သျှမ်းမြောက် တိုက်ပွဲကြောင့်တရုတ်-မြန်မာနယ်စပ်မျဉ်းတစ်လျှောက် တရုတ်စစ်တပ်ဖြန့်ကျက်ထား
သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့်မြောက်ပိုင်း မဟာမိတ် တပ်ကြား တိုက်ပွဲများတစ်နေ့တစ်ခြားပြင်းထန်လာမှုကြောင့် တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တရုတ်နိုင်ငံဘက်ခြမ်း ၌ တရုတ် စစ်တပ်များ၊ သံချပ်ကားများနှင့်နောက်ဆုံးပေါ် တာဝေးပစ် ဒုံးကျည်ပစ်ကားများ တပ်ဖြန့်ထားကြောင်း သတင်းရရှိသည် ။
![]() |
တရုတ်နယ်စပ်သို့ရောက်လာသည့်တရုတ်လုံခြုံရေးစစ်ကားများ (ဓါတ်ပုံ- Wechat Tai) |
![]() | |
မူစယ်မြို့တွင် ရဟတ်ယာဉ်မှဆင်းလာသည့်စစ်သားများ ပန်ဆိုင်းဘက်သို့ထွက်ရန် သဲတင်ကားပေါ်တက်နေစဉ် (ဓါတ်ပုံ- Wechat Tai) |
“ တရုတ်အထူး ကွန်မန်ဒိုတပ်သားများ နဲ့ တင့်ကား ၊ သံချပ်ကာကား ပြီးတော့ ဒုံးကျည်တင်ကား အစီး ၂၀၀ ထက်မနဲ ရောက်ရှိနေတာ တွေ့ရပါတယ်ဗျ၊ အဓိက က သူတို့မြေ ကို သူတို့ ကာကွယ်ဖို့ ရောက်လာတယ် လို့ ပြောတာပဲ အခြေအနေ ဘယ်လိုထပ်ဖြစ်လာမလဲဆိုတာ အခုတော့ စောင့်ကြည့် ရတာပေါ့ ” ဟု ၄င်းက သျှမ်းသံတော်ဆင့်အားပြောသည် ။
နိုဝင်ဘာလ ၂၅ ရက်ကလဲ မူစယ်မြို့ထဲရှိ အစိုးရတပ်မတော်အား လားရှိုးမြို့မှ တပ်မတော်စစ်ရဟတ်ယဉ် ၁၀ စီးထက်မနဲ စစ်အင်အားနှင့် စစ်လက်နက်များ လာရောက်ပို့ဆောင်နေပြီး ၄င်းစစ် သားများကို မြေသယ် ကားကြီး ဖြင့် တရုတ်-မြန်မာနယ်စပ်မြို့များဖြစ်ကြသည့် ၁၀၅ မိုင် ၊ ပန်ဆိုင်း ၊မုံးကိုး မြို့များဘက်သို့ ဆက်လက်ပို့ဆောင်သွားကြောင်း တွေ့မြင်ရသည် ဟု မူစယ်ဒေသခံ ကိုအောင်အောင် ကဆို သည် ။
“ ကျနော်တို့ မူစယ်မြို့မှာတော့ ဒီရက်ပိုင်း သေနတ်သံတွေတော့ မကြားရ သလောက်ပါပဲ ၊ ဒါပေမဲ့ မြို့ က အရင်လိုတော့ မစည်ကားသေးဘူးပေါ့၊ လုံခြုံရေးတွေတော့ နေရာတိုင်းမှာ အပြည့်ပါပဲ ” ဟု ၄င်းကပြောသည် ။
အလားတူ တရုတ်- မြန်မာ နယ်စပ်ဖြစ်သည့် နမ့်ခမ်းမြို့တွင်မြန်မာအစိုးရ တပ်မှ မြို့ဝင်/ထွက် နေရာများကို လုံခြုံရေးယူထားပြီး ကချင်ပြည်နယ်သို့ သွားသော ရွှေလီကြိုးတံတားကြီး ကို နိုဝင်ဘာလ (၂၃)ရက်နေ့က တည်းက ဖြတ်သန်းသွားလာခွင့်ကိုရက်အကန့်အသန့်မရှိ ပိတ်ထားကြောင်း ၊ ရွှေလီမြစ် ကမ်းတစ် လျှောက်ရှိ ကူးတို့ဆိပ်အားလုံးကိုလည်း အချိန်ကန့်သတ်ပြီး လုံခြုံရေးအရ စစ်ဆေးမေးမြန်းမှုများလဲ ရှိနေပါကြောင်း၊ ယခုအခါ နမ့်ခမ်းမြို့ တွင်းတွင်လည်း ည ရးဝဝ နာရီအချိန်ခန့်တွင် လူသွားလူလာ မရှိ သလောက် ခြောက်ကပ်နည်းပါးနေသည် ဟု နမ့်ခမ်းမြို့ဒေသခံများ ထံမှသိရှိရသည် ။
Tags: News, War