လူ့အခွင့်ရေးနှင့် ဒီမိုကရေစီလေးစားလိုက်နာစေရန် တပ်မတော်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်ဟု အမေရိကန် စစ်ဗိုလ်ချုပ်ပြော



အမေရိကန်အနေဖြင့် မြန်မာအစိုးရတပ်မတော်နှင့် ဆက်ဆံမှုများ ပြုလုပ်ရခြင်းမှာ စစ်ရေးအရဆက်ဆံခြင်း မဟုတ်ပဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတို့ကို စစ်တပ်မှ လေးစားလိုက်နာစေရန် ပူးပေါင်းဆောင်ရွက်ခြင်း သာဖြစ်ကြောင်း အမေရိကန် စစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီး အန်တိုနီးခရပ်ခ်ျဖီးလ်က တိုင်းရင်းသားလက်နက် ကိုင် တပ်ပေါင်းစု UNFC ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံရာတွင် ပြောသည် ။


အောက်တိုဘာလ ၃ ရက်နေ့က ရန်ကုန်ရောက်နေသည့် အမေရိကန် ပြည်ထောင်စု၏ ပစိဖိတ်ဒေသ စစ်ဌာနချုပ်၏ ဒုတိယတပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အန်တိုနီခရပ်ခ်ျဖီးလ် (Lieutenant General Anthony G. Crutchfield) ၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်တို့သည် UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည် ။


“ သူတို့က ရှင်းပြတာက စစ်ဘက်ဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေက မြန်မာစစ်တပ်အပေါ် ဆက်ထား ထားမယ် ပေါ့လေ။ အခု ဆက်ဆံရေးတိုးမြင့်တာက စစ်ရေးအရ မပတ်သက်ဘူး။ လက်နက်ရောင်းချတဲ့ ကိစ္စတွေ တစ်ဦး ချင်း ပိတ်ဆို့ထားတာတွေ အဖွဲ့လိုက်ပိတ်ထားတာတွေ လွတ်ဦးမှာ မဟုတ်ဘူး။ စစ်တပ်ကို လူ့အခွင့်ရေးနဲ့ အရပ် သား အုပ်ချုပ်မှုကို လေးစားလိုက်နာစေဖို့ ၊ ဒီမိုကရေစီကိုလေးစားဖို့အတွက် သင်တန်းတွေ ပေးမဲ့ သဘောဆို တာမျိုးကို သူတို့ဘက်က ရှင်းပြတယ်” -  ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဒုတိယ ဥက္ကဌ နိုင်ဟံသာက ပြောသည် ။


အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် တိုင်းရင်းသားအရေးတို့တွင် တတ်နိုင်သည့် ဘက်မှ ကူညီမည်ဟု ကတိပြုခဲ့ပြီး တိုင်းရင်းသား တပ်ပေါင်းစုမှလည်း ၂၁ ပင်လုံအပြီး ကြုံတွေ့နေရသော အနေ အထား တို့ကို ရှင်းပြခဲ့သည်ဟု နိုင်ဟံသာက ဆိုသည်။ မြန်မာနိုင်ငံကို ရောက်ရှိနေသည့် အမေရိကန် စစ်တပ် ဒုတိယ ဗိုလ်ချုပ်ကြီးအနေဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ အစိုးရ ခေါင်းဆောင်များနှင့်ပါ တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates