သျှမ်းပညာရေးမြှင့်တင်ဖို့ သျှမ်းစာပေ ပညာရှင်များ ပထမအကြိမ် ဆွေးနွေး ပွဲကျင်းပ



သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ မြန်မာ့ပညာရေးမြှင့်တင်မှုဆာင်ရွက်ရေးအဖွဲ့မှ သျှမ်းစာပေ ပညာရှင်များက ပထမအကြိမ် သျှမ်းပညာရေးမြှင့်တင် ရန် နှီးနှောဖလှယ်ပွဲ ပြုလုပ်ကြောင်း သိရသည် ။


အဆိုပါ သျှမ်းပညာရေး မြှင့်တင်ရေး နှီးနှောဖလှယ်ပွဲတွင် သျှမ်းပညာရေး ခရီး ရေရှည် ခေတ်မှီဖွံ့ဖြိုးတိုးတက်လာစေရေး ၊ ပညာရေး ဖွံ့ဖြိုးမှု မရှိ သည့် ကျေးလက်တောရွာဒေသများတွင် ပညာရေးဖွံ့ဖြိုးလာစေရေး ဟုကျေးလက်ပညာရေးနှင့် ဖွံ့ဖြိုးရေးမဏ်ဏ္ဍိုင် အဖွဲ့မှ ဒုဥက္ကဌ ဦးစိုင်းအောင်သန်း ပြောသည် ။


“ အများဆုံးကြုံရတဲ့ အခက်ခဲက ဆရာ/ဆရာမတွေ အများစုက ကျေးလက်ေ တာရွာတွေမှာ တာဝန်ကျရင် သူတို့အတွက် အခက်အခဲဖြစ်တယ်၊ အစိုး ရကျောင်းဆိုရင် သူတို့ ဆရာ/ဆရာမတွေ ပို့လာပေမယ့် ဘာသာစကားအခက် ခဲ ဖြစ်တယ်၊တစ်ချို့ ဆရာ/ဆရာမတွေဆို တာဝန်အရ လုပ်ပေးတာဘဲရှိတယ် ၃ နှစ် ပြည့်ရင် သူတို့ ပြောင်းဖို့ဘဲ သိတယ်၊ဒါက တကယ့် အခက်ခဲဖြစ် တယ်”ဟု ၄င်းကပြောသည် ။


သျှမ်းစာပေ ပညာရှင် ဒေါက်တာစိုင်းနော်ခေး က နိုင်ငံတော် အစိုးရမှ ချမှတ်ပေးသော ပညာရေးသည် တိုင်းရင်းသားများ အနေဖြင့် လေ့လာ သင်ကြားရန်အတွက် အခက်အခဲဖြစ်ပြီး ရှေ့ဆက် ပညာရေးတွင် တိုင်းရင်းသား ဘာသာစာပေကို အခြေခံပြီး သင်ကြားသင့်ကြောင်း ပြောသည် ။


“ အခုလာလုပ်တဲ့ ရည်ရွယ်ချက်က ရှေ့ဆက် သျှမ်းပညာရေးမြှင့်တင် ဖို့အတွက် တိုင်းရင်းသားဘာသာစာပေ ကိုအခြေခံပြီး တော့ ကလေးတွေ အဆင်ပြေချောမွေ့စွာတတ်ဖို့ တိုင်းရင်းသားဘာသာကို အခြေခံပြီး သင်ကြားသင့်တယ် ဒါမှ ကလေးတွေ နားလည်ပြီး ကမ္ဘာ့အဆင့်ကို လိုက်မှီနိုင်မယ်၊တိုင်းရင်းသားဘာသာနဲ့ သင်ကြားခွင့်မရဘဲ မြန်မာစကားကို အခြေခံပြီး သင်ကြားနေရတော့ တိုင်းရင်းသားကလေးတွေက နာမလည်ဘူး၊သူတို့ နားမလည်ရင် စာအုပ်ထဲက ဘယ်လောက်ဘဲ ဗဟုသုတတွေရအောင် ထည့်ထားပါစေ သူတို့နားမလည်ရင် ဦးနှောက်ထဲ ဘယ်လိုမှမဝင်ဘူး အဲ့ဒါက တကယ့်ကြီးမားတဲ့ ပြသာနာတစ်ခုဘဲ”ဟု ၄င်းကပြောသည်။
သျှမ်းပညာရေးမြှင့်တင်ရေး နှီးနှောဖလှယ်ပွဲတွင် ဒီဇင်ဘာ ( ၁၉ မှ ၂၁) ရက်နေ့ထိ ၃ ရက်သာ ဆွေးနွေးခဲ့သည် ။


သျှမ်းပြည်နယ်အတွင်းရှိ သျှမ်းစာပေ ယဉ်ကျေးမှု အဖွဲ့၏ မြို့နယ် ကိုယ်စား လှယ် များအားလုံးနီးပါး နှင့် လူမှုအဖွဲ့အစည်းများ တက်ရောက်ပြီး လူအင်အား ၁၀၀ ခန့်ရှိကြောင်း နှင့် သျှမ်းစာပေ ပညာရှင်များဖြစ်ကြသော ဒေါက်တာ စိုင်းဆန်အိုက်၊ ဒေါက်တာ စိုင်းဆန်ဖေ၊ ဒေါက်တာစိုင်းနော်ခေး ၊ ဆရာ စိုင်းခမ်းမိန်း ၊ ဆရာ လုံးစိုင်းဖှ တက်ရောက်ကြောင်းကျေးလက်ပညာရေးနှင့် ဖွံ့ဖြိုးရေးမဏ်ဏ္ဍိုင် အဖွဲ့မှ ဒုဥက္ကဌ ဦးစိုင်းအောင်သန်းက ပြောသည် ။






 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates