သျှမ်းနီပြည်နယ်သတ်မှတ်ပေးရေးအတွက် မိုးညှင်းတွင် သျှမ်းတိုင်းရင်းသား ၃ သောင်းကျော် မိုးညှင်းတွင်ဆန္ဒပြတောင်းဆို



ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ သျှမ်းတိုင်းရင်းသားမျိုးနွယ်စုများ နေထိုင် ရာဒေသ များကိုစုပေါင်းပြီး သျှမ်းနီပြည်နယ်အဖြစ် သတ်မှတ်ပေးရေးနှင့် တိုင်းရင်းသားလူမျိုး အမည် မှန်ဖြစ်သည့်သျှမ်းနီအဖြစ် သတ်မှတ်ပေးတို့အတွက် သျှမ်းတိုင်းရင်းသား ၃ သောင်းကျော်သည် အောက်တိုဘာလ၁၃ ရက်နေ့က မိုးညှင်းတွင် ဆန္ဒပြတောင်းဆိုခဲ့ကြသည် ။


သျှမ်းနီပြည်နယ်သတ်မှတ်ပေး ဒို့အရေး ၊ လူမျိုးစု အမည်မှန်ရရှိရေး ဒို့အရေး စသည့်ကြွေးကြော် သံများဖြင့်ပြုလုပ်ခဲ့သည့် လူထုထောက်ခံပွဲနှင့် ဆန္ဒပြပွဲသို့ ကချင်ပြည်နယ်အတွင်းရှိ သျှမ်းတိုင်း ရင်းသားများအပြင်စစ်ကိုင်းတိုင်းအထက်ပိုင်းမှ သျှမ်းမျိုးနွယ်စု ရေးရာ အသင်းအဖွဲ့ကိုယ်စား လှယ်များပါတက်ရောက်ခဲ့သည် ။


‘သျှမ်းတွေရဲ့သမိုင်းအရ ဒီနယ်မြေတွေက သျှမ်းတွေပိုင်ခဲ့တဲ့နယ်မြေဖြစ်တယ်။ ကိုယ်ပိုင်နယ်မြေနဲ့ ဖန်တီးခွင့်ကလည်းလိုတယ်ကချင်မှာဆိုရင် ကေအိုင်အေရဲ့ဒဏ် စစ်ကိုင်းတိုင်းအထက်ပိုင်းမှာဆိုရင် နာဂ ၊ ကူကီးလက်နက်ကိုင်တွေရဲ့ဒဏ်ကို သျှမ်းတွေအများစုက ခံရတာ အထူးသဖြင့် ကချင်က သျှမ်းတွေကတော့ ပိုဆိုးတာပေါ့။ တဖြေးဖြေးတိမ်ကောလာသလို ဖြစ်လာနေတယ်။ ဒါကြောင့် တောင်း ဆိုဆန္ဒပြရတာပါ ။ ‘ ဟုဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့်သျှမ်းနီအမျိုးသားများ အကျိုးတော် ဆောင် အဖွဲ့မှ ဥက္ကဌ ဦးနိုင်နိုင်ကျော်က ပြောသည် ။


မိုးညှင်းတွင်ပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲမှာ ၂၁ ရာစု ပင်လုံတွင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ သျှမ်းနီပြည်နယ်အဖြစ်သတ်မှတ်ပေးရေးတင်ပြခဲ့ပြီးနောက်ပိုင်း ဒုတိယ အကြိမ်မြောက်ပြု လုပ်ခဲ့သည့် လူထု ဆန္ဒပြပွဲဖြစ်သည်။


သျှမ်းနီပြည်နယ်အဖြစ်တောင်းဆိုမှုထောက်ခံပွဲနှင့် ဆန္ဒပြပွဲကို ပထမအကြိမ်အဖြစ် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တွင် လွန်ခဲ့သည့်စက်တင်ဘာလကကျင်းပခဲ့သည် ။


သျှမ်းပြည်နယ်မြောက်ပိုင်းရှိကွတ်ခိုင်ဒေသတွင်လည်း ကချင်များရှိနေပြီး ၄င်တို့ကလည်း ကချင်ပြည် နယ်အခွဲအလိုရှိနေသည်။ ကချင်ပြည်နယ်ရှိ မိုးညှင်းမိုးကောင်း ၊မြစ်ကြီးနား၊ ပူတာအိုအစရှိသောဒေသများမှာရှေးသျှမ်းစော်ဘွားများနယ်မြေဖြစ်သည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates