မူစယ်မြို့ နမ့်ပေါ့တံတားအနီးပစ်ခတ်မှုဖြစ်ပွါး



မူစယ်နမ့်ခမ်းလမ်းရှိမူစယ်မြို့နှင့်ပန်ခမ်းရွာကြားနမ့်ပေါ့တံတားအနီးရှိ ရဲကင်းတွင်နိုဝင်ဘာလ ၂၆ရက် ညပိုင်းကပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းမူစယ်ဒေသခံများကပြောသည် ။


"လက်နက်ကြီးသံက ည ၉ နာရီလောက်မှာစ-ကြားရတယ်။ အခုည ၁၀ နာရီအချိန်အထိ လက်နက်ကြီးသံ၁၀ လုံးလောက်ရှိပြီ။ပစ်ခတ်တိုက်ခိုက်တဲ့အသံတွေ ခုထိကြားနေရတုန်း။ နမ့်ပေါ့တံတားနားမှာ ရဲနဲ့ ပန်းဆေး ပြည်သူ့စစ် ရှိတယ်လေ။မဟာမိတ်တပ်ကဝင်စီးတယ်လို့ ထင်ရတယ်"- ဟုမူစယ်မြို့ခံ စိုင်းစိုင်းက ပြောသည် ။


ပစ်ခတ်သံများကြားရသည့်နေရာတွင် နမ့်ပေါ့မြစ်အတွင်းမူစယ်နှင့်ဂျယ်ဂေါင်ကြားရှိ ကျွန်းပေါ်၌ ကာစီနိုလောင်းကစားရုံလည်း ရှိသည်ဟုသိရသည် ။


ထိုအနီးတဝိုက်ရှိမည်သည့်နေရာတွင်တိုက်ပွဲဖြစ်ပွါးသည်ကိုတိတိကျကျမသိရသေးသော်လည်းည ၁၀ နာရီကျော်ကျော်တွင်မူပစ်ခတ်သံများရပ်စဲသွားပြီဖြစ်ကြောင်းလည်းသိရသည် ။


သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့နယ်အတွင်းပြီးခဲ့သည့်နိုဝင်ဘာ၂၀ရက်နေ့ကမြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့်အစိုးရတပ်မတော်အကြားတိုက်ပွဲများဖြစ်ပွါးခဲပြီးနောက်၂ဘက်တပ်မှစစ်ရေးတင်းမာမှုများဆက်လက်ရှိနေရာအစိုးရဘက်မှအင်အားဖြည့်တင်းမှုများအဆက်မပြတ်ရှိခဲ့ကြောင်းလည်းမူစယ်မြို့ခံများပြောပြချက်အရသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates