြီး မြန်မာထက်စာ ရင်လည်း အများကြီးကိုအနေထားကောင်းမွန်တာ တွေ့ရပါတယ် ။


အင်ဒိုနီးရှားမှာတော့ ၂၀၀၀ ခုနစ်လောက်ကစလို့ ဖက်ဒရယ်စနစ်ကျင့်သုံး ဖို့ ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ လိုပဲ စစ်တပ် က လွှတ်တော်ထဲကနေ အလိုအလျောက်ဝင်နေတဲ့စနစ်ကနေ တဖြည်းဖြည်းချင်း ဖြေလျှော့ခဲ့တာဖြစ်ပါတယ်။ လောလောဆယ်အထိဒီမိုကရေစီ ရှင်သန်ရေးအတွက်တော့ ဆက်သွားနေရ တုန်းပါပဲ။ဗဟိုချုပ်ကိုင်မှုဖြေလျှော့ စမှာ နိုင်ငံရေးအရ ရာထူးတွေဖြစ်တဲ့ ပြည်နယ် ၊ခရိုင် ၊ မြို့တော်ဝန်တွေလို ရာထူးရယူခဲ့သူတွေအနေနဲ့အဆင်သင့်မဖြစ်တဲ့အတွက် အနည်းငယ် အခက်ကြုံခဲ့ရပေမဲ့ တည်ငြိမ်လာမှုနဲ့အတူငြိမ်းချမ်းရေး ကိစ္စတွေအောင်မြင် အပြီးမှာတော့ စစ်တပ်က နိုင်ငံရေးကနေထွက်သွားခဲ့ပါတယ်။ အရေးကြီးတဲ့ အာချေးကိစ္စကတော့ လွတ်လပ်ရေးရကတည်းကအင်ဒိုထဲထည့်သွင်းပေးခြင်း ခံရတဲ့ အာချေးဟာ လွတ်လပ်ရေး ရကတည်းကတောက်လျှောက်ဗဟိုအစိုးရ ကို တော်လှန်ခဲ့ပါတယ်။တိုက်ပွဲတွေကြာလာတာနဲ့အမျှ ဒေသတွင်း ဖွံ့ဖြိုးမှုအခြေ နေက ကျန်ဒေသတွေထက် ကွာဟလာပါတယ် ။


သို့သော်လည်းဆူဟာတို လက်ထက်တလျှောက် အာချေးကိစ္စဟာ ပေါ့မရတဲ့ ကိစ္စလို့ အာဏာရှင်ကြီးကယူဆတာကြောင့် တပ်ကိုဖြည့်လိုက် တိုက်လိုက်နဲ့ အစိုးရဘတ်ဂျက်တွေကတခြားနေရာတွေမှာ ပိုသုံးရမဲ့ ကိစ္စဟာ အဲဒီအခြေနေ မရောက်ဘူးဖြစ်နေခဲ့ပါတယ် ။


၁၉၉၈ မှာ ဆူဟာတို ပြုတ်သွားတာဟာ အာရှစီးပွားပျက်ကပ်နဲ့ ဆက်စပ်နေတယ် လို့ အချို့ကလည်း ဆိုကြ ပါတယ်။ အာချေးကိစ္စကတော့ အစောပိုင်းမှာ လွတ် လပ်ရေးအထိတောင်းဆိုခဲ့ပေမဲ့ အချိန် အတန်ကြာတဲ့အထိ တိုက်လိုက် ညှိနှိုင်း လိုက်လုပ်တဲ့ အခါမှာတော့ အင်ဒိုနီးရှားဗဟိုအစိုးရ ဘက်က လွတ်လပ်ရေး မတောင်း ပါနဲ့ ဒေသတွင်းဆူနာမီ လည်းဖြစ်တာကြောင့် ပြန်လည်တည်ေ ဆာက်ရေး လည်း လိုအပ်နေပါပြီ။တပ်ဖွဲ့တွေဖျက်ပေးပါ။ အကုန်လုံးကိုနိုင်ငံသားပေးမယ်။လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်။ ရေနံနဲ့သဘာဝဓါတ်ငွေ့ကရတဲ့ငွေ ရ၀ ရာခိုင်နှုန်းပေးမယ်။ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်သတ်မှတ်ပေး မယ်။ ပျက်စီး ဆုံးရှုံးမှုနဲ့ပြန်လည်ထူထောင်ရေးတွေဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ အာချေးဘက်ကအဲဒါတွေကို လက်ခံပါတယ် ။


နောက်တိုးအနေနဲ့ ပြည်နယ်အတွင်းဒေသခံနိုင်ငံရေးပါတီဖွဲ့စည်းခွင့် (အင်ဒိုနီးရှား ဥပဒေအရ ပြည်နယ်တွေ မှာနိုင်ငံရေးပါတီထောင်ခွင့်မရှိပါဘူး ) ပြည်နယ်ရဲ ချုပ်နဲ့ ပြည်နယ်ရှေ့နေချုပ်ကို ရွေးချယ်ခွင့်ပြုပါလို့ တောင်း ဆိုတဲ့အခါမှာ အာချေးရဲ့ ငြိမ်းချမ်းရေးကအောင်မြင်သွားတာတွေ့ရပါတယ်။ အာချေးနဲ့ အင်ဒိုနီးရှားကိစ္စမှာ တွေ့ရတာကဗဟိုချုပ်ကိုင်မှုတွေ လျှော့ချပေးတဲ့အချိန်နဲ့ပြည်နယ်ရွေးကောက်ပွဲကျင်းပခွင့် ၊ သယံဇာတခွဲဝေမှု တွေရ တဲ့အချိန်ကတပြိုင်နက် တည်းလိုလိုဖြစ်ခဲ့တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက်အများကြီးကို အထောက်အကူပြုခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ရုရှား ၊အင်ဒိုနီးရှားနဲ့ မြန်မာတို့လို ဘာသာစကားမျိုးကွဲစုံလင်လှပြီး မျိုးနွယ်စုများပြားလှတာကြောင့် အလုပ်ဖြစ်တဲ့ ဖက်ဒရယ်စနစ်ကိုမသွားမချင်းတည်ငြိမ်တဲ့ အနေထားရောက်မှာ မဟုတ်ဘူးလို့ အစောပိုင်းကတည်းကဆိုခဲ့တာကြောင့် အာချေးကိစ္စနဲ့ အင်ဒိုနီးရှားရဲ့ ဗဟိုချုပ် ကိုင်မှုလျှော့ ချရေး ဆောင်ရွက်ချက်တွေဟာ တစ်ချိန်မှာဖက်ဒရယ်ဖွဲ့စည်း ပုံနဲ့ သွားဖို့ ပြင်နေတဲ့ ခြေလှမ်းတွေလို့လည်းဆို နိုင်ပါတယ် ။


မျိုးနွယ်စုကွဲပြားမှုများပြားပြီး လူဦးရေလည်းထူထပ်ကာ သမိုင်းအစဉ်အဆက် ဇာတ်နိမ့်ဇာတ်မြင့်နဲ့ ဟိန္ဒူမွတ် ဆလင်လို ဇာတ်လမ်းတွေအထိ ရှိခဲ့တဲ့ အိန္ဒိယနိုင် ငံမှာတော့ ဖက်ဒရယ်ယူနစ် ၉ ယူနစ်လောက်အထိ တည် ဆောက် နိုင်ခဲ့ပြီဖြစ် ပါတယ်။ ၁၉၅၀ ခုနစ်တွေမှာတမီလ်အမျိုးသားရေးလှုပ်ရှားမှု အားကောင်းလာ တာနဲ့အမျှ အစိုးရအဖွဲ့ဝင်တော်တော်များများကခွဲထွက်ရေးလှုပ်ရှား မှာစိုးရိမ် ခဲ့ကြပေ မဲ့ ခေါင်းဆောင် နေရူးကတော့ တမီလ် တွေကို ပြည်နယ်ပေးလိုက် တဲ့အတွက် လှုပ်ရှားမှုက ငြိမ်သက်သွားပါတယ်။ သူ့သမီးလက်ထက် ကျေ တာ့ ပြောင်း ပြန် ပါ။ အင်ဒီယာဂန္ဒီက ပန်ဂျပ်မှာရှိတဲ့ဆစ်ခ် ခွဲထွက်ရေးတွေကို အခွင့်ရေးပေးစေ့စပ်ညှိနှိုင်းတာမလုပ်ပဲ လက်နက်အားကိုးနဲ့နှိမ်နှင်းခဲ့တဲ့ အတွက် နောက်ဆုံး သူမ ကိုယ်တိုင်ပါ ဆစ်အမျိုးသားတစ်ဦးရဲ့ ဗုံးခွဲတိုက်ခိုက် မှု ကြောင့် သေဆုံးခဲ့ရပါတယ် ။


