တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များကို အကြမ်းဖက် အဖြစ် သတ်မှတ်ရန် ကြိုးပမ်းမှု အပစ်ရပ် အဖွဲ့များ ဆန့်ကျင်ကန့်ကွက်



အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်တွင် မည်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် ခေါင်းဆောင်များကို မဆိုအကြမ်းဖက်အဖြစ်သတ် မှတ် ရန် ဆောင်ရွက် နေမှုများသည် ငြိမ်းချမ်းရေးနှင့် သင့်မြတ်ရေးဖြစ်စဉ်ကို ထိခိုက်စေနိုင်သည့်အတွက် ဆန့်ကျင်ကန့် ကွက် ကြောင်း NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှ ကြေငြာ ချက်ထုတ်ပြန်ထားသည် ။


ဒီဇင်ဘာလ ၁၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသော ကြေငြာချက်တွင် အကြောင်းကြောင်းကြောင့် နိုင်ငံ လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး NCA တွင် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် အဖွဲ့များနှင့် အစိုးရတို့အနေ ဖြင့် အပြုသဘောဆောင်သော ငြိမ်းချမ်းရေးကို ရှေ့ရှုသည့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည် ။


လွန်ခဲ့သည့် အပတ်အတွင်းက ကျင်းပခဲ့သည့် သျှမ်းပြည်နယ်လွှတ်တော်၌ မူစယ်ဒေသ တိုက်ပွဲများ တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ကချင် KIA ၊ တအာင်းပလောင် TNLA/PSLF နှင့် ကိုးကန့် MNDAA တို့အား အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် သတ်မှတ်ရန် အဆိုကို မဲခွဲ အတည်ပြုခဲ့သည် ။


သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးအပါဝင် တိုင်းရင်းသားအရေးအတွက် အမှန် တကယ်လှုပ်ရှားနေသည့် တိုင်းရင်းသားအင်အားစုအချို့နှင့် သမာသမတ်ကျသည့် လေ့လာ သူများကမူ အကြမ်းဖက် အဖွဲ့အစည်းဖြစ် ပုံဖော်ရန် ကြိုးပမ်းမှုများမှာ ပိုမို ရှုပ်ထွေးစေပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် အဟန့်အတားဖြစ်စေလိမ့်မည်ဟုသတိပေးပြောဆိုထားသည် ။


ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းကလည်း မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်နှင့် တွေ့ဆုံရာတွင် သျှမ်းမြောက်တိုက်ပွဲများ၌ မဟာမိတ်အဖွဲ့မှ ကျူးလွန်ခဲ့သည့် အခြေနေများအား ရှင်းလင်းခဲ့ပြီး မည်သည့်အတွက်ကြောင့် အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ရ သည် ကို ရှင်းလင်းပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ထားသည် ။


နိုဝင်ဘာလနှောင်းပိုင်းမှစ၍ သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်၊ လားရှိုးခရိုင် နှင့် မူးစယ်ခရိုင် အတွင်း ရှိ ရဲဌာနများ၊ လမ်းတံတားများ၊ ကုန်သွယ်ရေးဇုံများအား မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုမှတိုက် ခိုက်ခဲ့သည် ။


ထိုလုပ်ရပ်အပေါ် အကြောင်းပြု၎င်းတို့တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် တပ်မတော် နှင့် ၄င်းတို့ပါတီဖြစ်သည့်ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီတို့က ကြိုးပမ်းလာခဲ့ကြသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates