သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုနှင့်တွေ့ဆုံဖို့ သျှမ်းခေါင်းဆောင်များတွေ့ဆုံ
သျှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် လူထုနှင့်တွေ့ဆုံဖို့ အတွက် သျှမ်းခေါင်းဆောင်များမှ တောင်ကြီးမြို့၌ ဒီဇင်ဘာလ ၁၁ နှင့် ၁၂ ရက်က တွေ့ဆုံဆွေးနွေးမှုများပြုခဲ့ကြကြောင်းသိရသည် ။
သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အတွင်းရေးမှူးများ အဖွဲ့မှ ဦးဆောင်ပြီး ကော်မတီတရပ်ဖွဲ့ကာ လူထုအားကွင်းဆင်းတွေ့ဆုံ သွားမည် ဟုဆိုသည်။
လူထုနှင့်ထိထိရောက်ရောက်တွေ့ဆုံရန်အတွက် လူအင်အား ၂၀၀ ခန့် သုံးပြီး အဖွဲ့ ၁၄ ဖွဲ့ခွဲကာ သျှမ်းပြည်နယ်တွင်း သာမက စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး ၊ ကယားပြည်နယ် နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်လည်း သွားရောက်တွေ့ဆုံသွား မည်ဖြစ်ကြောင်း သိရသည် ။
သျှမ်းပြည်နယ်တောင်ပိုင်းတွင် တောင်ကြီး၊ လဲချား၊ နမ့်စန်၊ သျှမ်းပြည် အရှေ့ပိုင်းတွင် ကျိုင်းတုံ၊ တာချီလိတ် ၊ သျှမ်းပြည်မြောက်ပိုင်းတွင် သိန္ဒီ၊ကျောက်မဲ ၊ လားရှိုး နှင့် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့တို့တွင် လူထုတွေ့ ဆုံပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။
“ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျရင် ကြိုတင်ပြင်ဆင်ဖို့ လူထုတွေ့ဆုံပွဲလုပ်မယ်၊ လူထုတွေက ဘယ် လိုဖြစ်ချင်လဲ ၊ ကျနော် တို့က ဘယ်လိုလုပ်ချင်လဲဆိုတာ သွားရောက်တွေ့ဆုံ ရှင်းလင်း မယ်၊ ပြီးတော့ လူထု တွေ က သူတို့ရဲ့ ဆန္ဒတွေ ပြောပြလာမယ်၊ အဲ့ဒီခါကျရင် သျှမ်းလူမျိုး အမျိုးသားအဆင့် (သျှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ) ညီလာခံ ဆိုပြီး တောင်ကြီးမှာ ပြန်လုပ် မယ်လို့ ကျနော်တို့ ဆုံးဖြတ်ထားပါ တယ်”ဟု (CSSU) အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင် ကပြောသည် ။
လူထုတွေ့ဆုံပွဲတွင် တစ်ဖွဲ့လျှင် ၁၅ ဦးပါဝင်မည်ဖြစ်ပြီး ပြည်ထောင် စုနှင့် သက်ဆိုင်သည့် ကိစ္စများ၊ သျှမ်းပြည်နယ်နှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ သျှမ်းတိုင်းရင်းသားလူမျိုးတို့နှင့် သက်ဆိုင်သည့် နိုင်ငံရေး ၊ စီပွားရေး တို့ကို သွားရောက် ရှင်းပြမည်ဖြစ်ကြောင်း ၄င်းကပြော သည် ။
“ ဘာကြောင့် လူထုတွေ့ဆုံပွဲလုပ်ရတာလဲဆိုတော့ တခြားအဖွဲ့ တွေ လည်း လုပ်ပါတယ် မတူဘူးပေါ့ ၊ ကျနော်တို့ အဖွဲ့ကနေပြီးတော့ သျှမ်းပြည်က ကြီးလည်းကြီးတယ် ကျယ်လည်း ကျယ်တယ်၊ ဒါကြောင့် သျှမ်းတိုင်းရင်း သားလူမျိုးတွေရဲ့ ဆန္ဒကို သိချင်တယ် ၊ဘယ်လိုဖြစ်ချင် လဲ ဘာဖြစ်ချင်လဲဆိုတာ ဒါတွေကို သိချင်တယ်၊ ဒါမှ ပြည်သူတွေနဲ့ ရင်းနှီးမယ် အဲ့လောက်မလုပ်ရင် သျှမ်းတိုင်းရင်းသားလူမျိုးတွေရဲ့ ဆန္ဒကျန်ခဲ့မှာစိုးတယ်”ဟု စိုင်းညွန့်လွင် ကပြောသည် ။
ဒီဇင်ဘာ ၁၁-၁၂ ရက်တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့၌ ၂၁ ရာစုပင်လုံ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြိုတင်ပြင် ဆင်ခြင်း အစည်းအဝေး လူမျိုးအလိုက် (သျှမ်းလူမျိုး) အစည်း အဝေး တွင် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အဖွဲ့များဖြစ်ကြေ သာ RCSS/SSA ၊ JAC အဖွဲ့ထဲတွင် SNLD SSPP/SSA စိန်ကျော့ပြည်သူ့ စစ် နှင့် SNDP ၊ CSSU မှ ဖိတ်ထားသော သျှမ်းနီအဖွဲ့ နှစ်ဖွဲ့ နှင့် သျှမ်းအရှေ့ မင်္ဂလာစည်တော်ပါတီ ESSDDP စသည့် သျှမ်းလူမျိုး တို့အား ကိုယ်စားပြုသည့် အဖွဲ့အားလုံးနီးပါး တက် ရောက်ကြောင်း စိုင်းညွန့်လွင် ကပြောသည် ။
Tags: News, politic