နောက်အစိုးရတက်လာမှ ပြည်နယ်ရွေးကောက်ပွဲတွေကျင်းပပေးလိုက်ရာမှာ ဆစ်ပါတီကပြည်နယ်အတွင်း အနိုင်ရပါတီဖြစ်လာပြီး အာဏာရလာတဲ့အ တွက်ပန်ဂျပ်ပြည်နယ်အတွင်းမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေ ငြိမ်သက်သွား ပါတယ် ။


အချိုးမညီစနစ်နဲ့ဖက်ဒရယ်ပုံစံကိုပီပီပြင်ပြင်သွားလာနိုင်တဲ့နောက်မှာတော့အိန္ဒိယရဲ့နယ်မြေတော်တော်များများမှာ သေနတ်သံတွေတိတ်သွားခဲ့ပြီးဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်လာနိုင်ခဲ့ကာ နိုင်ငံကလည်း တိုးတက်မှုလမ်းကြောင်းပေါှ်ရောက်လာ ခဲ့ပါတယ် ။


အရှေ့မြောက်ပိုင်းမှာသူပုန်တွေရှိသေးသော်လည်းအများစုက ရှေးရိုးစွဲဝါဒီခွဲထွက်ရေးသူပုန်တွေဖြစ်နေတာပါ။ အိန္ဒိယရဲ့ အခြေခံဥပဒေအရ သယံဇာတခွဲဝေခွင့်ပြည် နယ်ရွေးကောက် ပွဲ ၊ ဥပဒေပြုရေး ၊ တို့အတွက် ပြည်နယ် တွေမှာလုပ်ပိုင်ခွင့် အများကြီးရရှိပြီးဖြစ်တဲ့အပြင် နဂိုကတည်းကအင်္ဂလိပ်ဖွဲ့ပေးခဲ့တဲ့ အားလုံး ကိုယ်စား ပြုပါဝင် ခွင့်ရှိတဲ့တပ်ဖွဲ့စည်းမှုလည်းရှိနေတာကြောင့်ဆွေးနွေးပွဲရောက်တဲ့ အဆင့်ရောက်လာပြီဆိုရင် ဆွေး နွေးတဲ့ သူပုန်အဖွဲ့နဲ့အစိုးရတို့ အကြားပြေလည် သွားတာများပါတယ်။ အိန္ဒိယရဲ့ အခြေခံဥပဒေမှာ ပြည်ထောင်စု ယူနီယံဟာ ဖက်ဒရယ်မဟုတ်လို့ဆိုထားပေမဲ့ အိန္ဒိယကဖက်ဒရယ်နိုင်ငံဖြစ်ရမယ် ဆိုပေမဲ့ ပြည်နယ်များက ဖက်ဒရေးရှင်းမှာပူးပေါင်းပါဝင်မယ်ဆိုတဲ့ သဘောတူညီ ချက်မျိုးနဲ့ ပါဝင်လာတာမဟုတ်ပဲ ဘယ်ပြည်နယ်မဆို ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ အနေထားနဲ့ပူးပေါင်းပါဝင်ခဲ့တာလည်းမဟုတ် လို့ အိန္ဒိယရဲ့ အခြေခံဥပဒေဆိုင်ရာ ပညာရှင်တစ်ဦးကဆိုထားပါတယ်။ ဖြိုခွဲလို့မရတဲ့ ပေါင်းစည်းမှုဖက်ဒရယ်ပုံစံလို့ပဲ သူက အဓိပ္ပာယ်ဖွင့်ဆို ပါတယ် ။


