လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံ တည်ဆောက်ခြင်း State - Nation နဲ့ ဗိုလ်ချုပ်ရဲ့ ပင်လုံမူ



ဒီဇင်ဘာလ ၁၉ ရက် ၂၀၁၆ အသွင်မတူတဲ့ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းနဲ့ အသွင်မတူတဲ့မျိုးနွယ်စုတွေအမြောက်မြားနေထိုင်တဲ့ နိုင်ငံတွေအဖို့ စတိတ်နေးရှင်းသဘော ( လူမျိုးစုံ ချစ်ကြည်နိုင်ငံ ) ပုံစံနဲ့ နိုင်ငံတည်ဆောက်ဖို့ ကျယ် ကျယ်ပြန့်ပြန့် အကြံပြုတင်ပြသူတွေအထဲမှာ အဲဖရက်စတီဖင်ပါဝင်ပါတယ် ။


သူဟာဖက်ဒရယ်နဲ့ ပတ်သက်တဲ့ စာတမ်းတွေကိုလည်း ပြုစုခဲ့ဖူးတဲ့ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ယေးလ်းတက္ကသိုလ်က ဟွမ်လင့် ၊အိန္ဒိယနိုင်ငံ က ယာဒက်ဖ်တို့ပူးပေါင်းပြီး Crafting State Nation ; India and Multinational Democracies ဆိုတဲ့ စာအုပ်ကို ရေးသားထားပါတယ် ။


ခေတ်ဟောင်းနိုင်ငံရေးအတွေးအခေါ်တွေမှာ နိုင်ငံတစ်ခုရဲ့နယ်နိမိတ်ပိုင်နက်နဲ့ ယဉ်ကျေးမှု နယ်နမိတ် မျဉ်းတွေက တထပ်တည်းကျနေရမယ်လို့ဆိုကြပါ တယ်။ အဲဒီလို အနေထားကြောင့် နိုင်ငံတစ်ခု အတွင်း မှာလူမျိုး တစ်မျိုး တည်းပဲ ရှိနေရမဲ့ သဘောဆောင်ပါတယ်။ ယဉ်ကျေးမှုနဲ့မတူကွဲပြားတဲ့ မျိုးနွယ် စု တွေရှိ တဲ့နိုင်ငံမှာ နိုင်သူအကုန်ယူစနစ်နဲ့ဗဟို ရွေးကောက်ပွဲတွေ ကျင်း ပပေး လိုက်ရင် မဂျော်ရတီလူမျိုး တစ်မျိုး ကပဲအမြဲနိုင်နေမှာဖြစ်တဲ့ အတွက် တခြားအင်အားနည်း မျိုးနွယ်စုတွေ အဖို့နစ်နာမှုတွေရှိနိုင်တာ ကြောင့် ပဋိပက္ခတွေ မုချပေါ်လာနိုင်တယ်လို့အဲဖရက်စတီဖင်ကဆိုပါတယ် ။


ဒါဟာ မလုံလောက်ပါဘူး။ မလုံလောက်တဲ့အတွက်လည်း ယဉ်ကျေးမှုဓလေ့ ထုံတမ်းပေါင်းစုံရှိတဲ့ နိုင်ငံတွေမှာပြဿနာပေါင်းများစွာကြုံတွေ့ခဲ့ရခြင်းပဲဖြစ်ပါတယ် ။


တစ်ချို့ကလည်းတွေ့ရတဲ့ပြဿနာတွေကို ပြေပြေလည်လည်ဖြေရှင်းနိုင်တဲ့အတွက်ကာလရှည်ပြည်တွင်းစစ်ပြဿနာ အဖြစ် မရောက်ကြပါဘူး ။


မရှင်းနိုင်တဲ့တိုင်းပြည်တွေကတော့ ကာလရှည်ပဋိပက္ခတွေနဲ့ရင်ဆိုင်ခဲ့ရပါ တယ်။အောင်မြင် သွားတဲ့ ဒီမိုကရေစီ နိုင်ငံတွေကိုကြည့်ရင်လူမျိုးတစ်မျိုးနိုင်ငံ တစ်နိုင်ငံဆိုတဲ့ အနေထားမျိုး မဟုတ်ကြပါဘူးလို့ သူတို့က ဆိုပါတယ် ။


အုပ်စု (၁) ။ ။ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများပြားတဲ့နိုင်ငံတွေဖြစ်တယ်။ အဲဒီ လိုစုံလင်တဲ့အထဲမှာ တစ်ချို့ ယဉ်ကျေးမှုရှိတဲ့ လူတွေကသီးခြားစုဖွဲ့နေ ထိုင်ကြတယ်။ သူတို့အတွက်ထင်ရှားတဲ့အုပ်စု အသီးသီးက နိုင်ငံရေး မျက်နှာ စာမှာပြောဆိုနေကြတယ်။တစ်ချို့အမျိုးသားရေးအရကိုယ်ပိုင်ပြဌာန်းခွင့် ဆို တာ ကို သုံးပြီး လွတ်လပ်ရေးဆိုတဲ့ အဆင့် အထိပြောဆိုနေကြပါတယ်။ အဲဒီအုပ်စုဝင်တွေကို Robustly Multinational လူမှုအဖွဲ့အစည်းတွေလို့ခေါ်ပြီး ကနေဒါက ကွီဘက်ပြည်နယ် ၊ စပိန်က ကာတလန်ပြည် နယ် တို့ပါဝင်သလို ဘယ်လဂျီယံကတော့ ဖလမ်းဒါးဒေသကြောင့် ပါဝင်ပါတယ်။ ပန်ဂျပ်ပြည်နယ် က ဆစ်ခ့်ခွဲထွက်လှုပ်ရှားမှု ၊မီဇိုခွဲထွက်ရေးနဲ့ အရှေ့မြောက်ပြည်နယ် ခွဲထွက်ရေးလှုပ်ရှားမှုတွေရှိနေတဲ့အိန္ဒိယနိုင်ငံကလည်း အဲဒီအုပ်စု ထဲပါဝင်သွားပါတယ် ။


အုပ်စု (၂) ။ ။ ယဉ်ကျေးမှုအရ အတော်လေးများပြားတဲ့တိုင်းပြည်တွေဖြစ်ပါ တယ်။ ဒါပေမဲ့ အဲဒီ ဘာသာ စကားယဉ်ကျေးမှုအရ အုပ်စုတွေကနိုင်ငံရေးအရ ထင်ရှားပြီး နယ်မြေအလိုက် အုပ်စုဖွဲ့ စုဖွဲ့တာတွေ လုပ်မ နေကြပါ။ လွတ်လပ်ရေးတောင်းဆိုတာတွေလည်းလုပ်မနေကြပါ။ ဆွစ်ဇာလန် နဲ့အမေရိကန်လို နိုင်ငံ တွေဖြစ်ပါတယ် ။


အုပ်စု (၃)။ ။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ တစ်မျိုးတည်းဖြစ်နေတဲ့နိုင်ငံေ တွဖြစ်ပါ တယ်။ အဲဒီလိုဖြစ်နေ တာကြောင့် လူမျိုးတစ်မျိုးတည်းကတစ်နိုင်ငံ လုံးကိုလွှမ်းမိုးထားတယ်လို့တောင် ပြောလို့ရပါတယ်။ အဓိက လူမျိုးကြီးနဲ့ အလားတူရပိုင်ခွင့်တွေတောင်းနေတဲ့ လူမျိုးတွေလည်းမရှိကြပါ။ ဂျပန် ၊ ပေါ်တူဂီနဲ့ စကင်ဒီနေး ဗီးယန်း နိုင်ငံအများစုပါဝင်ပါတယ်။ ပြင်သစ်နိုင်ငံ ကတော့ တစ်မျိုးတည်းကိုသာအခြေခံတဲ့ နေရှင်း စတိတ် ဖြစ် ပါတယ်။၁၉ ရာစု ပြင်သစ်တော်လှန်ရေးပြီးချိန်မှာ ယဉ်ကျေးမှုအရကောနိုင်ငံရေး အရပါ၊ အမှတ်သရုပ် လက္ခဏာ တစ်ခုတည်းရှိစေမဲ့ တပြည်ထောင် အမျိုးသားနိုင်ငံ ( Unitary Nation State ) တည်ထောင်ဖို့ စီမံခဲ့ပါတယ်။ ဖက်ဒရယ်လစ်ဇင် နဲ့ပတ် သက် လို့ မြန်မာမှာလိုပဲ တကယ့်ကို ကြောက်လန့် စရာ သေ ဒဏ် ပေးနိုင်တဲ့ ပြစ်မှုအဖြစ်ကို သတ်မှတ်ခဲ့ကြပါတယ် ။


ဒေသအလိုက်ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှုတွေကို ပုံစံပေါ်လာအောင် ခွင့်ပြုပေး တာမျိုး မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံတစ်ဝှမ်းကကျောင်းတွေမှာတူညီတဲ့ သင်ရိုးညွှန်းတမ်းတွေပဲ သင်ကြားပေးပါတယ်။ ဒါပေမဲ့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး နိမ့်ချစော်ကားမှုတွေ မပါသလိုလိုသလိုပုံသွင်းမှု တွေ မပါပါဘူး။ ဆရာတွေ အား လုံးကိုလည်း ဗဟိုကနေပဲလေ့ကျင့်သင်ကြားပေး အသိအမှတ်ပြု လက် မှတ် ထုတ်ပေးပါတယ်။ ပြင်သစ် အမျိုးသားလက္ခဏာ တစ်ခုတည်းဖြစ် လာအောင် နဲ့ ပေါင်းစည်းမှု သင်္ကေတအဖြစ် အားလုံးစစ်မှုမထမ်း မနေရ ဥပဒေပြဌာန်းပေးထားပါတယ် ။


ဒါပေမဲ့ ပြင်သစ်မှာပြင်သစ်နိုင်ငံသားဖြစ်မှုအပေါ် ပြဌာန်းချက်တွေ အတိုင်း သာတူညီမျှခံစားခွင့်ရှိပါတယ်။ ပေါ်တူဂီ ၊ ဂျပန် ၊ ဆွီဒင်တို့လည်း အောင်မြင် တဲ့ တပြည်ထောင် နေးရှင်းစတိတ်ဖြစ်သွားဖို့နီးစပ်သွားသလို ဂျာမန် သြ စတြေး လျတို့လို ဖက်ဒရယ်နိုင်ငံတွေကလည်း နေရှင်း စတိတ်ဖြစ်ဖို့ နီးစပ် သွားပါပြီ။ အမျိုးသားနိုင်ငံတစ်ခုကို တည်ထောင်နေတုန်း လူ့အဖွဲ့အစည်း အတွင်း ခြားနားမှုတွေက နိုင်ငံသားတွေအတွင်း သာတူညီမျှရှိတယ်လို့ ခံစားရတာ ၊ အားလုံးသမိုင်းကြောင်း တူညီတယ်လို့ခံစားရရင် ဒီမိုကရေစီ တည်ဆောက်ရေးလမ်းကြောင်းမှာအနှောင့်အယှက်ဖြစ်မနေဘူးလို့ အဲ ဖရက်စတီဖင်က ဆိုပါတယ်။ ဒါပေမဲ့ဒီလိုအနေထားတွေက ရင့်ကျက်ခိုင် မာပြီးသားနိုင်ငံမှာပဲ လွယ်လွယ် ကူကူ ကူးပြောင်းနိုင်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀ ရာစုနောက်ပိုင်းရောက်လာတဲ့အခါ အစိုးရ မူဝါဒ နဲ့ တပြည်ထောင်အမျိုးသားနိုင်ငံတည်ထောင်ဖို့ ဆိုတဲ့ ကိစ္စတွေကအခက် အခဲတွေရှိလာတယ်လို့ သူကဆိုပါ တယ် ။


စပိန်တို့ဘယ်လ်ဂျီယံတို့လိုနိုင်ငံတွေတောင်ခွဲထွက်ရေးနဲ့ ကြုံရတာကို သူကေ ထာက်ပြ ပါတယ်။ ဒါကြောင့်နိုင်ငံတစ်ခုမှာ လူမျိုးစုံ - ဘာသာစုံပြီးအဲဒီလို စုံလင်မှုက နိုင်ငံရေးအရလည်း အဓိပ္ပာယ် ထင်ရှား လေးနက်နေရင် ( State-Nation ) လူမျိုးစုံချစ်ကြည်ရင်းနှီးမှု ပါတဲ့ စရိုက်လက္ခဏာအခြေခံနိုင်ငံကို တည် ထောင်ဖို့ စဉ်းစားဖို့ ၊ ဖန်တီးဖို့ ၊အသိအမှတ်ပြုထောက်ခံဖို့ လိုအပ်တယ် လို့ အဲဖရက်စတီဖင်က ဆိုပါတယ်။ ဟွမ်လင့်နဲ့ အဲဖရက်စတီဖင်တို့ဟာ State Nation အယူအဆနဲ့ ပတ်သက်လို့ စတိတ်နေးရှင်းဆိုတာဟာ တိုင်းရင်းသား မျိုးနွယ်စု လူမျိုးစုံ ယဉ်ကျေးမှုအစုံပါဝင်တဲ့ စုံလင်များပြားတဲ့ နိုင်ငံဖြစ်တယ် ။


သို့သော်နိုင်ငံတော်အပေါ် သစ္စာရှိ ၊ အသိအမှတ်ပြုတယ်လို့ သက်ဆိုင် ရာပြည်သူများက ထောက်ခံတဲ့ စနစ်မျိုး ဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ဆို ပါ တယ်။စာရေးသူတို့နိုင်ငံနဲ့ ယဉ်ကျေးမှုအရကော လွတ်လပ်ရေး သမိုင်းအရ ပါဆက်စပ်ခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ ( State – Nation ) လူမျိုးဘာသာယဉ်ကျေး မှုအစုံ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံတည်ဆောက်ထားတာ ဖြစ်ပါတယ် ။


စာရေးသူနဲ့ ခင်မင်တဲ့ မီဇိုရမ်ပြည်နယ်က မီဇိုချင်းမျိုးနွယ် မိတ်ဆွေနဲ့ အရုန ချန်ပြည်နယ်က Tai Khamtis ( မြန်မာက ခန္တီးရှမ်းနဲ့ တူတယ်) မိတ်ဆွေ တစ်ယောက်ဆိုရင် သူတို့နိုင်ငံအပေါ် သူတို့ ချစ်ခင်သစ္စာရှိကြောင်း စာရေးသူ ကိုပြောပြဖူးပါတယ်။ သူတို့နိုင်ငံရဲ့ပြည်ထောင်စုစနစ် ၊နိုင်ငံသားတွေအပေါ် ဂရုစိုက်မှု တွေကြောင့်လည်း ဒီမိုကရေစီစနစ်နဲ့အခြေခံဥပဒေ အပေါ် နိုင်ငံ သားတွေရဲ့ ယုံကြည်လေးစားမှု မြင့်တယ်လို့လည်းသူတို့နှစ်ဦးစလုံးက စာရေးသူကို ပြောပြခဲ့ဖူးပါတယ် ။


အမှန်တော့ ပါလီမန်ဒီမိုကရေစီကို အခြေခံတဲ့ အိန္ဒိယနိုင်ငံဟာလည်း စာရေး သူ တို့နိုင်ငံလိုပဲ လွတ်လပ်ရေး ရစက တပြည်ထောင်ပုံစံရှိခဲ့တာ ပါ။ခေါင်းဆောင်ကောင်းဖြစ်တဲ့ ဂျဝါဟာလာနေရူးနဲ့ ကွန်ကရက်ပါတီရဲ့ လိမ္မာပါးနပ်တဲ့ အများသဘောတူ အာဏာခွဲဝေရေးအစီအမံတွေကြောင့်ပဲ လွတ်လပ်ရေး ရပြီးသိပ်မကြာခင် ၁၉၅၀နဲ့ ၁၉၆၀ အကြားမှာတင် ဒီမိုကရက်တစ် State – Nation ဖြစ်လာပါတယ်။ လွတ်လပ်ရေးရပြီးပြီးချင်း ပါကစ္စတန်ခွဲထွက်မှုနဲ့ကြုံခဲ့ ရပေမဲ့ နောက်ကြုံရတဲ့ ဆစ်ခွဲထွက်မှုတွေနဲ့ တမီလ်နာဒူပြည်နယ်အရေး တွေ မှာ တော့တင်းမာမှုမရှိအောင်ကိုင်တွယ်နိုင်ခဲ့တဲ့အတွက်လည်း ခွဲထွက်မှု မရှိပဲပြေလည်ခဲ့ တာပါ ။


နေရှင်းစတိတ် ပေါ်လစီဆိုတာ တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံရေး နယ်နိမိတ်ကို ကိုက်ညီအောင် နိုင်ငံရေးအင်စတီကျူးရှင်းနည်းလမ်းနဲပ ကြိုး စားပုံဖော်တာဖြစ်ပါတယ်။ ဒါပေမဲ့ နေရာတော်တော်များများမှာ ယဉ်ကျေးမှု ပုံစံတူညီမှုတွေက တပုံစံတည်းမရှိပဲ ကွဲပြားမှုတွေများ တဲ့နေရာတွေများပါ တယ်။ ဒါ့ကြောင့် ကွဲပြားခြားနားမှုတွေကိုဂရုစိုက်ပြီး ကွဲပြားခြားနားမှုတွေ အတွက်အခွင့်ထူးပေးလိုက်တာတွေလည်းရှိပါတယ်။နေးရှင်းစတိတ်တွေကိုအကောင်ထည်ဖော်ရာမှ ပျော့ပြောင်းတဲ့နည်းလမ်းတွေသုံးခဲ့တဲ့နိုင်ငံတွေရှိသလိုကြမ်းတမ်းတဲ့နည်းလမ်းတွေသုံးတဲ့နိုင်ငံတွေလည်း ရှိပါတယ်။ နံပတ် (၁)နိုင်ငံအတွင်းနေထိုင်ကြတဲ့ မတူကွဲပြား သူတွေအကြား သစ္စာခံမှု တစ် မျိုး ထူးထူးခြားခြားပေါ်လာအောင် ဆွဲဆောင်စည်းရုံးနည်း၊ စေ့ဆော်ပေးတဲ့ နည်း၊ ဖန်တီး ပေး တဲ့ နည်း ၊ နံပတ် (၂) အဲဒီလိုဖန်တီးပေးမှုအပေါ် နေးရှင်းစတိတ် အမျိုးသားနိုင်ငံတော်ကို မူလက မထောက်ခံသူတွေ နောက်ပိုင်းထောက်ခံ လာအောင် အမှတ်လက္ခဏာကို မိမိဆန္ဒအရ ပူးပေါင်း ပါဝင် လာအောင် တိုက်တွန်းအားပေးခြင်း ၊ နံပတ် (၃) နေးရှင်းစတိတ်ရဲ့ ပုံစံ ကိုလက်ခံလာအောင် အခြားမူကွဲ တွေကို လက်မခံပဲတားဆီးပိတ်ပင်ခြင်း ၊ ရှိပြီးသားဆိုရင် အင်အား နည်းသွားအောင်ဖိနှိပ်ခြင်း၊ ပျောက် ကွယ်သွားအောင် ဖိအားပေးခြင်း ( မြန်မာမှာ ဗုဒ္ဓဘာသာ တပြည်ထောင်ထူထောင်ရန် ကြိုးစားခြင်း ၊ မဆလခေတ်ကတိုင်းရင်းသားစာပေတွေကို နှိပ် ကွပ် ခြင်း ၊ အခြားမျိုးနွယ်စု ကိုးကွယ်မှုအမှတ် လက္ခဏာ ပါပါက နိုင်ငံသားမှတ်ပုံတင် ခက်ခဲ အောင် လုပ်ခြင်း( အစိုးရအလုပ်အကိုင်ရာထူး တပ်ရာထူးတက်ရန် ခက်ခဲခြင်း ) ၊ နံပတ် (၄) တစ်ချို့ဖြစ်ရပ် တွေမှာ ဖိအားပေးရာက တစ်ဆင့် လူမျိုးသုဉ်း သတ်ဖြတ်တဲ့အထိ ကျူးလွန်ခြင်းစတဲ့ နည်းလမ်း လေးသွယ်ကတော့ အမျိုး သားနိုင်ငံထူထောင်ဖို့ ကြိုးစားရာမှာတွေ့ရတဲ့ နည်း လမ်းတွေပဲဖြစ် တယ်လို့ ဆိုကြပါတယ် ။


အမျိုးအစားကွဲပြားနေပေမဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးမှု အမှတ်လက္ခဏာတွေ ကိုနိုင်ငံရေး အင်စတီကျူး ရှင်းအရ လေးစားလိုက်နာပြီးချဉ်းကပ်တာကတော့ State Nation ပေါ်လစီဖြစ်ပါ တယ်။ လူ့အဖွဲ့ အစည်း အတွင်း မတူကွဲပြားနေ တာကို နိုင်ငံရေးနည်းလမ်းနဲ့ တရားဝင်ဖော်ပြ ခွင့်ပြုတာဟာ ယဉ်ကျေး မှုပေါင်း စုံ စီးမျှော စေတဲ့ State Nation ပေါ်လစီပဲဖြစ်ပါတယ် ။


အချင်းချင်းခွဲခြားဆက်ဆံခံရတယ်ထင်လို့ ပဋိပက္ခဖြစ်နေတာ ( သို့မဟုတ် )တင်းမာမှုတွေရှိနေ တာကို ပြေလည်ဖို့အတွက် ကျေနပ်အောင်အခွင့်အရေးတွေပေးလိုက်တာကလည်း State – Nation ပေါ်လစီပဲဖြစ်ပါတယ် ။


အဲဒီလိုပါဝင်အောင်လုပ်တဲ့နေရာမှာ ခွဲခြားဆက်ဆံတဲ့ပုံနဲ့အထူးအခွင့်ရေးပေး တာ ၊ အတင်းအကျပ် လုပ်ယူတာ မရှိပါ ။


နိုင်ငံရေးရာနဲ့ဆိုင်တဲ့ ကိစ္စတွေမှာ We ကျွန်ုပ်တို့အားလုံးဖြစ်အောင်လည်း State Nation က အားပေးပါတယ် ။


တချိန်တည်းမှာလည်းလူ့အဖွဲ့အစည်းအတွင်း လူမျိုး ၊ ဘာသာကွဲပြားမှုတွေ အကြားလေးစား လိုက်နာ ဖို့အတွက် အကာကွယ်ဖြစ်စေမဲ့ ကိစ္စရပ်တွေကို လည်း ဖန်တီးပေးပါတယ်။ ငါတို့အားလုံး ဆိုတဲ့ အမြင်ကိုသွင်းပေးမှုမှာ စာပေ၊ ယဉ်ကျေးမှု ဘာသာစကားတန်းတူအခွင့်အရေး ၊ သမိုင်းဆိုင်ရာတန်း တူညီမျှဖော်ပြခွင့် ( မြန်မာမှာတော့ဗမာတစ်မျိုးတည်းကို အသားပေးတဲ့လို သလိုဆွဲတဲ့ သမိုင်းသင်ရိုးညွှန်းတမ်းတွေကို ကျောင်းတွေမှာသင်ခိုင်းခဲ့ဖူး ) ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းဆိုင်ရာ ဖော်ပြခွင့်တွေကလည်းအရေးပါ ပါတယ်။ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်အသား သင်္ကေတေ တွမှာနိုင်ငံတော်အလံက အစပါ ၊ နိုင်ငံသားတွေနှစ်သက်စွဲလမ်း တဲ့စိတ်တွေေ ပ်ါလာအောင် ၊နိုင်ငံသားတွေရဲ့အခြေခံဥပဒေနဲ့နိုင်ငံကိုချစ်စိတ်ပေါ် လာေ အာင် လည်း အားပေးပါတယ် ။


ဒီမိုကရေစီနိုင်ငံတွေမှာတော့ အဲဒီ State Nation ပုံစံက ဖက်ဒရယ်စနစ်နဲ့ အံဝင်ခွင်ကျပါပဲ လို့ဆိုပြီး မတူကွဲပြားမှုတွေများတဲ့ နိုင်ငံတွေ ကလည်းဒီမိုကရေ စီတည်တံ့ဖို့ ဖက်ဒရယ် စနစ် ကိုကျင့်သုံးမှ အဆင်ပြေနိုင်တယ်လို့ဆိုပါတယ်။ တစ်ချို့ကလည်း အများကြီးမဟုတ်ပေမဲ့ သီးသန့်တခြားစကားပြောတဲ့ မျိုးနွယ်စု နှစ်စု ၊ သုံစုရှိနေပြီး သူတို့က လူနည်းစုဖြစ်နေရင် သူတို့အတွက် မဂျော်ရတီ လက အကုန်ဆုံးဖြတ်ဆိုတဲ့ ပုံစံမျိုး မဖြစ်ရအောင်ဖက်ဒရယ် မဟုတ်တောင် သူတို့ကို အခွင့်အရေးပေးထားတဲ့ ဖက်ဒရေစီပုံစံမျိုးကို ကျင့်သုံးကြပါတယ်။ ဖက်ဒရေစီဆိုတာ နိုင်ငံရေးနဲ့ယဉ်ကျေးမှုအရ ထင်ရှားတဲ့ ဒါမှ မဟုတ်သီးသန့်ရှိတဲ့ နယ်မြေဒေသတစ်ခုဖြစ်ပါတယ် ။


အင်ဒိုနီးရှားနိုင်ငံအာချေးပြည်နယ်ကလက်နက်ကိုင်ပဋိပက္ခဖြေရှင်းဖို့ ပြည်နယ်ရွေးကောက်ပွဲမရှိ တဲ့အင်ဒိုနီးရှားမှာ အာချေးအတွက်ပြည်နယ်ရွေးကောက်ပွဲလုပ်ပေးပြီး ၊ ပြည်နယ်က ဥပဒေပြုခွင့် အချို့နဲ့ အခွန်ကောက်ခံခွင့် ၊ပြည်နယ်ရဲတပ်ဖွဲ့ကိုထိန်းချုပ်ခွင့် အာချေးကထွက်တဲ့ ရေနံ ၀င်ငွေ ရ၀ရာနှုန်းကိုပြည်နယ်က ခွဲဝေရယူခွင့်တွေပေးမှ အာချေးလက်နက်ကိုင် ပဋိပက္ခက ပြေလည် ခဲ့ပါတယ်။ အီတလီမှာလည်း တပြည်ထောင်ဆိုပေမဲ့ ဂျာမန်စကားပြော ၈၅%ရှိတဲ့ နယ်မြေတစ်ခုမှာ ဖက်ဒရေစီပုံစံကျင့်သုံးေ ပးရသလို နယူးဇီလန်မှာတော့မာအူရီမူလ ဌာနေမျိုးနွယ်စုတွေအတွက် သီးသန့်ရွေးကောက်ပွဲမဟုတ်ပေမဲ့ဗဟိုလွှတ်တော်မှာ မနစ်နာရအောင် အချိုးကျမဲနဲ့ပါဝင်ခွင့် ပေးထား ရပါတယ်။ဆုံးဖြတ်ခွင့်တောင်မတူပါဘူး ။


စတိတ်နေးရှင်းစနစ်ကျင့်သုံးရာမှာ အောင်မြင်တဲ့ ဒီမိုကရေစီနိုင်ငံအများစု ကတော့ပါလီမန် ဒီမိုကရေစီ ကျင့်သုံးကြတာ ဖြစ်ပြီးပါလီမန်စနစ်က ညွှန့်ပေါင်းနဲ့အားလုံးပါဝင်နိုင်တဲ့ အစိုးရဖွဲ့စည်း ဖို့ ခွဲဝေပေး လို့ရ တဲ့ စနစ်တွေပါတဲ့ အ တွက်ဖြစ်ပါတယ်။ မဂျော်ရတီအများစုရတဲ့ပါတီသာမရှိခဲ့ရင် ညွှန့်ပေါင်း ဖွဲ့ဖို့ လိုလာမှာဖြစ်တဲ့အတွက်မိတ်ဖက်ပါတီတွေရဲ့ ထောက်ခံမှုကိုရဖို့ အပေး အယူညှိ နှိုင်းမှုတွေ အဆက်မပြတ်လုပ်ရမှာဖြစ် တယ်။ နိုင်ငံအနံ့ပြိုင်နိုင်တဲ့ ပါတီတွေက ဗဟိုအစိုးရဖွဲ့စည်းမှုမှာ လိုအပ်တဲ့ မဲမရလို့ဒေသဆိုင်ရာမျိုးနွယ်စု ပါတီလေးတွေရဲ့ ထောက်ခံမှုကိုလိုနေမယ်ဆိုရင် ဒေသဆိုင်ရာမျိုး နွယ်စု အစု အဖွဲ့ပါတီတွေရဲ့ ထောက်ကူမှုနဲ့ဗဟိုမှာအစိုးရဖွဲ့နိုင်မှာဖြစ်ပြီး အပြန်လှန် အားဖြင့် မျိုးနွယ်စုပါတီလေးတွေ ကို လည်း ဗဟိုအစိုးရမှာ နေရာပေးခြင်းဖြင့်ဒေ သအခြေပြုပါတီတွေကို ဗဟိုလိုလားတဲ့ပါတီဖြစ်အောင် ဆွဲဆောင်နိုင် ပါလိမ့် မယ်လို့ အဲဖရက်စတီဖင်ကဆိုထားပါတယ် ။


စတိတ်နေးရှင်းမှာ ယဉ်ကျေးမှုခြင်းပေါင်းစည်းတာမျိုးရှိရှိမရှိရှိနိုင်ငံရေး အရ ပေါင်းစည်း တာမျိုး ရှိဖို့က အရေးကြီးပါတယ်။ အိန္ဒိယနိုင်ငံမှာဟင်ဒီနဲ့ အင်္ဂလိပ်ကိုရုံးသုံးအဖြစ် သတ်မှတ် ထားပြီး ကျန်တဲ့ ဒေသ အလိုက် မျိုးနွယ်စုတွေ အသုံးပြုတဲ့ ဘာသာစကား ၂၂ မျိုးကို တရားဝင် ဘာသာ စကား အဖြစ်သတ်မှတ် ထားပါတယ်။ ဟင်ဒီမသုံးတဲ့ မျိုးနွယ်စုတွေကအင်္ဂလိပ်စာကို အသုံးပြုပြီး နိုင်ငံတဝှမ်းအစိုးရဌာနတွေမှာ အလုပ်လုပ်နိုင်ပါတယ်။ စာရေးသူနဲ့သိကျွမ်းတဲ့ အရုနချန်ပြည် နယ်က Tai Khamtis မိတ်ဆွေတစ်ဦး ဆိုရင် ဟင်ဒီ ဘာ သာစကားမတတ်ပေမဲ့ အင်္ဂလိပ်ဘာ သာ စကားနဲ့တင် အရုနချန်ပြည်နယ် အစိုးရရုံးမှာ အရာရှိ အဖြစ် တာဝန်ထမ်းဆောင်နေ တာဖြစ်ပါတယ်။ နာဂလန်း ပြည်နယ်ဆိုရင် ဖက်ဒရယ်ယူနစ်ရတဲ့ ပြည်နယ် ထဲပါပြီး ( အိန္ဒိယမှာ ဖက်ဒရယ်ယူနစ်ရတဲ့ ပြည်နယ် မရတဲ့ ပြည်နယ်ရှိ၊ ဗဟိုလွှတ်တော်မှာ အမတ် အရေ အတွက် အချိုးမညီပါ) မဲဆန္ဒနယ်နည်းပေမဲ့ ဗဟိုအစိုးရမှာ မကြာ ခဏ နေရာရတဲ့သူတွေရှိနေတာဟာ ဗဟိုရွေးကောက်ပွဲတွေမှာနိုင်ငံ လုံးဆိုင်ရာ ပါတီတွေအနေနဲ့ အပြတ်အသတ်မနိုင်တဲ့အကြိမ်များ လာတဲ့ အတွက် ဒေသအခြေစိုက်ပါတီတွေနဲ့ မဟာမိတ်ဖွဲ့ရလို့ပဲဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယနိုင်ငံဟာလွတ်လပ်ရေးရချိန်မှာပဲ ဟင်ဒီစကားအပြင် အခြားဘာသာစကားတွေကို လူ ၁၃သန်းလောက်က သီးခြားအသုံးပြုနေ တဲ့ နိုင်ငံဖြစ်နေခဲ့တာပါ။တော်တော်များများကလည်းကိုယ်ပိုင်အမှတ် လက္ခဏာတွေရှိကြသလို ဟိန္ဒူ ၊ ဗုဒ္ဓ ၊ခရစ်ယာန် ၊ ဆစ်ခ့် စတဲ့ဘာသာတွေနဲ့ စုံလင်လှတဲ့ နိုင်ငံပါ။ မွတ်ဆလင်က ၁၆၁သန်းရှိပြီး ကမ္ဘာမှာ တတိယ မွတ်ဆ လင်အများဆုံးနိုင်ငံလည်းဖြစ်ပါတယ်။ဒီမိုကရေစီနဲ့ အစ္စလာမ် သဟဇာတ မဖြစ်ဘူးဆိုပြီး ယူဆသူတွေဘက်ကကြည့်ရင်အိန္ဒိယက အံ့သြစရာဖြစ်ပြီး ဖက်ဒရယ်စနစ်ကိုလည်း ကျင့်သုံးနေပါတယ် ။


ကမ္ဘာပေါ်ကသက်တမ်းအကြားဆုံး မျိုးနွယ်စုစုံလင် ဖက်ဒရယ်နိုင်ငံလေး ခုဖြစ်တဲ့ဘယ်လဂျီယံ ၊ စပိန် ၊ ကနေဒါ အိန္ဒိယ လေးနိုင်ငံမှာ အိန္ဒိယက တစ်ဦးချင်းဝင်ငွေနဲ့ လူနေမှုအဆင့် အတန်း အနိမ့် ဆုံးနို င်ငံဖြစ် ပါတယ် ။နိုင်ငံလူဦးရေ သန်း ၁ထောင်ကျော်နဲ့တွက်ကြည့်ရင် တနှစ်ပျှမ်းမျှ ဝင်ငွေက တစ်ဦး ချင်းဆိုရင် ဒေါ်လာ ၄၀၀၀ ကျော်သာရှိပါ တယ်။ ဒါပေမဲ့ ဒီမိုကရေစီ စတိတ်နေးရှင်း ( လူမျိုးစုံချစ်ကြည်နိုင်ငံ ) ကို အိန္ဒိယကအောင်မြင်စွာ ထူထောင်ထားနိုင်ပါတယ်။ နက်နက်ရှိုင်းရှိုင်းကွဲပြားနေတဲ့ လူ့အဖွဲ့ အစည်းကို စုစည်းဖို့ နိုင်ငံရေးနယ်ပယ် ၊ ကျင့်ဝတ်ပိုင်းနဲ့အခြေခံဥပဒေဆိုင်ရာ နယ်ပယ်တွေမှာ ကာလရှည်ကြာဖန်တီးခဲ့ကြတာဖြစ်ပါတယ်။အိန္ဒိယမှာ မတူကွဲပြားတဲ့ မျိုးနွယ်စုတွေအများ အပြား ရှိပြီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြဿနာပြေလည်စေဖို့အတွက် အချိုးမညီဖက်ဒရယ် ကိုဖန်တီးခဲ့ကြတာ ဖြစ်ပါတယ် ။


ကိုးကွယ်ရာဘာသာတွေကလည်းနက်နက်ရှိုင်းရှိုင်းကွဲပြားနေကြတာပါ။မွတ်ဆလင်သမ္မတဖြစ်တဲ့အခါလည်း ပြဿနာကြီးကြီးမားမားမရှိခဲ့ပါဘူး။ တစ်ကယ်တော့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့နိုင်ငံကို ဘယ်လို အင်စတီကျူးရှင်းတွေနဲ့ တည်ဆောက်မလဲ ၊ မတူကွဲပြားမှုတွေကိုဘယ်လို ပေါင်းစည်း မလဲဆိုတာ အင်္ဂလိပ် လက်အောက်မှာရှိနေစဉ် ၁၉၂၀ လောက်ကတည်းကအိန္ဒိယ ကွန်ကရက် ပါတီက ပါတီရဲ့ မူဝါဒအနေနဲ့ အသေးစိပ်လေ့လာမှုတွေပြု ခဲ့တာပဲဖြစ်ပါတယ်။ အခြေခံဥပဒေမှာ နိုင်ငံသားအဓိပ္ပာယ်ဖွင့်ဆိုချက်က နယ်မြေဒေသကို အခြေခံတာကြောင့် State Nation နဲ့တော်တော်လေးကို ကိုက်ညီခဲ့ပါတယ် ။


လွတ်လပ်ရေးရသွားတဲ့ အိန္ဒိယဟာလွှတ်တော်နှစ်ရပ်ပါတဲ့ ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမယ်ဆိုတာ ၁၉၂၈ခုနစ်ကျော်ကာလကတည်းက ကွန်ကရက်ပါတီ အစီရင်ခံစာက အတည်ပြုခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ အိန္ဒိယကို စတိတ်နေးရှင်းအဖြစ် အပြည့်အဝေ အသိမှတ်ပြုလိုက်တာ၁၉၅၇ မှဖြစ်ပြီး ဘာသာစကားတစ်ခုစီနဲ့ သုံးစွဲနေတဲ့ ပြည်သူတွေကသူတို့သက်ဆိုင်ရာ ကိုယ်ပိုင်ပြည်နယ်ရသွားပြီး သက်ဆိုင်ရာ ဘာသာစကားနဲ့အုပ်ချုပ်လို့ ရသွား ခဲ့တာဖြစ်ပါတယ်။ သီးခြားပြည်နယ်ဖန်တီးလို့ရတာကြောင့် စာရေးသူ တို့နိုင် ငံက ချင်းတွေနဲ့မျိုးနွယ်စုတူတဲ့ မီဇိုတွေဟာ မီဇိုရမ်ပြည်နယ်အဖြစ်ရသွားပြီး တိုင်းရင်းသား ရိုးရာယဉ်ကျေးမှုထိန်းသိမ်းခွင့် ၊မီဇိုလူမျိုးတွေပဲမဲပေးလို့ရ တဲ့ ဒေသန္တရရွေးကောက်ပွဲ ၊ မြေယာပိုင်ဆိုင်ခွင့် တွေ ရခဲ့သလို ၁၉၈၆က မီဇို သဘောတူညီချက်ကလည်းမီဇိုခွဲထွက်ရေးကိုအပြီးသတ်စေခဲ့ပါတယ် ။


ဘာသာရေးနဲ့ပတ်သက်လို့မတူကွဲပြားတဲ့ ဘာသာအလိုက် သာသနာပြုခွင့် ၊အဆောက်အဦးဆောက်ခွင့် တွေကလည်းလွတ်လပ်မှုရှိပြီး ဟာဂ်ျဘုရားဖူး အဖြစ်မက္ကာကိုသွားတဲ့ မွတ်ဆလင်တွေကို အိန္ဒိယ အစိုးရက ထောက် ပံ့ကြေးပေးပါတယ်။ရုံးပိတ်ရက်တွေကလည်း ဟိန္ဒိုတွေအတွက် ၅ ရက် မွတ်ဆလင်တွေအတွက် ၅ ရက်အခြားဘာသာဝင်တွေအတွက် ၅ ရက် သတ်မှတ်ပေးထားပါတယ် ။


အိန္ဒိယက တမီလ်ခွဲထွက်ရေးအတွက် လှုပ်ရှားနေချိန် State Nation ပေါ်လစီ အရမျိုးနွယ်စု အခွင့်ရေးတွေ ပေးတဲ့အတွက် ပြေလည်သွားပေမဲ့သီရိလင်္ကာနိုင်ငံမှာတော့ တမီလ်တွေကို Nation State ဖြစ်အောင် အတင်းသွတ်သွင်း ခဲ့တာကြောင့်လူတွေ သိန်းနဲ့ချီ သေကြေပြီးမှ ပြည်တွင်း စစ်အဆုံး သတ်ခဲ့ရ ပါတယ် ။


အဲဖရက်စတီဖင်ဆိုခဲ့တာကယူကရိန်းအကြောင်းလည်း သူလေ့လာထားပြီး ၁၉၉၁ ယူကရိန်းနိုင် ငံဖြစ် လာတဲ့ အခါမှာအားလုံးခြုံငုံပါဝင်တဲ့မျိုးနွယ်စု အစုံပါ ၀င်တဲ့ယူကရိန်း မဖြစ်ခဲ့ဘူးလို့သူက ဆိုပါတယ်။ ဒါကြောင့် နိုင်ငံအရှေ့ခြမ်းက ရုရှားစကားပြောတွေနဲ့ ပြဿနာတက်နိုင်တယ်လို့ ၂၀၀၀ ခုနစ်ကျော်လောက် တည်းသူက သတိပေးခဲ့ပါတယ်။ တစ်ကယ်လည်း နိုင်ငံအရှေ့ခြမ်းကရုရှား စကားပြောတွေကြောင့်ခရိုင်းမီးယား အရေး ပြဿနာ ပေါ်ခဲ့ရပြီ မဟုတ်ေ ပလော ။


အိန္ဒိယနဲ့လွတ်လပ်ရေးခေတ်ပြိုင် မြန်မာနိုင်ငံမှာတော့ နေရူးရဲ့မိတ်ဆွေလည်းဖြစ်တဲ့ ဗိုလ်ချုပ် အောင်ဆန်း လည်း State Nation ဖြစ်ဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြိုးစား တဲ့  အချိန်နဲ့နေရူးကြိုးစားတဲ့ အချိန်ကွာတာက ဗိုလ်ချုပ်က သူတစ်ဦးတစ်ယောက်တည်းကသာ ပင်လုံစာချုပ်ကိစ္စတွေ လုပ်ခဲ့တာ ဖြစ်ပြီး ဖဆပလ အနေနဲ့ အိန္ဒိယက ကွန်ကရက်ပါတီလို နှစ်ပေါင်း များစွာကြိုတင်ပြင်ဆင်ခဲ့တာတော့မဟုတ်ပါဘူး ။


ဒါကြောင့် ၁၉၄၆ ပထမ ပင်လုံမှာ ဖဆပလ ကိုယ်စားလှယ် ဦးနုဟာ မအောင်မြင်ခဲ့ရသလို ဗိုလ်ချုပ်ကွယ် လွန်လို့ သူ့အနေနဲ့ အရိုက်အရာ ဆက်ခံရချိန်မှာလည်း အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါဘူး။ တစ်နည်း အားဖြင့် အင်စတီကျူးရှင်းအလိုက် State Nation အတွက်မပြင်ဆင်ခဲ့တဲ့အတွက်ဖြစ်ပါ တယ်။ ဗိုလ်ချုပ် အနေနဲ့ စစ်မဖြစ်မှီက အမျိုးသားရေးအရ အမျိုးသားရေး ၀ါဒီဖြစ်ကောင်းဖြစ်ခဲ့ပေမဲ့ဘီအိုင်အေ ၀င်ပြီး ခေတ်ကာလနောက်ပိုင်းကစလို့ လူမျိုးစုံ ၊ဘာသာစုံ တည်ရှိနေမှုကို အကြောင်းပြုပြီး တစ်ဘာသာတည်း ၊ လူမျိုးတမျိုးတည်းဆိုတဲ့ ကိစ္စတွေကို မလုပ်တော့တာက ဘာသာခြားတွေ ၊ မျိုးနွယ်စုတွေကိုတလေး တစားနဲ့ အစိုးရအဖွဲ့ထဲမှာ နေရာပေးခဲ့မှုတွေက သက်သေပဲဖြစ်ပါတယ် ။


ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်ေ တွ ပြည်ထောင်စုဖွဲ့စည်းဖို့သဘောတူခဲ့တဲ့ အခြေခံခဲ့တဲ့ မူတွေ ကိုကြည့်မယ်ဆိုရင် ( ၁)၊ လွတ်လပ်၍အချုပ် အခြာ အာဏာပိုင်ဆိုင်သောနိုင်ငံ ၊ လွတ်လပ် သောသဘော ဆန္ဒနှင့် အညီပြည်ထောင် များနိုင်ငံသစ်တည်ထောင်မှုတွင်ပူးပေါင်းပါဝင်ကြမှု ၊ (၃) တန်းတူရေး (၄) ကိုယ် ပိုင်ပြဌာန်းခွင့် ( ၅)ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စု ( ၆) လူနည်း စုတွေရဲ့အခွင့်အရေးကို ကာ ကွယ်ခြင်း (၇) ဒီမိုကရေစီနဲ့ပတ်သက်လို့နိုင်ငံသားတိုင်းခံစားခွင့် (၈) ပါတီစုံဒီမိုကရေစီစနစ် (၉) ဘာသာ ရေး ကို အခြေမခံတဲ့နိုင်ငံ (၁၀) ခွဲထွက်ခွင့်ဆိုတဲ့ အချက်တွေကို အခြေခံခဲ့တာဖြစ်ပါ တယ် ။


ခွဲထွက်ခွင့်အချက်ကလွှဲလို့ ကျန်တဲ့မူတွေကပြီးခဲ့တဲ့ မိုင်ဂျာယန်ညီလာခံအထိ တိုင်းရင်းသားတွေ တောင်း ဆို နေခဲ့တာဟာအဲဒီပင်လုံမူတွေကို အခြေခံတောင်းနေကြတာဖြစ် ပါတယ်။ သေချာတာ ကတော့ နှစ်ပေါင်း ၆၀ နီးပါး ပြည် တွင်းစစ်ဖြစ်နေတာ ၊ စစ်အာဏာရှင်အောက်မရောက်ခင် လွတ်လပ်ရေးရစ ပါလီမန်ခေတ် ကတည်းက ပြည်တွင်းစစ်စခဲ့ပြီးကျရှုံးနိုင်ငံအဖြစ်ရောက်နေ ခဲ့တယ်လို့ အကဲဖြတ်တွေက သုံးသပ်ခဲ့တာဟာ နိုင်ငံရဲ့ ပကတိ အခြေနေနဲ့ ကိုက်ညီတဲ့ လူမျိုးစုံချစ်ကြည်ရင်းနှီးနိုင်ငံState Nation ကို အောင်မြင်စွာ မတည်ဆောက်နိုင်ခဲ့တာကြောင့် ပဲဖြစ်ပါတယ် ။


REF; Crafting State Nation; India and Multinational Democracies
Alfres Stepan, yohindra Radev

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates