ငြိမ်းချမ်းရေးအတွက် ဆိုးကျိုးသာဖြစ်စေမဲ့ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ပုံဖော်ရန် ကြိုးပမ်းချက်



(၁) အကြမ်းဖက် အဖွဲ့အစည်းဆိုတာ ဘယ်လိုလဲဆိုတာ ခြေရာခံခြင်း


အကြမ်းဖက် အဖွဲ့အစည်း သတ်မှတ်ချက် ဆိုတဲ့ ကိစ္စက တစ်ကယ်ေ တာ့ လွယ်လှတဲ့ ကိစ္စ မဟုတ်ပါ ဘူး ။


သတ်မှတ်ချင်ရင်တောင်တစ်ကယ်ဟုတ်မဟုတ်ဆိုတာက အရေးကြီး သလို၊ ဥပဒေပြဌာန်းချက်နဲ့ ညီမညီဆိုတာက အစ၊ ယုတ်စွအဆုံး စံနှုန်းညီ သတ်မှတ်ချက်ဖြစ်မဖြစ် ဆိုတာက အစ အရေး ကြီးလှ တဲ့ ကိစ္စပါ။ ဥပဒေနဲ့ ညီရုံတင် မပြီးတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ် ။


ဒါကလည်း ရှင်းပါတယ်။ အာ ဏာရှင်အများစုဟာ မိမိတို့ လုပ်ရပ်မှန် တယ်ဆိုပြီး ဥပဒေကြောင်းအရ ညီတယ်ဆိုတာပြဖို့ မတရား တဲ့ ဥပဒေတွေ ရေးဆွဲပြဌာန်းထားတာတွေ ( သို့မဟုတ် ) စည်းမျဉ်းစည်း ကမ်းနဲ့ ကျော်လွန်ပြီး လိုသလို ပုံဖော် ဆောင်ရွက်လေ့ ရှိတဲ့အတွက် ပဲဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ စံနှုန်းတွေနဲ့ ချိန်ညှိဖို့တော့ လိုပါတယ် ။


အက်ဖီအိုင်နဲ့ နိုင်ငံတကာက သတ်မှတ်ချက် အရ ပြည်တွင်းအကြမ်း ဖက် အဖွဲ့အစည်းအဖြစ် သတ် မှတ်ချက် အချို့ကို ကြည့်မယ်ဆိုရင်အကြမ်းဖက် လုပ်ဆောင်မှုတွေ ပါဝင်ရမှာဖြစ်ပြီး လူတွေရဲ့ ဘဝ ရှင်သန်ရပ်တည်မှုအတွက် အကာ ကွယ်ပေးထားတဲ့ ဥပဒေတွေကို ချိုးဖောက်ပြီး လူတွေရဲ့ အသက်စည်းစိမ် အိုးအိမ်ကို ချိုးဖောက် တာတွေ လုပ်ရပါမယ် ။


အရပ်သားပြည်သူတွေကို နိုင်ထက်စီးနင်း ခြိမ်းခြောက်အကျပ်ကိုင်မှုတွေ အပြင် အစိုးရရဲ့ မူဝါဒတွေကို လွှမ်းမိုးနိုင်စေဖို့ အကျပ်ကိုင် အသုံးချ မှုနဲ့ လူအစုလိုက် အပြုံလိုက်ပျက်စီးစေပြီး အစိုးရကို အကျပ် ရိုက် စေ တာ ၊ လုပ်ကြံတာနဲ့ ပြန်ပေးဆွဲတဲ့ ကိစ္စတွေ အားလုံးပါဝင်တယ်ဆိုရင် အကြမ်းဖက် အဖွဲ့အစည်းလို့ သတ်မှတ်လို့ရတယ်။ ဒီလောက်နဲ့လည်း မပြီးပြန်ပါဘူး ။ အချက်လက်တွေ ပြည့်စုံရင် လွှတ်တော် က နေ အတည်ပြုဖို့ ၊ အစိုးရကနေ တရားဝင် ကြေငြာဖို့ ဆိုတဲ့ ကိစ္စတွေ ကလည်း လိုပါတယ်။ ဒါကလည်း ပြည်သူ ရာနှုန်းပြည့် ကိုယ်စားပြုတဲ့ လွှတ်တော် ဖြစ်မှသာ တရားဝင်မှု ( Legitimacy ) ပိုရှိမှာပါ ။


Legitimacy လို့ ဆိုကတည်းက သက်ဆိုင်ရာ လူထုရဲ့ သဘော ထား အမြင်ထောက်ခံမှုတွေလည်း ပါဝင်ပြီးဖြစ်ပါတယ်။နိုင်ငံပြင် ပ နယ် နိမိတ် ဖြတ်ကျော် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့လည်း သီးခြား သတ်မှတ်တွေ ရှိနေပေမဲ့ အများစုကတော့ လူတွေ အစုလိုက် အပြုံ လိုက် ပျက်စီးစေတဲ့ ရည်ရွယ်ချက်က အဓိက ကျတဲ့ အချက်အဖြစ် ရှိနေတာတွေ့ရပါတယ် ။


အဓိကကျတဲ့ အချက်ကတော့ လူတွေကို နိမ့်ချလို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာမျိုးပါ။ ကျူးလွန်သူတွေရဲ့ နိုင်ငံရေး ၊ ဘာသာရေး နဲ့ အယူအဆရေးရာဆိုင်ရာ ရည်ရွယ်ချက် အောင်မြင် ဖို့အတွက်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။  စစ်ပွဲတွေမှာ ထိန်း၂ သိမ်း၂ မဟုတ်ပဲ အရပ်သား တွေ အပေါ် အရမ်း လုပ်ချင်တာ လုပ် ဆိုပြီး ပြုမူ ( အချက်လက် တိကျဖို့ လိုပါတယ်။ ) ၊  အကြမ်းဖက် အဖွဲ့ အစည်းလို့ သတ်မှတ်ခံရမဲ့ အဖွဲ့အစည်းအနေနဲ့ အများပြည် သူ သေေ ကြပျက်စီးစေမဲ့ အကြမ်း ဖက်လုပ်ငန်းတွေအတွက် စနစ်တ ကျပြင် ဆင်ခဲ့မှုတွေက အဓိက ကျသလို အဲဒီ အကြမ်း ဖက်မှုေ တွနဲ့ စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှုတွေမှာ အရပ်သားတွေ သေကြေမှု၊ စစ်သည်နဲ့ လုံခြုံရေး ဆိုင်ရာ တာဝန် ရှိသူမဟုတ်သူတွေ သေကြေမှု ၊ သုံ့ပန်းတွေ သေကြေမှု စတဲ့ အချက်တွေလည်း အကျုံးဝင်တာ ဖြစ် ပါတယ်။ ကမ္ဘာနဲ့ အဝှမ်းနောက်ပိုင်း အဖြစ်များခဲ့တဲ့ အကြမ်းဖက်မှုေ တွကို ကြည့်မယ်ဆိုရင် အကြမ်း ဖက်မှု ပြုလုပ်တဲ့ အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ ရည်ရွယ်ချက်အောင်မြင်ဖို့အတွက် အကြမ်း ဖက်မှု ဆိုင် ရာ လေ့ကျင့်မှုတွေကို ကြိုလုပ်ထားကြတာတွေ့ရပါတယ်။ အဲလို လုပ် တဲ့ အဖွဲ့အစည်းတွေထဲမှာ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်း အချို့နဲ့ အမျိုးသားရေးအစွန်းရောက်တွေ ၊ လက်ဝဲစွန်းတွေ နဲ့ တော် လှန်ရေး အဖွဲ့အစည်းတွေ ဒါမှမဟုတ် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့တွေ ကိုယ်တိုင် အသုံးပြုနေ တာ တွေ့ရပါတယ်။ ဒါကလည်း လူတွေရဲ့ မျက်ရည်တွေကို အသုံးချတဲ့ အကြမ်းဖက် အယူအဆရဲ့ အကူ အညီနဲ့ သူတို့ရဲ့ နိုင်ငံရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ရည်ရွယ်ချက်တွေ ကို အောင်မြင် ဖို့ ရည် ရွယ်ကြ တာဖြစ်ပါတယ် ။


မြင်အောင်ပြောရရင် အမေရိကန် နိုင်ငံမှာ ၂၀၀၁  က ဖြစ်ပွားခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့ တိုက် ခိုက်မှုတွေဟာ အကြမ်းဖက်မှုတွေထဲ က လူအသေအပျောက်များတဲ့ အကြမ်းဖက်မှုအဖြစ် ထင်ရှား သလို ဆူဒန်မှာ အာဏာရ အစိုးရအဖွဲ့က ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ ၊ ဆီးရီးယား သမ္မတ ဘာရှာ အယ်အာဆတ်က ဆန္ဒပြ ပြည်သူတွေ ကို လေယာဉ်ပေါ်ကနေ မီးလောင်ဗုံးကြဲခဲ့တာ တွေက လည်း သူတို့ရဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပေါက်မြောက်အောင်မြင်ဖို့ အကျိုးစီးပွားတွေ ဆက်ထိန်း နိုင်ဖို့ အတွက် ရည်ရွယ်ချက် ရှိရှိ အသုံးပြုတဲ့ အကြမ်းဖက်မှုတွေလို့ ဆိုနိုင်ပါတယ်။ နောက် IS အဖွဲ့ရဲ့ အရပ်သားတွေကို ဦးတည်တဲ့ တိုက်ခိုက်မှုတွေ ။


မြန်မာနိုင်ငံမှာတော့ ၈လေးလုံးလို အရေးအခင်းမှာ ထောင် နဲ့ချီ တဲ့ ပြည်သူတွေ သေဆုံးမှုတွေက ဘယ်အပိုင်းမှာပါသလဲဆိုတာ စဉ်းစားစရာဖြစ်သလို  တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်က ကျူးလွန်ခဲ့တဲ့ ဖြတ်လေးဖြတ်လို စီမံကိန်းတွေကလည်း ဘယ်အပိုင်းမှာပါသလဲဆိုတာ စဉ်းစား စရာပါပဲ ။


အက်ဖ်ဘီအိုင်ရဲ့ သတ်မှတ်ချက်ထဲမှာ အစိုးရ ၀န်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ သတ်မှတ်ချက် အချို့ လည်းပါပါတယ်။ ပြည်ထောင်စုကို ထိခိုက်စေတဲ့ ရာဇဝတ်မှုဆိုင်ရာ အကြမ်းဖက်မှု ဥပဒေ ပုဒ်မတွေ ထဲမှာပါ။ ( ပြဌာန်းချက်မှာပါဝင်တဲ့ အောက်ဖော်ပြချက်ကို ကြည့်ပါ။ )


Is a violation of one of several listed statutes, including § 930(c) (relating to killing or attempted killing during an attack on a federal facility with a dangerous weapon); and § 1114 (relating to killing or attempted killing of officers and employees of the U.S.).


ဖက်ဒရယ်အစိုးရရဲ့ ပေးထားတဲ့ ပံ့ပိုးမှုတွေကို ပျက်စီးစေမှုနဲ့ အရာရှိေ တွ ၀န်ထမ်းတွေကို သတ်ဖြတ် မှုတွေနဲ့ ဆိုင်ပါတယ်။ ဒါတွေကလည်း ထင်ရှားရင် တရားရုံးအဆုံးအဖြတ် ခံယူရမဲ့ ပုဒ်မတွေ ပါပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့ မြန်မာနဲ့ အမေရိကန် ကွာခြားတာကတော့ မြန်မာ ကတော့ စပ်ကြားစနစ်နဲ့ အုပ် ချုပ်နေတဲ့ စနစ်ဖြစ်ပြီး အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့ အကုန်လုံးကို ပြည်သူက တင်မြောက်ထားတာ ( သို့မဟုတ် ) ပြည်သူတင်မြောက်ထားတဲ့ အစုအဖွဲ့ ကိုယ်စားလှယ်တွေ က ပြန် ခန့်အပ်ခွင့်ရှိနေတာတော့ မဟုတ်ပါဘူး။ သိတဲ့အတိုင်းပဲ ၀န်ကြီးဌာန အချို့က တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေသလို တပ်မတော် ကာကွယ်ရေးဝန်ကြီးတွေ စစ်ဦးစီးချုပ်တွေကလည်း ပြည်ထောင်စု အင်္ဂါစဉ်အရ အစိုးရ လောက် မမြင့်ပေမဲ့ အစိုးရနီးပါးလောက် အာဏာ ရယူထားတာ ( သို့မဟုတ် ) ရွေးကောက်ခံမဟုတ်ပဲ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာဌာနတွေအပြင် ၊ အုပ်ချုပ်ရေး ဌာနတွေကိုပါ ရယူထားတာ ထူးခြားမှုပါပဲ ။


ဒီမိုကရေစီ စံနှုန်းတွေအရ မြန်မာရဲ့ အခြေနေကို ပြန်ကြည့် မယ် ဆိုရင်တော့ ရွေးကောက်ပွဲ နဲ့ လွှတ် တော် တွေရှိတယ်ဆိုတာလောက် အပြင် စံနှုန်းအရ လိုအပ်ချက်အများကြီးရှိတဲ့ အနေထားမှာလည်း ရှိနေပါသေးတယ်။ (အကျယ်မရှင်းလိုတော့ပါ။ ) တပ်မတော်နောက် ခံပြုတဲ့ ပါတီကလည်း ရှိနေပါ သေးတယ်။ ကြားထဲ လွှတ်တော်ထဲမှာ တပ်မတော်သားတွေက ရှိနေပါသေးတယ်။ ရဲကလည်း တပ်မတော် ခန့်တဲ့ ပြည်ထဲရေးအောက်မှာရှိနေ သလို ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တစ်လျှောက် တပ်ကနေ အသွင်ပြောင်း ရဲ အရာရှိ ၀င်လုပ်ကြတဲ့အတွက် ရဲစစ်ကလာတဲ့ အရာရှိကြီးတွေ ရှားပါး တဲ့အထိတောင် ဖြစ်ဖူးပါတယ်။ Public opinion အရတော့ အဲဒီအဖွဲ့အစည်းတွေကို အရပ် သား အုပ်ချုပ်တဲ့ အဖွဲ့အစည်းလို့ မမှတ်ယူကြတာတော့ သေချာပါတယ် ။


( ၂ ) လတ်တလော တိုက်ပွဲနဲ့ အကြမ်းဖက် အဖွဲ့အစည်း သတ်မှတ်ရေးကိစ္စ


တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ ဆိုတဲ့ ကိစ္စကို လွှတ်တော်တွေမှာ ဆွေးနွေးလာတာကိုလည်း သတိထားမိပါတယ်။ မူဆယ်ခရိုင်နဲ့ ရှမ်းမြောက်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ပါ။ အရပ်သားတွေ သေကြေမှုရှိတယ် ။ ပျက်စီးမှုတွေက အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ပါ။ ပြည်ထောင်စု လွှတ်တော်နဲ့ သျှမ်းပြည်နယ် လွှတ်တော်မှာ တင်ပြခဲ့တာဖြစ် ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာတော့ စိုးရိမ်ကြောင်း အဆို ဆွေးနွေးရာမှာ တပ်မတော် အဆင့်မြင့်အရာရှိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ဖို့ တင်ပြဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန်မှာ အဲလို သတ်မှတ်ဖို့ မသင့်ဘူးဆိုပြီး ဆွေးနွေးတာတွေလည်း ရှိခဲ့ပါတယ်။ အခု နောက်တစ်ခေါက်ကတော့ သျှမ်းပြည်နယ်လွှတ်တော်မှာပါ ။


တင်သူက အရင် နယ်လုံဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးကြီးအောင်သူ ( လားရှိုးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သူ ဖြစ်ပါတယ်။) သျှမ်းလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ် ၃၅ ဦး ( သတင်းဖော်ပြချက်အချို့ အရ ) ရှိနေသလို ပြည်ခိုင်ဖြိုးအပါဝင် ရွေးကောက်ပွဲမှာ အငြင်းပွားဖွယ်ရလာဒ်အချို့နဲ့ ( သတင်းမီဒီယာ ဖော်ပြချက်များအရ ) အနိုင်ရခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ နီးစပ်သူတွေလည်း ရှိနေပါတယ်။ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရတော့ အဆိုအတည်ဖြစ်သွားပါတယ်။ နိုင်တယ်ဆိုရင်တောင် တပ်မတော်သားမဲပါတဲ့ အတွက် လူထု ကိုယ်စားလှယ်လို့ ပြောရခက်နိုင်ပါတယ်။ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်မှုမှာ လူထု ထင်မြင်ချက်ကို ယူကြတဲ့အတွက် ပြောတာပါ။ နိုင်ငံတကာစံအရတော့၊ မြန်မာ့နည်းမြန်မာ့ဟန် အလုပ်မဖြစ်တဲ့ စံတွေကို မဆိုလိုပါ ။


(၃) တကယ်သတ်မှတ်လို့ ရနိုင်သလား ၊ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုမလား


အမှန်တော့ ပြည်နယ်လွှတ်တော်မှာ ဒီကိစ္စဆွေးနွေးနေကတည်းက အဆိုအောင်ရင် အစိုးရကို ဖိအားပေး ၊ စစ်ရေးဘတ်ဂျက်ပိုတောင်း ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခြား အသာစီးရယူ ရည်ရွယ် ချက်ရှိရှိ နိမ့်ချလိုတဲ့ ရည်ရွယ်ချက်အပြင် ငြိမ်းချမ်းရေးအတွက် ကောင်းမွန်တဲ့ ရည်ရွယ်ချက် မရှိဘူးလို့ ကောက်ချက်ချနိုင်တဲ့ အနေထားပါ ။


ပြည်ထောင်စု မှာ ဆွေးနွေးပြီးသား ဆုံးဖြတ်ပြီးသားကို ပြည်နယ် မှာ ဆွေးနွေးတာ အခြေခံ ဥပဒေနဲ့ ညီမညီ နောက်ထပ် တပ်မတော်က ကာကွယ်ရပါမယ်လို့ တဆာဆာပြောနေတဲ့ ၂၀၀၈ အခြေခံ ဥပဒေ ပါ ပြည်နယ် လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့ အဲဒီအဆိုဟာ ကိုက်မကိုက်ဆိုတာကလည်း အခြေခံ ဥပဒေခုံရုံးမှာတင်ပြီး ငြင်းခုံကြ ရမဲ့ကိစ္စလို့ ကောက်ချက်ချနိုင်ပါတယ်။(အခြေခံဥပဒေပါ ပြဌာန်းချက်တွေက များလွန်းတဲ့အတွက် အကျယ်မဖော်ပြလိုတော့ပါ။ )
နောက်အရပ်သားတွေ သေဆုံးမှု ဆိုတဲ့ ကိစ္စတွေပဲဖြစ်ပါတယ်။ မူဆယ် မကြာခဏ ရောက်ဖူးသူ စာရေးသူ အမြင်အရဆိုရင် အရပ်သားတွေကို တကယ်သေကြေပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုရင် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုံရောက်နေခဲ့တဲ့ လက်နက်ကိုင် အဖို့ သိပ်ခက်တဲ့ အနေထားမဟုတ်လို့ ဆိုနိုင်ပါတယ် ။


တိုက်ပွဲစဖြစ်တဲ့ နေ့က  မနက်စည်ကားနေတဲ့ အချိန်ဖြစ်တဲ့အတွက် တကယ်လူတွေကြားထဲ  ရည်ရွယ်ချက်ရှိရှိ ရမ်းပစ်မယ်ဆိုရင်တောင် အခု အစိုးရက ထုတ်ပြန်ထားတဲ့ တိုက်ပွဲတစ်လျှောက် အရပ်သားေ တွ သေဆုံးသူ အရေအတွက်ထက် အဲဒီ တစ်နေရာမှာတင် ပိုသွားနိုင် တယ်လို့  ခြုံငုံသုံးသပ်လို့ရပါတယ်။ လမ်းမှာ အရပ်သားတွေသေဆုံးတဲ့ ကိစ္စတွေကတော့ ကျည်ပွိုင့်က အစ ကျည်ဆံဝင်ပုံအဆုံး အသေးစိပ် စစ်ဆေးမှ ဖြစ်မဲ့ အနေထားတွေ  ဖြစ်ပါတယ် ။


တိုက်ပွဲကြားထဲ ရောက်သွားတာမျိုးလည်း ဖြစ်နိုင်သလို ပဋိပက္ခ သဘောတရားအရလည်း ဖြစ်လာပြီဆိုရင် နှစ်ဘက်က အပြိုင်အဆိုင် ငါမမှားဘူး ၊ သူမှန်တယ် ၀ါဒ ဖြန့်ချင်တဲ့ သဘောရှိတဲ့ အတွက် ဖြစ်  ပါတယ်။ ဘယ်ဟာမှန်တယ် မှားတယ်လို့တော့ ကောက်ချက်မချလိုပါ ။


တပ်မတော်ဘက်ကလည်း အရပ်ဘက်ကားတွေ အသုံးပြုသွား လာတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိပါတယ်။  အခုတော့ မသိပါ။ ၂၀၁၄ ခုနစ် မန့်ဝိန်းတိုက်ပွဲ ပြီးစအချိန်ကတည်းက တပ်မတော်က သတင်းမီဒီယာ သများအချို့ကို သျှမ်းမြောက်ကတစ်ဆင့် မန့်ဝိန်းကြီးနယ် ဘက် ခေါ် သွားခဲ့တာမှာ အရပ်သားကားတွေသာ အသုံးပြုခဲ့တာဖြစ်ပြီး၊ သျှမ်းမြောက်ဒေသကို တပ်သားတွေခေါ်သွားရာမှာ အရပ်သားကားတွေ အသုံးပြုတယ်ဆိုတဲ့ စွပ်စွဲသံတွေကတော့ အရပ်သားတွေဆီကနေပါ ကြားဖူးပါတယ်။ တိုက်ပွဲတွေအတွင်း လူ့အခွင့်ရေးချိုးဖောက်မှု ရှိမရှိ ၊ ဂျီနီဗာကွန်ဗင်းရှင်း ချိုးဖောက်မှုရှိမရှိဆိုတာတွေက ဒီထက်ပိုမိုတဲ့ သက်သေပြမှုနဲ့ ပွင့်လင်းမြင်သာမှုတွေ လိုအပ်ပါတယ်။ ဒါက နှစ်ဘက်စလုံးကို ဆိုလိုတာပါ ။


တကယ်မသုံးဘူးဆိုရင်လည်း ပြန်လည်ရှင်းလင်းဖို့ လိုပါလိမ့်မ ယ်။ နောက်မုံးကိုးမှာ တမြို့လုံးနီးပါး အိမ်တွေ ဘုရားကျောင်းတွေပါ ပျက်စီးတဲ့ ပုံတွေကိစ္စတွေက ပွင့်လင်းမြင်သာစွာ ရှင်းပြရမဲ့ ကိစ္စတွေပါ ။


ယုတ်စွအဆုံးအရပ်သားတွေ ဘေးလွတ်ရာ ပြေးနေပေမဲ့ အဲဒီ ပိုင်ဆိုင်မှုတွေက ဒေသခံအရပ်သားတွေရဲ့ ပိုင်ဆိုင်မှုတွေသာဖြစ် ပါတယ်။ ရေရှည်မှာတော့  ကိုယ့်ပုံရိပ်ကို ၀ါဒဖြန့်မှုတွေထက် လက်တွေ့ပြမှုတွေကပဲ မြင့်တင်နိုင်မှာဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ဖြစ်စေ တပ်မတော်ဘက်ကဖြစ်စေ အခြေနေပေးရင် လူ့အခွင့်ရေးချိုးဖောက်မှု မရှိဘူးဆိုတဲ့ ကိစ္စတွေ အကြမ်းဖက် လုပ်ရပ်လုပ်မလုပ်ဆိုတဲ့ ကိစ္စတွေက ရှင်းလင်းဖို့ ဆိုတာ လိုအပ်လှတဲ့ အရာပါ။ လတ်တလော ရခိုင် မြောက်ပိုင်းက ကိစ္စတော့ ဘာဖြစ်နေတယ်ဆိုတာ သေသေချာချာ မသိရပေမဲ့လူတွေ သောင်းနဲ့ချီ ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးနေတာ ၊ သတင်းမီဒီယာနဲ့ လေ့လာ သူတွေ လွတ်လပ်စွာ သွားလာခွင့်မရတာတွေ က ဖြေရှင်းေ နမှုတွေအပေါ် သံသယ ဖြစ်စရာတွေပါ ။


အဲဒီကိစ္စတွေမှာလည်း ပွင့်လင်းမြင်သာမှုရှိဖို့လိုပါတယ် ။


ပြောရမယ်ဆိုရင်တော့ မူဆယ်ခရိုင်မှာ ဖြစ်တဲ့ တိုက်ပွဲတွေ ကိစ္စက အစိုးရ ၊ တိုင်းရင်းသား လက်နက်ကိုင် ၊ တပ်မတော် သုံးဘက်စလုံးက တွက်ကိန်းမှားလို့ ဖြစ်လာတဲ့ ကိစ္စတွေပါပဲ။ အစိုးရကလည်း အလုပ် မဖြစ်တဲ့ ဦးသိန်းစိန်ရဲ့ မူအဟောင်းကို မပြင်နိုင်သလို ၊ တပ်မတော် ကလည်း အပေါ်စီးကနေ တိုင်းရင်းသား အဖွဲ့တွေအချင်းချင်း ကြားမှာတောင် သူက ပိုဖြူ မင်းက အသားမည်းလို့ ဆိုတဲ့ သဘောထား ချန်ထားဖို့ ရည်ရွယ် ရာကနေ ဖြစ်တဲ့ ကိစ္စတွေပါပဲ။ ၂၁ ပင်လုံပြီးခါစ သူ့ဘာသာ တောထဲနေနေပြီး ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ လမ်းကြောင်းရှာနေတဲ့ အဖွဲ့တွေကို ဥပမာအားဖြင့် ဂိဒွန်ကို ရက် ၆၀ ကျော် ဗုံးကြဲ တိုက်ခိုက်နေတာတွေက တောထဲစုနေတဲ့ လက်နက်ကိုင်ကို မြို့ပေါ်တက် လမ်းပေါ် ပြန့်ကျဲထွက်လာအောင် အားပေးနေသလိုပါပဲ။  အဲဒီအတောအတွင်းမှာပဲ ရွာထဲကို လက်နက်ကြီးကျည်ဆံကျတာကြောင့် ကလေးငယ်တွေ သေကြေ ဒဏ်ရာရမှုတွေ ဖြစ်ခဲ့ ပါသေးတယ်။ အဲဒီအတွက် ဘယ်သူမှ တာဝန်ယူသံ ၀န်ခံသံ မကြားသေးပါဘူး ။


စာရေးသူအမြင်အရတော့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အချိန်မှာ တစ်ကယ်စိတ်စေတနာ ထားကြ စေချင်ပါတယ်။ တဘက်နဲ့ တဘက် ပဋိပက္ခပိုပြန့်ပွားလာစေမဲ့ အပြုအမူ အပြောဆိုတွေကိုလည်း ထိန်းကြ ဖို့လိုပါတယ်။ အားလုံးက ပြည်ထောင်စု သားတွေပဲဖြစ် ပါတယ်။ အကြမ်းဖက် အဖွဲ့အဖြစ် တကယ်သတ်မှတ်လိုက်ရင် ပိုမို ရှုပ်ထွေးမှုေ တွဖြစ်လာနိုင်ပါတယ်။ စစ်ဘောင်ကျယ်လာရုံ ၊ တပ် မတော် လိုအပ်တယ်ဆိုတာ လုံခြုံရေးအရ လိုအပ်တယ် ၊ အစိုးရသစ် အလုပ်မလုပ်နိုင်ဘူးဆိုတာ ပြချင်ရုံနဲ့ အကုန်လျှောက်မလုပ်သင့်ပါ။ တစ်ဘက်သတ် သတင်းထုတ်ပြန်မှုတွေ ပုံဖော်မှုတွေ ကတ ဆင့် ပြည် တွင်းစစ်ခေတ်ဦးကာလမှာ ကေအန်ယူနဲ့ တိုက်ပွဲတွေ ပိုပြင်းထန် လူထုလည်း အထိနာခဲ့တာတွေက သင်ခန်းစာယူစရာပါ။ အခုအချိန် အထိဗြိတိသျှလက်ထက်ကတည်းက မတရားအသင်း ဥပဒေလည်း အသက်ဝင်နေဆဲဖြစ်ပါတယ်။ မဆလ ခေတ်က မဆလ လွှတ်တော်  ရှိခဲ့ပေမဲ့ ဦးနေဝင်းတောင် တိုင်းရင်းသား လက်နက်ကိုင်တွေကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် လွှတ်တော်မှာ အတည်ပြုဖို့ ကြိုးပမ်းတာတွေ မရှိခဲ့ပါဘူး။ ဘတ်ဂျက်ပိုရ မယ်၊ အစိုး ရ သစ်ဖိအားဖြစ်စေတယ်၊ လုံခြုံရေးဘောင်ပိုကျယ်လာတယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အယူအဆနဲ့လည်း မစဉ်းစားသင့်ပါဘူး ။


တပ်မတော် အုပ်ချုပ်တာ နှစ်ပေါင်းများစွာမှာ တိုင်းပြည်ဘယ် လို ဖြစ်ခဲ့လဲဆိုတာလည်း ပြန်စဉ်းစားသင့်ပါတယ်။ နိုင်ငံရေးအရ မပြေလည်သေးပဲလက်နက်ချရေးမူကြောင့် ငြိမ်းချမ်းရေး ကြိုးပမ်း မှုတွေတစ်သက်လုံးအောင်မြင်ခဲ့သလားဆိုတာက စဉ်းစားစရာဖြစ် ပါတယ်။  တကယ်ပဲ အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်လိုက်ရင် ပိုမို ဆိုးဝါးနိုင်တဲ့ ကိစ္စတွေ ကြုံလာရနိုင်ပါသေး တယ် ။

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင် 




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates