ထိုင်းမင်းသား မဟာ ၀ချီရာလုံးကွန်းအား ၁၀ ဆက်မြောက် ထိုင်းဘုရင်မင်းမြတ်အဖြစ် ထိုင်းအစိုးရကြေငြာ
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အောက်တိုဘာလ ၁၃ ရက်က နတ်ရွာစံလေပြီးသော ထိုင်းနိုင်ငံဘုရင်မင်းမြတ် ဘူမိဘွန်းအဒွန်းယဒေ့၏ သားတော် မင်းသား စဝ်ဖှ မဟာဝချီရာလုံးကွန်း ပတင်ထရာထေ့ပ် ယဝရန်း ကွန်းအား နန်းတင်မင်းမြှောက်လိုက်ကြောင်းထိုင်းနိုင်ငံ နန်းတွင်းရေးရာ အတိုင်ပင်ခံဝန်ကြီး၊ လွှတ်တော်ဉက္ကဌ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့မှ၂၀၁၆ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီတွင် တရားဝင်ကြေငြာလိုက်သည် ။
![]() |
ထိုင်းနိုင်ငံ၏ ၁၀ ဆက်မြောက်ဘုရင်မင်းမြတ် မဟာဝချီရာလုံးကွန်း
|
နန်းတက်ပွဲအခမ်းအနားကျင်းပမည့်ရက်ကိုမူ မကြေငြာသေးပေ ။
ထိုင်းနိုင်ငံ၏ ၁၀ ဆက်မြောက်ဘုရင်မင်းမြတ် မဟာဝချီရာလုံးကွန်းသည် ထိုင်းနိုင်ငံ၏ ၉ ဆက်မြောက်ဘုရင်မင်းမြတ် ဘူမိဘွန်းအဒွန်းယဒေ့နှင့် ဘုရင်မ သီရိကစ်တို့၏ သားတော် သမီးတော် ၄ ပါးအနက် ဒုတိယမြောက် တပါးတည်းသောသားတော်ဖြစ်ပါသည်။ ၎င်းတွင် တရားဝင်မိဖုရား ၃ ပါးနှင့် သားတော် သမီးတော် ရ ပါး ထွန်းကားပါသည် ။
Tags: General, News