သီရိလကာ တမီလ်ကျားသူပုန်များ ကိစ္စမှာ တမီလ်များထိန်းချုပ်ထား သည့် နယ်မြေ အတွင်း ဗုဒ္ဒဘာသာကို အသားပေးလွန်းတဲ့ ကိစ္စနဲ့ တမီလ်ကျောင်းသားတွေ ကိုအဆင့်မြင့် ပညာရေးကိုမတွန်းပို့ပေး နိုင်တာဟာတမီလ် မျိုးဆက်သစ်တွေကို ခွဲထွက်ရေး အဖွဲ့တွေ ဆီ တွန်းပို့ သလိုဖြစ်စေခဲ့ပါတယ် ။


တူရကီနိုင်ငံမှာတော့ကာဒစ်ရှ်လှုပ်ရှားမှုဟာ ပိုင်ဆိုင်မှုတွေကို အဓမ္မသိမ်း ပိုက်ခြင်းနဲ့အဓမ္မရွှေ့ပြောင်းမှုတွေ ကနေ တဆင့် ၁၉၇၀ လောက်မှာ လက်နက်ကိုင်လှုပ်ရှားမှုတွေကိုစတင်စေခဲ့တယ်လို့ ဆိုပါတယ်။ မာဂရက် သက်ချာရဲ့ တင်းမာတဲ့ မူဝါဒဟာမြောက်အိုင်ယာလန်ရဲ့ အိုင်အာအေရ် လှုပ်ရှားမှုကိုပိုမိုအားကောင်း စေခဲ့ပါ တယ်။ မြန်မာနိုင်ငံမှာတော့ပင်လုံ ကတိကဝတ်ပျက်မှုနဲ့အတူ ဘာသာရေးအရ တစ်ခုတည်းသတ်မှတ်မှု ၊ ဘာသာစကားအရအတင်းအကျပ်သွတ်သွင်းမှုတွေကြောင့် ခွဲထွက်ရေးက အားကောင်းခဲ့ဖူးပါတယ် ။


ဒါပေမဲ့ နောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်တော်တော်များများကခွဲထွက်ရေးအယူအဆတွေကို စွန့်လွတ်လိုက်ကြပြီဖြစ်သလိုခေတ်လည်းမစားတော့ ပါဘူး။ ဆွေးနွေးလိုက်တိုက်လိုက် အနေထားကတော့ဖြစ် နေဆဲဖြစ်တဲ့အပြင် လုံခြုံရေးကဏ်ဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့လက်နက်ကိုင်တွေ လက်နက်ဖြုတ် သိမ်းဖို့ဆိုတဲ့ အဆင့်တွေအထိလည်းမရောက်သေးသလို နိုင်ငံရေးအရလည်း ဘာသဘောတူညီမှုမှ မရသေးပါဘူး ။


တကယ်တော့နိုင်ငံကို နှစ်ပေါင်းများစွာ ချွတ်ခြုံပြီး မွဲပြာကျသွားစေတာဟာဗဟို အစိုး ရနဲ့ တိုင်းရင်းသားမျိုးနွယ်စု အများအပြားအကြားနှစ်ပေါင်းများစွာဖြစ်ပွားနေ တဲ့ပြည်တွင်းစစ်ကြောင့်သာလျှင်ဖြစ်ပါ တယ် ။


မညီမျှမှုတွေတဆင့်ပဋိပက္ခတွေဖြစ်နေခဲ့ကာ အမျိုးသားရေးဝါဒအရ ဘာသာတစ် မျိုးတည်းနဲ့ ဘာသာစကား စာပေတမျိုး တည်းကိုသာအလေးပေးခဲ့မှု မဟာလူ မျိုးကြီး အဖြစ်ဝါဒဖြန့်ခဲ့မှု အတင်းသွတ်သွင်းခဲ့မှု တွေကလည်း လူ့အဖွဲ့အစည်း အတွင်း သွေးကွဲစေတဲ့ အရာတွေပဲဖြစ်နေပါတယ်။ အနောက်အင်ဒီစ်း ၊မြန်မာ ၊ ကင်မရွန်း ၊ပါကစ္စတန် ၊ ကွန်ဂိုနဲ့ အင်ဒိုနီးရှား၊ မာလီ၊လစ်ဗျား၊မလေးရှား တို့ဟာ ဒုတိယကမ္ဘာစစ်ပြီးစ ကာလတွေကအတင်းအကျပ်သွတ်သွင်းတဲ့ဖက်ဒရယ်စနစ်တွေကြောင့်ပဲ ပြဿနာတွေ မြောက်မြားစွာကြုံတွေ့ခဲ့ရကာ အာဏာသိမ်းခံရတဲ့နိုင်ငံတွေ က ခံရ ၊ စစ်ဖြစ်တဲ့နိုင်ငံတွေကဖြစ် ဆိုတဲ့ကိစ္စတွေဖြစ်ပေါ်ခဲ့ပါတယ် ။


ဒါကလည်း အဲဒီခေတ်ကာလတွေကအ ခြေနေအရကိုလိုနီနိုင်ငံတွေဖြစ်နေ ခဲ့တဲ့ အတွက် ကိုလိုနီစနစ်ကျင့်သုံးတဲ့နိုင်ငံကြီး တွေရဲ့ သွေးခွဲအုပ်ချုပ်မှုတွေက တဆင့် တနယ်နဲ့ တနယ် (မြန်မာမှာဆို ပြည်မကနေ ရှမ်းပြည် ဥပဒေမတူ ၊ သွားလာခွင့် ခက် )ခွဲခြားဆက်ဆံမှုတွေက စခဲ့တဲ့ ပြဿနာရပ်တွေပဲဖြစ်ပါတယ် ။


ပြန်လည်စုစည်းတဲ့အခါ သဘောထားကြီးကြီးနဲ့ စိတ်ရှည်သည်းခံစွာအဖြေပေါ် တဲ့အထိ မဆွေးနွေးတဲ့ အတွက်ပြဿနာပေါင်းမြောက်မြားစွာပေါ် ခဲ့ရခြင်းဖြစ် ပါတယ် ။


ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့ ဖက်ဒရယ်နိုင်ငံတွေပြိုကွဲမအောင်မြင်ရတာလည်း အတင်းစုစည်းတဲ့အတွက်ပဲဖြစ်ပါ တယ်။တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ရေရှည်တည် တံ့ဖို့ဆိုတဲ့ အချက်မှာပြည်တွင်းအင်အားစုတွေအကြား သဘောတူထားတဲ့ သဘော တူညီချက်တွေရှိဖို့လိုတယ်လို့ နန်စီဘာမီရိုက ဆိုပါတယ် ။


မြန်မာနိုင်ငံမှာလည်း နိုင်ငံရေးအရ တစ်ခါမှ အဖြေမရခဲ့ မထွက်ခဲ့တာဟာနိုင်ငံ အတွက်သင့်တော်တဲ့ နိုင်ငံရေး အင်စတီ ကျူးရှင်းနဲ့ဖက်ဒရယ်ဒီမိုကရက်တစ် နည်းနာ နည်းစနစ်နဲ့ ပုံစံတွေကို မကျင့်သုံး မတည် ဆောက်နိုင်ခဲ့ တာ ကြောင့်ပဲဖြစ် ပါ တယ်။


မြန်မာမှာလည်းနိုင်ငံရေးဆွေးနွေးမှုစတင်ဖို့ တာစူနေပါပြီ။ အနာဂတ် တိုင်းပြည် ကိုဘယ်လိုပုံစံတည်ဆောက်ကြမလဲဆိုတဲ့ ကိစ္စတွေမှာ အတင်းအကျပ် သွတ်သွင်းမှုတွေလက်ခံခိုင်းမှုတွေ မဖြစ်ဖို့လည်း လိုအပ်လှပါကြောင်း ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်

Ref; Federalism and territory cleavages – Nancy Bermeo




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates