မိုင်းလား၏အရေးပါသည့်တပ်စခန်းကြီး နှစ်ခု ဝ တပ်ဖွဲ့ ထိန်းချုပ်ထားဆဲ



ဝ တပ်ဖွဲ့ဝင်ရောက် သိမ်းပိုက်ထားသည့် မိုင်းလားတပ်ဖွဲ့၏တပ်စခန်းကြီးများ မှ ပြန်လည်တပ်ရုပ်ပေးလိုက်သည်ဟု ဆိုသော်လည်း စစ်ရေး မဟာ ဗျူဟာ ကျ သည့် တပ်စခန်းကြီးနှစ်ခုကိုမူ တပ်ရုပ်ဖို့ ညွှန်ကြား ချက်မရေ သးဟု ရှေ့ တန်းရောက် ဝ အရာရှိ တဦးကပြောသည် ။


“ ဒီဇင်ဘာ ၁ ရက်နေ့ နံနက်ပိုင်းက စစ်သည်ရာဂဏန်းထွက်ခွါသွားပြီ။ လွယ်ကျူဆိုင်း နဲ့ ဝမ့်နောင်ဟုတ် တပ်စခန်းတော့ ဆုတ်လို့မရသေးဘူး။ ညွှန်ကြားချက်မရသေးဘူးလေ”- ဟု ဝ အရာရှိ ဆိုင်းနပ် ကပြောသည် ။


UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ဌာချုပ် ထိန်းချုပ် နယ်မြေမှ ၁၀ မိုင်ခန့်အကွာ ဝမ့်နောင်ဟုတ်တွင် ဝ တပ်ဖွဲ့ ၁၀၀ ခန့် ၊ လွယ်ကျူဆိုင်း တပ်စခန်းတွင် ၁၀၀ ကျော် ဝ တပ်ဖွဲ့ အခြေချ နေထိုင်လျက် ရှိသေးကြောင်း ကြားသိရသည် ။


“နိုဝင်ဘာ အကုန် ဒီဇင်ဘာ အကူး မှာ ဝ တပ်ဖွဲ့ ဒုတိယ ခေါင်းဆောင် ဦးရှောက်မင်လျံ ဦးဆောင်တဲ့ ဝ ကိုယ်စားလှယ်အဖွဲ့က မိုင်းလား ကိုလာပြီး မိုင်းလားခေါင်းဆောင်တွေနဲ့ တွေ့တယ်။ မိုင်းလားတပ်ဖွဲ့က နေ ဖမ်းထားတဲ့ ဝ လူတွေ၊ ဝ တပ်ဖွဲ့ပိုင် ကုန်ပစ္စည်းတွေ ပြန်ပေးဖို့ တောင်းတယ်။ လူတွေ အား လုံး ပြန်ပေးဖို့ မိုင်းလားသဘောတူတယ်။ ဒါ့ကြောင့်သူတို့က တပ်ဆုတ်ေ ပးလိုက်တယ်။ အားလုံးတော့ မဆုတ်သေးဘူး။ အခုက ကောင်း တဲ့အလား အလာပါ။ ဆက်ညှိနှိုင်းရင် အဆင်ပြေသွားမှာပါ” - ဟု ခိုင်လုံသည့် သတင်းက ပြောသည် ။


၂၀၀၉ ခုနှစ်ကတည်း မိုင်းလားတပ်ဖွဲ့ နှင့် ဝ တပ်ဖွဲ့ကြား သဘောတူညီ ချက်ဖြင့်ရောက်ရှိ လာသည့် ဝ တပ်ဖွဲ့များကိုမူ နဂိုသဘောတူညီချက်အတိုင်း မိုင်းလားနယ်မြေ အတွင်း ဆက်ရှိမည်ဖြစ်ကြောင်း၊ သို့သော် ၂၀၁၆ စက်တင် ဘာ ၂၈ ရက်နေ့က ရောက်ရှိလာသည့် ဝ တပ် အသစ်များ အားလုံး တပ်ပြန် ဆုတ်ပေးရန် မိုင်းလားဘက်က တောင်းဆိုထားကြောင်း၊ ဝ ဘက်ကလည်း မိုင်းလားတပ်ဖွဲ့မှ ထိန်းသိမ်းထားသည့် ဝ ကူးသန်းရောင်းဝယ်ရေး သမားများ၊ ၎င်းတို့ ကုန်ပစ္စည်းများအားလုံး ဝ တပ်ဖွဲ့မှ ပြန်အပ်ပေးရန် ဦးရှောက်မင်လျှံ ၏ မိုင်းလား ခရီးစဉ်တွင် ညှိနှိုင်းကြခြင်းဖြစ်ကြောင်း ကြားသိရသည် ။


စက်တင်ဘာ ၂၈ ရက် ၂၀၁၆ က မိုင်းလား တပ်ဖွဲ့၏ ခိုဆုန်ဂိတ်စခန်း၊ လွယ်ကျူဆိုင်း၊ လွယ်ဆမ်ဆုန်၊ ကျူမတ်ဖိုင်းဂိတ်စခန်း တို့အား ဝ တပ်ဖွဲ့ အင်အား ၁၀၀၀ ခန့်က ဝင်ရောက် သိမ်းပိုက်သည် ။


ထို့အပြင် ဆီလူး - မိုင်းပေါက် လမ်းမ ပေါ် ရှိ မိုင်းလားတပ်ဖွဲ့၏ ခံတပ်စခန်းနှင့် အပြိင် ဝမ့်ဟုတ်ရွာအတွင်း တွင်လည်း ဝ တပ်ဖွဲ့မှ ဂိတ်စခန်းသစ် တိုးချဲ့ ချထားခဲ့သည်။ နိုဝင်ဘာ ၈ ရက်နေ့က တပ်အင်အား ၃၀၀ ကျော် နှင့် သံချပ်ကာကားများ ပထမ အကြိမ်တပ်ဆုတ်ရာ ယခု ဒီဇင်ဘာ ၁ ရက်နေ့က ဒုတိယ အကြိမ် ဝ တပ်များ မိုင်းလားနယ်မြေမှ ထပ်မံ ဆုတ်သော်လည်း လွယ်ကျူဆိုင်းနှင့် ဝမ့်နောင်ဟုတ်ဂိတ်စခန်း မှာ မူ တပ်ရုပ်ပေးခြင်းမရှိသေးပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates